Posts

Showing posts from 2021

အချစ်ကဗျာ

Image
  အမြဲတမ်း တရက်နိ လမ်းထက်မှာ နာမ်တိ ပြုံနီကတ်တေ။ မိုက်မှောင်ရေ သူ့(မ)အလှနန့် နာမဝိသေသတလုံး ဘေးနားက လမ်းလျှောက်လားခရေ။ နာမ်တိမှာ အပုတ်ခံ အရွိခံ အပြောင်းခံလိုက်ကတ်ရရေ။ နောက်တရက်နိ ကြိယာတလုံး မောင်းချလာပနာ ဝါကျတကြောင်းကိုဖန်တီးရေ။ ဝါကျတကြောင်းချင်းစီက ကိစ္စတခုစီပြောကတ်တေ။ ဥပမာ နာမဝိသေသ လျှောက်လားခရေနိက          မိုက်မိုက်စမ်းစမ်းနန့် မိုးရွာနီကေလေ့ သူ့မျက်နှာထက်က သန့်စင် ချိုမြရေ ရုပ်ချေကို အေ ထိထိရောက်ရောက်ကမ္ဘာစိမ်းမှာ ငါ ပျက်စီးလားရေနိထိ မိလို့ရလီဖို့မဟုတ်ဗျာလ်ဝေ။ မဟုတ်တာ့ “ပြတင်းပေါက်ကို တချက်ချေ ပိတ်ပီးဖို့လား အင်ဒရူး။” မဟုတ်တာ့ ဥပမာ ကျေးဇူးပါဝေ၊အနားက ဘွိုင်လာစက်ရုံကလာရေ အပူကြောင့်နန့် ပြတင်းဘောင်ထက်က ပန်းရောင်ပန်းအိုးက တလောကမှ အဝါဖျော့ပြောင်းလားခစော်။ နွီဦးပေါက်မှာ ဝါကျတိနန့် နာမ်တိက မြက်တောထဲမှာ တိန်းလို့လဲနီကတ်တေ။ အထီးကျန် သဗ္ဗန္ဓတလုံးက ထိုနား ဒေနားကနီ အော်ခေါ်ဖို့ “ပြီးကေ” “ယကေလေ့” ယကေလေ့ နာမဝိသေသက ပေါ်မလာ။ နာမဝိသေသက ဝါကျထဲမှာ ပျောက်လားခပိုင်မျိုး ငါက နင့်မျက်စိတိ နားတိ နှာခေါင်းနန့် လိုင်ခြောင်းထဲမှာ ပျောက်ကျလားခဗျာလ်။ ဘာသာစကား ပျက်စီး...

Confessional Poets: John Berryman

Image
  အိမ်မက်တေးခြင်း ၃၈၅ ကျနော့ သမီးက ပိုလို့လီးရေ။ပေါ့ရေ အရွက်တိက ပျံနီကတ်တေ။ နီရာတိုင်းမှာ ဧရာမပမာဏနန့် ကြက်ဆင်တိ သီနီလီကတ်ဖို့။ ပြီးကေ အရာငှက်တိ၊သူရို့ အတောင်ပံတိအားလုံး။ သူရို့ တခါလေ့ ကောင်းကောင်းမပျံခကတ်။ သူရို့ ပျံချင်ခကတ်ယင့်လား။ ကျနော် သိသင့်ရေ။အဝီးတနီရာရာမှာ  အေပိုင်စော်တိကို တခါက ကျနော်သိခပါရေ။ မဟုတ်တာ့ ရပ်ဖ်ဟော့ဆန်က ယင်းခါက သိခရေ မဟုတ်တာ့ (ခုထိ)သိရေ။ ယင်းတိုင်သျှင် သီဗျာလ်၊ အဲလိယော့ ချီးမွမ်းခရေလူ။ ကျနော်ချီးမွမ်းစော်က နောက်ကလိုက်စော်ပါရာ ကောင်းနောက်ကျပြီးမှလေ့ စီးလာစော်ပါရာ။ ရွက်ကြွီရာသီက ဆွေးကောင်းထမန့် တချက်ချေ။ မျက်လုံးတိနောက်က မျက်ရည်တိ ကြွီကျမတတ်။ ရွက်ကြွီရာသီက ဆုလဒ်တခုပိုင် ကျနော်ဘား ရောက်လတ်စော် ကျနော်ရို့ ကြမ္မာဘားကို (လားဖို့)ကျနော်ရို့ကိုနိုးဆော်ဖို့အတွက်။ ကျနော့်အိမ်က ပျိုင်စီပျိုင်ထောင်၊ အလှပလှ ပျင်ထားစော် ငါရို့ပိုင်မဟုတ်။ ကျနော့အိမ်က ဟန်နရီထက်အိုဗျာလ် ဆိုစော်က အင်တန် အိုဗျာလ် ကိစ္စတိနန့် ဝိဉာဉ်ကြားမှာ ကြားမြီ ဟိခကေ ဖြစ်ဖြစ် အာကာက ပင်လယ်နန့် ပိုလို့ ဆင်ခကေ ဖြစ်ဖြစ် ကျနော့်သမီးကို ကျနော် ဟောက်လီရဖို့မဟုတ်။ Dream Song 385 by John Berryman Dream Songs sequen...

ရွင် ပတ်ဂျတ် ကဗျာတိ ၂

Image
Ron Padgett ကဗျာဆိုစော် တနည်းအားဖြင့် လိုင်းအစု။ဆိုကေ အခြေခံကျရေ လိုင်းတိကို ကစပ်ကြည့်ကတ်ဖို့ကာ။ လိုင်းပြတ် လိုင်းတန့် တိ နန့် ရွင်ပတ်ဂျပ် Ron Padgett ကဗျာအတိုဆကေ ကဗျာ ငါက အိမ်ထဲမှာ။ အပြင်မှာ သာသာယာယာ။နှင်း အီးအီးထက်မှာ နီနွီးနွီး။ နွီဦးပထမဆုံးရက် မဟူတ်ကေ ဆောင်းနှောင်းနောက်ဆုံးရက်။ ငါ့ခြီထောက်တိ ပြီးဆင်းရေ လှီကားထစ်ကနီ ပြီးကေ တံခါး အပြင်သို့၊ငါ့ အထက်ပိုင်း ထက်ဝက်က အေမှာ စာရိုက်နီရေ။ Poem အချစ်အချက်တော် နင့်အတွက် ညစာကို ငါ ချက်ပီးမေနန်း ထိုင်လိုက် ပြီးကေ ချွတ်လိုက် နင့်ဖိနပ်ကို ပြီးကေ ခြီစွပ်ကို ပြီးကေ အရာ နင့်အဝတ်တိကိုပါလေ၊ဒေကရီ*တခွက်သောက် တေးခြင်းဖွင့် ပြီးကေ က အိပ်ကို ပတ်ပနာ၊အတွင်းမှာ အပြင်မှာ၊ အချိန်က ညဥ့် ပြီးကေ အိမ်နားပါးချင်းတိ အိပ်နီကတ်ဗျာလ်၊ယင်းပေါတာတိ ၊ပြီးကေ ကြယ်တိက ထိန်လို့ လင်းနီရေ၊ မီးဖိုကို ငါမီးဖွင့်လိုက်ဗျာလ် နင့်အတွက်၊မွတ်နီစော်ချေ နင့်အတွက်။ The Love Cook *daiquiri ကော့တေးတမျိုး ဖြတ်ထားရေ အရိပ်တိ ငါရို့ရောင်းရေ ဖြတ်ထားရေ အရိပ်တိကို ဝင်လတ်ပနာ ငါရို့ကိုကြည့် နင်ဝယ်လို့ရရေ ဇာချင့်မှာ ဖြတ်ထားရေ အရိပ်ကိုမဆို ပန်းတပွင့်လား ယေမှာ နင်ရဖို့ ဖြတ်ထားရေပန်းတပွင့်မှာ အရိပ်ကို Cut...

တဒ် ဘယ်ရီဂန် ဆကေ

Image
  အနာဂတ်က လူတိ အဝေး အနာဂတ်ကလူတိ မင်းရို့ အေကဗျာတိကို ဖတ်နီကတ်ခါ အတွက်ရ အေကဗျာတိကို မင်းရို့ ရီးခစော်မဟုတ် ငါရီးခစော် people of future အခု ငါက ရပ်ရွာ ဗိသုကာထဲက အစိတ်အပိုင်းတခု ဆောက်ရဖို့ ဖြစ်လို့ အဆောက်ခံထားရရုံ By Now Ted Berrigan ကြေးနန်း ဂျက် ကီရောက်အတွက် တာ့ တာ ဂျက် တနားနီကေတွိကတ်မေ Telegram ဘီးစက်ဝန်းမှာ အပြည့်နန့် စားပွဲထိုးမိန်းမက မီးရေ “ကော်ဖီ အရာယူပါဖို့သိလား’ မီးခွန်းကြောင့် အံ့အားသင့်ပနာ ငါ တနားကြာ စက္ကန့်လောက် “ဟုတ် ယူပါဖို့” ငါ သူ့ကို ကမ်းပီးလိုက်တေ ခွက်အလွတ်ကို “ကျေးဇူးပါ” လတ် သူက။ ရပါရေ။ in the Wheel ရုပ်လွန်ကဗျာ ၄ ပုဒ် “မီးရထားဌာနမှာ အလုပ်တခုရ” “ငါ့ကို ဖေ့ချာ ဆကေချီး” “ဆီးလုံး ဆကေ ဝယ်ရဖို့ ငါ” “ယေကေ ငါ ဂျွန် အက်ရှ်ဘယ်ရီကို နားလည်နိုင်ရေ” 4 metaphysical poems

တဒ် ဘယ်ရီဂန်

Image
  Ted Berrigan စစ်ဆန့်ကျင်ကဗျာ နယူးယီးယား အကြိုရက်၊ ၁၉၆၈ ဆုံးဖြတ်ချက် ထွက်ရဖို့ အချိန်။ အန်ဂျယ်ဘာ့ ဟင်ပါဒင့်*ကို ငါမကြိုက်။ အင်ခရေဒီဘယ် စထရင်းဘန်းကို ငါချစ်တေ။ စစ်က ဆက်ဖြစ်နီရေ ပြီးကေ စစ်က လဝရာ။ မင်းကိုငါ ဒီဇင်ဘာတေးခြင်းတပုဒ်ဆိုပြဖို့။ အေနိညဥ့်အိုင်အိုဝါစီးတီးမှာ သုညအောက် ၅ ဒီဂရီ။ အေနှစ် နွီးနွီးထွီးထွီးအခန်းတခန်း ငါတွိထားခလို့ လုံးချင်းထဲ နီလို့ရပနာ တခါလေ့ တိုက်နီဖို့မလို။ ယင်းအခန်းထဲမှာ ငါမနီခ။ သီစော်အကြောင်း ငါ ကောင်းအများကြီးစဥ်းစားခရေ ပြီကေ ထားလိုက်ပါဝေ လို့ပြောခရေ။ AntiWar Poem Ted Berrigan *Engelberg Humperdinck a British Pop Singer **The Incredible String Band a British Psychedelic band တနင်္ဂနွီမိုးထ ၁ အချက်အလက်တခု ကြောင်တ​ကောင်ကို အခါ ၁၀၀၀၀၀၀ပွတ်ကေ ကမ္ဘာမှာ အကြီးဆုံး အမေရီကန် အလံကို တမီနိလောက် လင်းအောင်ပျင်နိုင်ရေ လျှပ်စစ်စွမ်းအားကို ထုတ်နိုင်ဖို့ ၂ လုံးဝအပြောင်းအလဲ အယင်ခေတ်တိမှာ အိမ်ထောင်ရေးဖောက်ပြန်ရေ လူတိကို ကျောက်ခဲပစ်သတ်ကတ်တေ ခုခေတ်မှာကျကေ အကြီးအကျယ် စိတ်ပျက်ဖို့ကောင်းစော်တခုရာ ၃ မွန်ဂိုးလီးယား ဝက်အူချောင်း အဓိပ္ပါယ်သတ်မှတ်ချက်အရ စတော်ကိန် အရှည်တဖက် ယင်းချင့်မှာ ချီး...

New York School of Poets

 နျူးယော့ကျောင်းတော်သားတိ                 နျူးယော့စကူးဆိုစော်က ၁၉၅၀ကျော် ၆၀ကျော်ကာလကစပနာ နျူးယော့မြို့မှာ နီခ၊အလုပ်လုပ်ခကတ်တေAbstractExpressionismပန်းချီဆရာတိနန့်  ကဗျာဆရာအုပ်စုချေလို့ အလွယ်ဆိုရဖို့ထင်ပါရေ။အဖွဲ့အစည်းတခု ဆိုစော်ထက် ပန်းချီကဗျာအသိုင်းအဝိုင်းတခုဆိုရပါဖို့။              NYSကဗျာဆရာတိက ​ထုကြီးရေ၊လေးနက်လွန်းရေ မော်ဒန်ကဗျာတိ High Modernism ကနီ ဖောက်ထွက်လာကတ်တေ အုပ်စုဆိုရဖို့။ဉာဏ်ကစပ်တေ၊မြို့ပြဆန်ရေ၊ စကားပြောဆန်ရေ စတိုင်တိနန့် နိစိုင်ဘဝပေါ့ပေါ့ပါးပါးတိကို အစပိုင်းမှာ များကာရီးခကတ်တေ။တယောက်နန့်တယောက်နန့် ကြားမှာ စတိုင်ကွဲကတ်စော်တိတော့ခါ ဟိရေ။သူရို့နန့် ခေတ်ပြိုင်နီးပါးဖြစ်တေ Beatတိနန့် မတူစော်က နိုင်ငံရေးနန့် အဝီးမှာနီကတ်စော်လို့ဆိုပါရေ။            သူရို့အသိုင်းအဝိုင်း ကျဥ်းကျဥ်းချေကိုအခြေခံပနာ ကဗျာတိဖွဲ့ကတ်စော်တိလေ့ ဟိရေ။ အထူးသဖြင့် Frank O' Hara ရီးရေ ကဗျာတိကိုဆိုကေ နောက်ပိုင်းမှာ  Poetics of Coeterie ဆိုပနာလေ့လာကတ်တုန်းသိဆိုပါရေ။       ...

ဖရန့်အိုဟာရာ ၂

 ရုပ်လွန်ကဗျာ မင်း ဇာအချိန်လားချင်လေ ငါ ယင်းကိုလားချင်ယင့်လားလေ့ မသေချာ မင်း ဇာနီရာကိုလားချင်လေ ဇာနီရာပင်ဆိုဆိုဝေ အရာဇာနီရာမှာပင်မဆို ငါ ပြိုကွဲလားလီဖို့လို့ ငါ ထင်ရေ ဟုတ်ဗျာလ်  မင်းက အဂင့် ဆန္ဒဟိကေ ငါ လားပါမေ ငါ ကောင်းဂရုစိုက်စော်မဟုတ်ဝေး ယေလေ့ အရာဇာနီရာမှာပင်မဆို မင်း ပြိုကွဲလားလီဖို့လေ ငါ အိမ်ကိုရာ လားလို့လေ့ ရရေ ယင်းကိုလားဖို့အတွက် ငါမှာ အဂင့်ပြသနာမဟိပါဝေ ယေလေ့ ယင်းကိုလားဖို့ မင်းကို ငါ အားနန့်မပြောချင် မင်းငါ့ကို အားနန့်ပြောစော်ကမဟုတ်ပါကာ ငါ ခုချက်ချင်းလားဖို့ဗျာလ်ဒေ ငါ ဇာနီရာမှာလေ့ အကြာကြီးနီနိုင်ဖို့မဟုတ်ဝေ အပါးက တနီရာရာကို ငါရို့လားလို့လေ့ ရရေဝေါ် ငါ ဂျတ်ကတ်မဝတ်ထား မင်း လိုင်စည်းလေ့မဝတ်ထားပိုင်ဗျာလ်ယေ ဟုတ်ဗျာလ် ငါရို့ လားကတ်ရဖို့လို့ ငါမပြောနန် မင်းဝတ်ထားလာ မဝတ်ထားလာ ငါ ဂရုမစိုက် ငါရို့ တခုကိုလေ့ အဂင့်ဂင့်လုပ်ဖို့တော့ မလိုနန် ယကေ ကောင်းဗျာလ် မလုပ်ကေ့ဖိ အိုကေ ငါ ဖုန်းဆက်လိုက်မေ အေ ဆက်လိုက် metaphysical poem by frank o hara

ဖရန့်အိုဟာရာ ၁

 စီစဥ်ထားရေ အတိုင်း ပထမဆုံး ဗော်ဒကာတခွက်ကို သောက်ပြီးလားခကေ ဘဝနန့်ပတ်သက်လို့ ဇာချင့်ကိုမဆို မင်းလက်ခံနိုင်လားခဗျာယ် မင်းကိုယ်တိုင်၏ ပဟေဠိဆန်မှုကိုပင်ယေ ခြုပ်မီးဆွဲတဗူးက မညင်းရောင်နန့်အညိုရောင်ဖြစ်စော်ကို လာပတီး*လို့ခေါ်စော်ကို ဆွီဒင်ကနီလာစော်ကို ကောင်းရေလို့ မင်းထင်ရေ ယင်းချင့်တိက မင်းသိရေ စကားလုံးတိကို ယင်းချင့်က မင်းသိသမျှစကုန်ဗျာလ် စကားလုံးတိကိုရာလေ သူရို့ခံစားချက်တိကိုမဟုတ် သူရို့ဇာအဓိပ္ပါယ်လေ ဆိုစော်ကိုက မဟုတ် ပြီးကေ မင်းရီးရေ  ယင်းချင့်တိကို မင်းသိလို့လေ ယင်းချင့်တိကို နားလည်လို့ကမဟုတ် မင်းနားမလည်လို့ မင်းကဖျင်းရေ ပျင်းရေ တခါလေ့ ကြီးကျယ်လီဖို့မဟုတ် ယေလေ့ မင်းသိစော်ကို မင်းလုပ်တေလေ အရာဇာဟိသိလို့လဲ as planned frank o' hara *La Petite

နော့သ်*ခြံ

တနီနီရာက တယောက်ယောက်က နင့်ဘားကို အသဲအသန်လာနီဗျာလ်။ မယုံနိုင်လောက်တေ အလျင်နှုန်းနန့် ညဥ့်မအား ရက်မနားလာနီဗျာလ်၊ နှင်းမုန်တိုင်းတိနန့် အပူကန္တာရကို ဖြတ်လို့ ရီစီးကြမ်းတိနန့် တောင်ကျိုင်ကြားတိကို ဖြတ်လို့။ ယေလေ့ နင့်ကို ဇာမှာရှာရဖို့ သူသိလီဖို့လား၊ တွိဗျာလ်ဆိုကေက နင်မှန်းသိလီပါဖို့လား၊ နင့်အတွက် သူ့မှာပါလာစော်ကို နင့်ကို ပီးလီပါဖို့လား။ အေမှာက တခုလေ့ မပေါက်သလောက်ဗျာလ်၊ ယေလေ့ ကျီတိမှာ အစားအစာတိ ဝှန်တက်နီရေ၊ အစားအစာအိတ်တိက ခေါင်ပုပ်အထိပုံနီရေ။ ချောင်းချေတိက အချိုဓါတ်နန့်စီးနီပနာ ငါးတိကို ဝတုတ်အောင်ပျင်ရေ။ အာကာက ငှက်တိနန့်မိုက်နီရေ။ ညဥ့်ခါသား နို့တဟင်းဇား ခင်းပီးရုံနန့် လုံလောက်လီပါဖို့လား။ သူ့အကြောင်းကို ငါရို့ တခါတလီစဉ်းစားကတ်ရုံ တခါတလီပါ ရက်ပြတ်ရက်ပြတ်ပါ  ဒွိဟခံစားချက်တိနန့်စဥ်းစားကတ်ရုံနန့် လုံလောက်လီပါဖို့လား။ At North Farm John Ashbery * North farm ဆိုရေ နာမည်က ဖင်လန် ဒဏ္ဍာရီ တခုထဲက နီရာတခုကို ညွှန်းစော်ဖြစ်နိုင်ရေ ဆိုပနာပြောကတ်တေ အေချင့်ကို မသိကေလေ့ အေကဗျာကို ဆက်ဖတ်ဖို့ အနှောင့်အယှက်မဖြစ်ထင်ပါရေ သာမန် စိုက်ပျိုးရေးခြံတခြံဆိုပနာ ထားလိုက်လို့လေ့ ရဖို့ထင်ပါရေ AB ကဗျာအင်တန်များများမှာ...

ဂျွင် အက်ရှ်ဘယ်ရီ ၉

 လူမဲ မင်းသား  တောထဲက ခြီသံတသံ ဟိလီဖို့ မဟုတ်တာ့ ကြွက်ဘုရင်ကြီးဘားက ဒိတ်အောက်နီရေ ရုံးစာတစောင် ဟိလီဖို့ နယ်စပ်ကို ပြန်လတ်ဖိ၊အားလုံးကို ခွင့်လွတ်တေလို့ (ယင်းစာမှာ) ပြောထားရေ။  ယေလေ့ မြီပုံမှာမပါရေ ကျွန်းချေတကျွန်းက ကမ်းခြီထက်မှာ  ဗစမ်းဗရမ်း​တိပြောယင်းနန့် သူက လမ်းပျောက်နီရေ။ သူ့အမူအယာတိနန့် စကားကို တွဲလို့ကြည့်ကေတော့ခါ အဓိပ္ပာယ်အပြည့်အဝပေါ်ပါရေ။ လီက ယင်းနှစ်ခုကို ကွဲလားအောင် တိုက်ပလိုက်ခါမှရာ ယင်းချင့်တိက အရာမရောက်ဖြစ်လားစော်၊တချို့ရို့အတွက်ရာ အရာရောက်တေ ဖြစ်လားစော်။  The Black Prince by John Ashbery            1950 60 လောက်ကဆိုကေ Blackတိက အမေရိကန်မှာ marginalizedဖြစ်တုန်း။ ဆိုကေ အေ Blackက  အပယ်ခံကို ညွှန်းလာ။            F T Prince က တောင်အာဖရိကက ကဗျာဆရာ။လူဖြူ အာဖရိကန်ရာ။Soldiers Bathing ဆိုရေ သူ့ကဗျာတပုဒ်ကိုရာ လူတိက အမှတ်တရဟိကတ်စော်များရေ အရာသူ့ကဗျာတိက ကောင်းအတူးမခံကတ်လို့ဆိုရေ။ အေချင့်ကတော့ခါ ဝေဖန်ရေးတိက တဆင့်သိရစော်တိပါရာ။ယင်းချင့်တိကို မသိကေလေ့ အေကဗျာကို ဆက်ဖတ်လို့ ရရေထင်ပါရေ။     ...

ဂျွင် အက်ရှ်ဘယ်ရီ ၈

 ဘဝက အိမ်မက်တခု ကိုယ့်ဖို့ကိုယ် ဖြစ်မြောက်အောင် လုပ်နိုင်ရေအရည်အချင်းတခုက မင်းကို အဝီးဆုံး ရောက်စီကေ သစ်ဆိုင်ဘေးက နီရာအလွတ်လောက်ဆီဗျာလ်။ယေမှာ သူရို့မှာ နာမည်ခေါ်စာရင်းဟိရေ။ ငါ့နာမည်က အေ A နန့်စရေ ဆိုခါ ပထမဆုံး အအော်ခေါ်ခံရဖို့ထဲက တယောက်ပါ့ယေ။ ငါက ဇာမှာ ရပ်ရဖို့လဲကို မှန်းမကျနိုင်တုန်းသိ။ယင်း အရာသုံးယောက် လေးယောက် အုပ်စုက လိုင်းအစ မသေလာ။ ငါ စူးစမ်းလို့သိဖို့ပင် မရလိုက်ခင် ကြွက်နန့်တူရေ လူတယောက်က ငါ့ပခုံးတိကို လာတိုးရေ။ "ယင်းလမ်းဝေး" မာန်ပါသံနန့်ပြောရေ။ "သူရို့ မင်းကို ကျောင်းမှာ တခုလေ့ မသင်ပီးခကတ်လား။ဇာချင့် ဓါတ်ပုံမဆို အဂင့်ဖြစ်နိုင်ရေ၊  မဖြစ်ချင်လေ့ မဖြစ်ဆိုစော်ကို။မီးဖိုထောင့်၊ နီဝင်ခါနီးအချိန်မှာ မှက်ကောင်ချေ တအုပ်။" နောက်ခါ ပိုသိလာဖို့ အခွင့်အလမ်းဟိရေ ဆိုစော်ကို ငါ သိပါရေ။လောလောဆယ် လိုလာနီစော်က စောင့်ဖို့စော်ဗျာလ်။ ဘဝက ဇာချင့်မဆို ဖြစ်နိုင်ရေဆိုစော် မှန်ပါရေ။ယလေ့ တချို့စော်တိက လုံးဝ ဘဝမဟုတ်စော်သေချာရေ။ ဥပမာ   ဆက်ဟိနီဖို့ ရည်ရွယ်ထားပိုင်မျိုးနန့် ငါ့ လက်ထဲကို စိတ်ချလက်ချ ချောသွင်းလာရေ ဒေလက်အိတ်စွပ်ထားရေလက်ပါ့ ။ Life is a Dream by John Ashbery ၁ အက်ရှ်ဘယ်ရီ အသက် ၇...

ဂျွင် အက်ရှ်ဘယ်ရီ ၇

 "အေချင့်ဖြစ်ဖို့အတွက်က ဝထုပြောသားကို ငါရို့ယုံကတ်ရဖို့" သူ တခုခု ဝါ အများကြီးကို ပြောနီရေ ဆိုစော်ကို ယုံကတ်ရဖို့   သတိထားပနာ စောင့်ကြည့်ကတ်ရဖို့ မဟုတ်စော်တိရာ ဆိုကေတော့ခါ မဟုတ်စော်တိကိုရာ တွိဖို့ Poetryကို အဓိပ္ပါယ်ဖွင့်စော်တခုက Art of Work of A Poet လတ် အိပ်နီရေ တိရစ္ဆာန်တိ ငါ ယင်းချင့်ကို မိလားခဗျာလ်။ ငါ ယင်းချင့်ကို မိလားခဗျာလ် ဆိုစော်ကိုပင် မိလားခဗျာလ်။ဆိုခါ မင်းဝထုကို ဆက်လို့ရာပြော၊ယေလေ့  အေတခါတော့ အယင်ချက်ပျင်နန်း။ ဆေးရုံတင်စော်တိုင်းက ပျောက်အောင်ကုပီးနီပိုင်မျိုး... ယင်းချင့်အတွက် မင်း ငါ့ကို ကျေးဇူးတင်လို့ရရေ အမှန်က ယင်းချင့်အတွက် မင်း ငါ့ကို ကျေးဇူး နှစ်ထပ်ကွမ်း တင်လို့ရရေ။ ငါရို့ နှစ်ယောက်လုံး ဦးတည်ချက်တူတူ မောင်းနီကတ်စော်ရာ၊ အဂင့်၊မှောင်ပြီးခါ လူတိကို ဒဏ်ခပ်ဖို့အတွက် ပုလိပ်အလုပ် ဇာလောက်လိုလေ။ ညဥ့်၊အိပ်နီရေတိရစ္ဆာန်တိ   ယင်းချင့် အားလုံးကို တင်ယူလားကတ်ဖို့၊ခုချက်ချင်း မဟုတ်ကေ နောက်ခါ။စစ်ဘင်ခရာဝိုင်းက ပြန်စဗျာလ်။ခွန်းမှာ ချိတ်ပရေ ဝထုက ပိုကောင်းဖို့စဗျာလ်။ မျက်လုံးတိထောင့်တိမှာ ရွှေရောင် အလင်းပြောက်တိ။  ယေလေ့ အေချင့် ဖြစ်ဖို့အတွက်က ဝထုပြောသား...

Ron Padgett ကဗျာဆကေ

  အရာတခု အချေခါ သင်ခရေ ဒိုင်မေးယှန်းက သုံးခုဟိရေ၊ အမြင့် အကျယ် အနက်။ ဖိနပ်ဗူး တဗူးပိုင်။ ပြီးကေ နောက်ခါ ကြားမိရေ စတုတ္ထ ဒိုင်မေးယှန်းဟိသိရေ၊  အချိန်။ ပြီးကေ တချို့က ပြောကတ်တေ ငါးခု ခြောက်ခု ခုနှစ်ခု ... ဟိနိုင်ရေ ငါ အလုပ်ကို ခေါက်လိုက်တေ၊ ဘီယာတလုံး နှက်တေ ဘားမှာ။ ငါ ဖန်ခွက်ကို ငုံ့ကြည့်ရေ ပျော်ပိုင်တွိယင့်။ Another One  ငှက်ပြ ာ မင်းမျှော်လင့်နီလို့မရ မင်း လေးနှစ်သားခါ ကြည့်ခရေ အပုံချေစာအုပ်က ငှက်ပြာချေက မင်းအိမ်ကို နို့ပို့လာဖို့လို့။ သူက ကောင်း အိုလားခဗျာလ် အခု၊သူ့အတောင်ပံအောက်မှာ  ယင်းပုလင်းတိကို မသယ်နိုင်ဗျာလ်။ သူ့ကိုဖန်တီးခရေ လန့်ကောင်းထမန့် ဘုရားဘားကို ငိုသံတသံပွင့်ထွက်လာဖို့ တညဉ့်တလီ ဖွင့်တတ်တေ သူ့အရောင်မှိန် နှုတ်သီးနန့် တေးသွားတပုဒ်ကိုပင် သယ်လာဖို့ အနိုင်နိုင်။  ငါက ယင်းငှက်ပြာလို့မထင်ကေ့ မင်းလေ့ ယင်းငှက်ပြာလို့မထင်ကေ့။ သူ့ကို သူဖာသာသူအိုလီပါပတ်စီ၊ အရောင်ဖြာဖြာနန့် ခေါင်းကို မင်းဘက်လှည့်လို့ စာအုပ်တအုပ်ထဲက အကိုင်းတကိုင်းထက်မှာနားနီရေ ငှက်ပြာအစစ်တကောင်ပိုင် သီလီပါပတ်စီ။ Bluebird  ရီဗာဒီ*နောက်ကို လိုက်လို့ ဝမ်းနည်းနီရေ နင့်မျက်နှာကို ငါ တခါလေ့ ပြန်မမ...

ဂျွင် အက်ရှ်ဘယ်ရီ ၆

 ကလေ့မေချေတယောက် စိတ်ကူးတိ "အေပိုင် ကောင်းကောင်းလှနီရေ နိမှာ မင်းဘားကို ငါစာတစောင်ရီးရဖို့ မျှော်စင်ကနီ၊ ပြီးကေ ငါ မရူးဆိုစော်ကို ပြဖို့အတွက်။ လီသပုန်ခဲကို နင်းမိလို့ ငါချော်လဲခစော်ပါရာ ကမ္ဘာရီချိုးဇလားထဲမှာ ငါ မြုပ်ပါလားခရေ။ ငါ့အတွက်နန့် နင် ကောင်းအများကြီးငိုနီဖို့က မတန်ပါဟေ။ အခု ငါ နင့်ကို လားခွင့်ပြုလိုက်ပါဗျာလ်။လက်မှတ်ထိုး၊အပုချေ။" ညခင်းသားနောက်ကျပြီးခါမှ ငါ ဖြတ်လာခခါ အပြုံးက နင့်နှုတ်ခမ်းတိနားမှာ ကစပ်နီတုန်း ရာစုနှစ်ချီလို ဖြစ်ခရေနှုန်း။သူ ရက်ပြတ်သိခပါရေ နှုန်းနှုန်း စိတ်ကြည်နူးလီအောင် ဇာပိုင်နီရဖို့လဲကို။အဝေ ငါ့သမီး ငါ့ အချစ်အသည်း၊သီလားခရေ ငါ့အလုပ်သျှင်မှာသမီး၊ မင်းသမီး။ နင် လမ်းမှာ ကောင်းမကြာလီပါစီကေ့။ Thoughts of A Young A Girl by John Ashbery

ဂျွင် အက်ရှ်ဘယ်ရီ ၅

 ကဗျာက ဇာရောင် အလယ်ခေတ်မြို့၊ နာဂိုယာ°က ကင်းထောက်ကလေချေတိ အရုပ်နန့် ဖောင်းရစ်*လား။  ငါရို့ နှင်းကျစီချင်ခါ ကျလာရေနှင်းလား။ နိမိတ်ပုံ အလှပတိလား။ဒေကဗျာမှာပိုင်  စိတ်ကူးစိတ်သန်းတိကို ယှောင်ဖို့ ကြိုးစားစော်လာ။ ယေလေ့ ငါရို့က ယင်းချင့်တိဘားကို ပြန်လို့စီလားကတ်တေ၊ ဆန္ဒဟိရေ မယားငယ်ကို ထားပစ်ခပနာ အိမ်သျှင်မဘားကို ပြန်လာကတ်ပိုင်မျိုး။ ခု သူရို့ ယုံကတ်ရဖို့ဗျာလ်။ ငါရို့ ယုံကတ်တေပိုင်မျိုး။စာသင်ကျောင်းမှာက  စိတ်ကူးတိအားလုံးကို ဝဖီးချပ်နန့် ခြစ်ချပလိုက်တေ။ ကျန်လို့ဟိခစော်က ပြင်တပြင်ပိုင်။ မင်းမျက်စိတိကို ပိတ်ထားလိုက်၊ မိုင်တာပတ်လည်အတွင်းမှာ  ယင်းချင့်ကို မင်း ခံစားမိလိမေ။ ခုမျက်စိတိဖွင့်ပနာ ဒေါင်လိုက်ကြောင်း မျှင်မျှင်ချေကိုကြည့် ပီးဖို့၊ ဇာကိုလေ ၊ပန်းဆကေချက်ချင်းလား။ What is Poetry by John Ashbery ° နာဂိုယာ Nagoya မော်ဒန်ခေတ်ဦးမှာ အနောက်က အရှိကိုတွိရေဆိုပနာ ဟိုက္ကူတိကို ဘာသာပြန်စော်တိ ယင်းပုံစံနန့်ရီးစာတိ ဟိခစော်နန့် ဆိုင်လာ Ezra Poundရို့ ပြင်သစ် Surrealistတိလေ့ ရီးခရေ Paul Eluardရို့ *Freize ယာယီဘာသာပြန်ပါရာ မူရင်းသဘောက ခမ်းနားမှုပါရေ ရုပ်ထုတိနန့် အလှဆင်ထားရေ ဖောင်းရစ် ...

ကဗျာ Parody

           Parody ဆိုစော် ကျနော်ရို့မှာဆိုကေ ဖျက်ဆိုရေ ဖျက်ရီးရေ ဆိုရဖို့လား။ တယောက်ရီးထား ဖွဲ့ထားစော်ကို အတုလုပ် တူပိုင်လုပ်ပနာ သရော်ရေ သဘောဆိုရဖို့လား။ Willam Carlos Williams က မော်ဒန်ကဗျာဆရာ Modernist Poet၊အနည်းဆုံးပြောလီ ကောင်းလီဆိုရေ Minimalist။         Kenneth Koch က New York Renaissance or Schoolကို ခေါင်းဆောင်ရေ အခန်းကပါခရေလူ။ ပြောစော်ရာ ရီခဲဘူးထဲမှာ ဟိခရေ ဇီးသီးတိကို ငါ စားပစ်ခဗျာလ်ဆိုစော်ကို ယင်းချင့်တိက ဘရိတ်ဖက်အတွက် နင်ချန်ထားစော် ဖြစ်ချင် ဖြစ်ဖို့ ငါ့ကို ခွင့်လွတ်ပါဝေ ယင်းအသီးတိက အရသာဟိရေ ချိုရေနန့် အီးရေနန့် This is just to say by Willam Carlos Williams ---=========== ဝီလျံ ကားလို့စ် ဝီလျံစ် ရီးရေ သိင်းတခုမှာ မျိုးကွဲတိ ၁ လာဖို့ နွီရာသီမှာ နီဖို့အတွက် နင်ထိန်းသိမ်းနီရေ အိမ်ကို ငါ ခွတ်ချပလိုက်ဗျာလ်။ ဆော်ရီပါဝေ။ အချိန်ကလေ့ မိုးထသား၊ငါမှာကလေ့ လုပ်ဖို့တခုလေ့ မဟိ၊ ယင်းအိမ်သစ်သားထုတ်တန်းတိကလေ့ ငါ့ကို သွီးဆောင်နီခစော်ကို။ ၂ ဟော်လီဟော့ပန်းတိကို ကြည့်ပနာ ငါရို့တူတူ ရယ်ခကတ်တေနန်း။ ပြီးကေ ငါ ယင်းအပင်တိကို ဂျီးချွတ်ဆီးနန့် ဖြန်းပစ်လိုက...

ခိုးထားရေ စကားလုံးတိ

ကမ္ဘာစော် လိမ္မော်သီးတလုံးပိုင်အပြာရောင်* မဟုတ် လိမ္မော်သီးက လိမ္မော်ရောင် မဟုတ် ကမ္ဘာသီးက ကမ္ဘာသီးရောင် ကမ္ဘာစော် သရက်သီးတလုံးပိုင် အနီရောင် မဟုတ် သရက်သီးက အစိမ်းရောင် မဟုတ် အဝါရောင် မဟုတ် သရက်သီးက သရက်သီးရောင် ကမ္ဘာစော် ကျားပါးစပ်ထဲက ပင်လယ်ဖျံတကောင်° မဟုတ် သမင်တကောင် မဟုတ် လူတကောင် မဟုတ်လူတယောက် ကမ္ဘာစော် ပြည်ယိုနီရေ နားတဖက် ** မဟုတ် ရောင်နီရေ အူအတက် မဟုတ် ကိုဗစ် နိုင်တိန်း မဟုတ် ကြင်နီရေ ကိုယ်ဝန် ကမ္ဘာစော် ကုန်းထက်ဝက် ရီထက်ဝက် မဟုတ် ဖားတပိုင်း ငါးတပိုင်း မဟုတ် လူတပိုင်း ဘုရားတပိုင်း ကမ္ဘာစော် ဘာသာပြန်ထားရေ ဘော်လုံးတလုံး မဟုတ် ကိုယ်တိုင်ရီး ခရိကတ် မဟုတ် မှီးထားရေ ဘေ့စ်ဘော ကမ္ဘာစော် မျိုးချစ်စိတ်ပြင်းထန်ရေ ဝါးတုတ်တချောင်း မဟုတ် လစ်ဘရယ် မှိုဟင်း မဟုတ် ဒီမိုကရက်တိတ် သင်္ဘောဥ ကမ္ဘာစော် မျိုးစိပ်တိ ရှင်သန်ဖို့ ကြိုးစားမှု မဟုတ် လုလုအောင် မဟုတ် မိထွေးတော် ဂေါတမီ ကမ္ဘာစော် ငါ မဟုတ် စကြဝဠာထဲက ဆန်ကွဲ မဟုတ်  သိမှု မဟုတ် မသိမှု မဟုတ် ဖွဲ * The Earth is Blue Like an Orange Paul Eluard ° Free Union Andre Breton **  Feeling No Pain James Schuyler

ဂျွင် အက်ရှ်ဘယ်ရီ ၄

 ဒေအခန်း ငါဝင်ခရေ အခန်းက ဒေအခန်းမှာ အိမ်မက်တခု။ သေချာရေ၊ဆိုဖါထက်က ယင်းခြီရာတိအားလုံးက ငါ့ခြီရာတိ။ ခွီးတကောင် ဓါတ်ပုံဘဲဥပုံက  ငါ အငယ်ခါကစော်။ တခုခုက တောက်ပနီ၊ တခုခုကို ဖုန်းထားကွယ်ထား။ ငါရို့ နိလည်စာကို နိတိုင်း မက်ခရိုနီစားခကတ်တေ၊ ငါရို့ကို ငုံးချေတကောင် ချော့ကျွေးခကတ်တေ တနင်္ဂနွီနိကလွဲလို့လေ။ အေချင့်တိကို ဇာကျေးဇူးနန့် ငါကမင်းကို ပြောပြနီရစော်လေ။ မင်းက ဒေမှာတောင်မဟိပဲနန့်။ This Room by John Ashbery ကဗျာပိုဒ် Stanzaဆိုစော်ရေ အီတလီစကားလုံး။လုံးကောက်ဆိုကေ Roomအခန်း လို့ဆိုပါရေ။Macaroniက အီတလီအစားအစာတမျိုး။အထက်က Room(Stanza)နန့် ဆက်မိအောင် ထည့်ထားပုံရပါရေ။ ဆိုကေ အက်ရှ်ဘယ်ရီပြောရေ အခန်းရေ ကဗျာ ကဗျာပိုဒ်အဖြစ်ကို ပြောင်းလားပိုင်တွိပါရေ။ သူ့ကဗျာအယူအဆအတိုင်း တခုခုက တောက်ပ တခုခုက ဖုနါးထားကွယ်ထားဆိုစော်ကို ဆက်ရှာရဖို့သဘောလို့ထင်ပါရေ။ ABကို impenetrableလို့ပြောကတ်တေ။ စာချေ ၁၀ကြောင်းလောက်နန့် အုန်းစားခံရစော်လေ့ အရသာတမျိုးမလား။ နိတိုင်းမက်ခရိုနီ ကဗျာတိချည်းဗျာလ်ဖတ်နီကတ်ဖို့လား ယင်းနိက တနင်္ဂနွီနိမှန်း အတွက်ရနီစော် ငုံးသားဖြစ်လို့မလား။ သူက ဇာကျေးဇူးနန့် အေချင့်တိကို ပြောနီ။ ကျနော်ရို့က ဇာကျ...

ဂျွင် အက်ရှ်ဘယ်ရီ ၃

 စိတ်ပူပန်မှု ပြသနာ နှစ်ငါးဆယ်ဟိဗျာလ်ယေ၊ငါ မင်းကို ပြောပြနီခရေ အေ မိုက်မိုက်မှောင်မှောင်မြို့တိမှာ ငါ စလို့နီခစော်။ အေ၊ကောင်းအများကြီးလေ့ မပြောင်းလဲခ။ဒက်ရုံးကနီ ပန်းခြံကို ဇာပိုင်လားရဖို့လဲ ငါ မှန်းလို့မကျနိုင်သိ။ ပန်းသီးပင်တိက ဖာသိဖာသာပန်းပွင့်နီကတ်တေ၊ခိုင်မာရေ ခံယူချက်ကြောင့်တော့မဟုတ်။ပြီးကေ ငါ့ဆံပင်က မှို့စာဖတ်အရောင်။ ဒေကဗျာက မင်းအကြောင်းဆိုပါဖိ၊ ငါ သတိထားပနာ ချန်ပစ်ခစော်တိကို မင်းကဖြည့်ဖို့လား၊ အနာအကြောင်း လိင်အကြောင်း ဖွဲ့နွဲ့စော်တိ၊ ပြီးကေ လူတိက တယောက်ကို တယောက် မရိုးမဖြောင့်ဇာပိုင် လုပ်ကတ်လေဆိုစော်တိကိုပါ့။ မဟုတ်၊ယင်ချင့်တိအားလုံး စာအုပ်တအုပ်အုပ်မှာပါလီဖို့ရာ။မင်းအတွက်  ငါ သီးသန့်ချန်ထားစော်က ကြက်သားဆန်းဝစ်ကို ဖွဲ့နွဲ့စော်တိနန့် ကြီးမီးလင်းဖိုဘောင်ထက်ကနီ ငါ့ကို အံ့အားသင့်ပနာငေးကြည့်နီရေ ဖန်မျက်လုံးရာ၊ပြီးကေ တခါလေ့ စိတ်ကျေနပ်လီဖို့စော်မဟုတ်။ The Problem of Anxiety          အက်ရှ်ဘယ်ရီက တခုခုကိုပြောဖို့ဗျာလ်ပိုင်စီစရေ။နောက်ဖတ်သားမျှော်လင့်ထားစော်တိကို ပြန်ပနာထွီးအောင်စီပျင်ပစ်တေ။ဖတ်သားကို ပါဝင်ခွင့်ပီးရေ။          မျှော်လင...

နာပိုင်မတွိ

နားကို စောင်မပါ ဒေါင်တာ တက်ထြာဆိုင်ကလိန်နန့် နာမည်မပါရေ နားထည့် ဆီး။တရက်ကို သုံးစက်စီ သုံးခါ။ ဒုတိယရိပ်သာလမ်း°အတိုင်း ဘာ့စကာတစီးစားချလာ ငါက ယင်းချင့်ကို နှစ်သံသုံးသံကြား။ ညကညဥ့် ဂျိုး`နန့် ဒပ်ဖ်ဆိုင်´မှာ စားကတ်ခါ ငါ့ခေါင်းကို တဘက်စောင်းထားရရေ၊ ငါ့ ညာဘက်နားကို သူ့စကားသံတိုးတိုးဘားကို ချိန်လို့။ စားပွဲထိုးက ကော်ဖီယူလာခါ အန်နီဆက်* ပါလာလတ်။ ငါက မကြား သူက ဘယ်ဘက်မှာကို ယင်းဘက်နားက ပိတ်နီ နာနီစော်ကို။ နာစော်၊ နာစော်နန့်တူစော် တခုလေ့မဟိ မင်းက ထရံထက်ကိုတက်တေ ထရံက ပြန်ဆင်းလတ်တေ အိပ်ရာထဲဝင် စာဖတ်ဖို့ကြိုးစားရေ။ "အေဆီးတိက အချိန်ယူရဖို့ ထင်ပါရေ"။ နားဆီး အရာထည့်ရဖို့ အရာဆီးတလုံးသောက်ရဖို့ အချိန်ကျဗျာလ်လာ။ တခုပိုင်လေ့မဟုတ်။ သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် ငါ အရာတခါအိပ်ရပါဖို့သိလား။ မိုးထ ၅နာရီ။ကော်ဖီက တစက်စီကျနီ။ စောစောမှိုင်းမှိုင်း ကားလားကားလာ ငါကို စိတ်ခြူအောင်စီပျင်ခစော် ခုက ဒြီဂို ကဖို့စော်ကိုကြိုပိုင် ကြိုနီရယင့်။မိုးထသား  တဟွတ်ဟွတ်နန့် ခြောင်းခြောက်ဆိုးနီဗျာလ်။ အေ အအိပ်မရောက်ညဥ့်တိမှာ သောက်ခရေ ဆီကလိပ်တိကြောင့်။ အေးလေ တယောက်လေ့  ဥသုံပြည့်စုံစော်ကမဟုတ်။ငါ နာပိုင်မတွိ။ Feeling No Pain ...

ဂျွင် အက်ရှ်ဘယ်ရီ ၂

 မျှော်လင့်ထားရေ လူစိမ်း သွီးဥစော်က နောက်ခါ တန့်လားလိမေ။ အခုတော့ နာစော်က ရောင်းလှည့်စော်ကို တချက်တန့်ထားရေ၊ ရက်စွဲအချိန်ကို လူနာအပူချိန်ကို ချမှတ်တေ၊ လူစားထိုးအတွက် မှတ်စုတခုထားပစ်ခရေ။ လခွီး မင်းဇာလုပ်နီရေလို့ ထင်လေ။ငါ ဆိုချင်စော်က.. ထားပါဖိ၊အနည်းပြောလီကောင်းလီ၊ အားလုံးသူ (ယပိုင်)ပြောကတ်တေ။ ငါ အေချင့်ကို စားပွဲခုံမှာတင်ပစ်ခဖို့။ ဘုရားက ပုံစံကို တွိပနာ ဖျက်ပလိုက်လီဖို့။ The Anticipated Stranger John Ashbery

ဂျွင် အက်ရှ်ဘယ်ရီ ၁

 အက်ရှ်ဘယ်ရီက သတင်းစာတိ၊မဂ္ဂဇိင်းတိ၊ဂန္ထဝင်ပန်းချီတိနန့် တခြားအရင်းအမြစ်တိကနီတဆင့် မြင်ရရေ ပဋိပက္ခဆန်ရေ ကမ္ဘာ့မြင်ကွင်းတိကို ထင်သာအောင်ကောက်နှုတ်ပြတတ်တေ။ fr Publishers Weekly Ashbery ကို Difficult Poet လို့ဆိုကတ်တေ။ မှန်းဆရခက်တေ ကဗျာတပုဒ်ကို ရိုးရေ Catalogueနည်းနန့် ဖွဲ့ထားရေထင်ပါရေ။ သူရို့ ဇာလိုချင်ခလေ သူရို့သိခရေ သူရို့အားလုံး သမီးသျှင်မကို နမ်းခကတ်တေ။ သူရို့အားလုံး ရယ်ခကတ်တေ။ သူရို့ ထိုးအာကာသက လာခကတ်တေ။ သူရို့ ညဉ့်ခါလာခကတ်တေ။  သူရို့ မြို့တမြို့ကို လာခကတ်တေ။ သူရို့ အမေရိကကို ဖောက်ခွဲဖို့လာခကတ်တေ။ သူရို့ လာ့စ်ဗေးဂတ်စ်ကို ဓါးမြတိုက်ဖို့ လာခကတ်တေ။ သူရို့ မချစ်ဝံ့ကတ်။  သူရို့ ဘုတ်ဖိနပ်မချွတ်ပဲ သီခကတ်တေ။ သူရို့ မြင်းတိကို သေနတ်နန့်ပစ်ခကတ်တေ၊မဟုတ်လား။  သူရို့ အကြီးအကျယ်ပေါက်တေ။ သူရို့ ငါလိုစော်ကို လုပ်ပီးကတ်တေ။ သူရို့ နှုန်းချင်းထဲပျံခကတ်တေ။ သူရို့ သူ့ကို သေနတ်တလက်ပီးခကတ်တေ။ သူရို့ အိမ်ထောင်ပြုကတ်ရရုံ။ သူရို့ နီခကတ်။သူရို့ ဘဝကို ချစ်ခကတ်တေ။  သူရို့ ညဥ့်မှာနီကတ်တေ။ သူရို့ ညဥ့်မှာမောင်းကတ်တေ။ သူရို့ မစ္စတာနှိုက်ကို သိခကတ်တေ။ သူရို့က ချဲ့လို့ကားလို့ရရေ။  သူရို့ အ...

ဂျော်ဂျီယာ

ငါ အိပ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ ငါ့ ညဥ့်ကို မျှားနန့်ပစ်နီစော်မဟုတ်ပါ ဂျော်ဂျီယာ ငါ စောင့်နီစော်ပါ ဂျော်ဂျီယာ ငါ အတွက်ခံနီစော်ပါ ဂျော်ဂျီယာ မီးက နှင်းပိုင်ဗျာလ်ကာ ဂျော်ဂျီယာ ညဥ့်က ငါ့ အိမ်နားပါးချင်းပါ ဂျော်ဂျီယာ အသံချေတသံချင်းစီကို ငါ နားထောင်နီစော်ပါ ဂျော်ဂျီယာ မီးခိုးက တက်လာပနာ ရွှင့်ပါလားစော်ကို ငါမြင်ပါရေ ဂျော်ဂျီယာ အရိပ်အောက်မှာ ခဲဝါကျားတကောင်ပိုင် ငါ လမ်းလျှောက်နီမိရေ ဂျော်ဂျီယာ ငါ ပြီးနီရေ ဒေမှာ လမ်းတိ မြို့စွန်တိမှာပါ ဂျော်ဂျီယာ ဒေမှာမြို့တမြို့ တူတူဗျာလ် ဒေချင့်ကို ငါ မသိခပါ ဂျော်ဂျီယာ ငါ ဒုန်းစိုင်းနီရေ ဒေမှာ လီပါ ဂျော်ဂျီယာ ပြီးကေ အီးစက်မှုနန့် တိန်းဆိတ်မှုနန့် အကြောက်တရားနန့်ပါ ဂျော်ဂျီယာ ငါ ထွက်ပြီးနီရေ ဂျော်ဂျီယာ ငါ ပြီးနီရေ ဂျော်ဂျီယာ မိုးရိပ်တိက အနိမ့်ချေ သူရို့ပြိုကျဖို့ဗျာလ် ဂျော်ဂျီယာ ငါ့ လက်တိကို ဆန့်ထုတ်လိုက်တေ ဂျော်ဂျီယာ ငါ့မျက်စိတိကို မမိတ်ထားပါ ဂျော်ဂျီယာ ငါ ခေါ်ရေ ဂျော်ဂျီယာ ငါ ငိုရေ ဂျော်ဂျီယာ ငါ ခေါ်ရေ ဂျော်ဂျီယာ ငါ နင့်ကို ခေါ်ရေ ဂျော်ဂျီယာ နင်လာဖို့လား ဂျော်ဂျီယာ ချက်ချင်းပါ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ဂျော်ဂျီယာ ငါ အိပ်နီစော် မဟုတ်ပါ ဂျော်...

Paul Eluard ကဗျာဆကေ

 Curfew ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ တံခါးတိကို စောင့်ကြည့်နီကတ်တေအခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ယင်းသူရို့က ငါရို့ကို အချုပ်ချထားရေအခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ လမ်းတိကို ငါရို့အတွက် ပိတ်ပင်ထားရေဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ မြို့က အိပ်မောကျနီဗျာလ်ဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ သူ(မ)က ဝမ်းဆာ ရီငတ်နီရေ ဆိုခါ  ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က အကာအကွယ်မဟိဖြစ်နီကတ်တေဆိုခါ  ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ညဥ့်က ကျလာဗျာလ်ဆိုခါ ငါရို့ အရာ ဇာပျင်ကတ်ဖို့ ၊ ငါရို့က ချစ်နီကတ်ဗျာလ်ဆိုခါ Liberty  ငါ့ ကျောင်းစာအုပ်တိထက်မှာ ငါ့ စာဖတ်ခုံထက်မှာ အပင်တိထက်မှာ နှင်းသဲပွင့်တိထက်မှာ နင့်နာမည်ကို ငါရီးရေ  ငါဖတ်ခရေ စာမျက်နှာတိထက်မှာ စာရွက်ဖြူတိအားလုံးထက်မှာ ကျောက်တုံး၊သွီး၊စက္ကူမှာဖြစ်ဖြစ် ပြာမှာဖြစ်ဖြစ် နင့်နာမည်ကို ငါရီးရေ  ရွှီပုံရိပ်တိထက်မှာ စစ်သည်ရို့ လက်နက်တိထက်မှာ သျှင်ဘုရင် သရဖူထက်မှာ နင့်နာမည်ကို ငါရီးရေ  ညဉ့်ခါသား အံ့ဩဖို့ကောင်းစော်တိထက်မှာ နိဘက်သား ပေါင်မုန့်အဖြူတိထက်မှာ ဆက်စပ်နီရေ ရာသီဥတုတိထက်မှာ နင့်နာမည်ကို ငါရီးရေ  တောကြီးမျက်မဲနန့် ကန္တာရထက်မှာ အသိုက်တိ...

Vicente Huidobro ကဗျာဆကေ

 Ars Poetica ကဗျာက အခန်းပေါင်းတထောင်ကို ဖွင့်ရေ  သော့တချောင်းနန့်တူပါစီ။ အရွက်တရွက်ကြွီကျ၊ တခုခု အနားကဖြတ်ပျံလား။ မျက်စိနန့် မြင်ရစော်အားလုံး ဖန်တီးထားစော်ဖြစ်ပါစီ၊ နားထောင်သားစိတ်ဝိဉာဉ်က မခွဲနိုင်မခွာနိုင်နန့် ကြက်သီးဖြန်းဖြန်းထနီပါစီ။ ကမ္ဘာသစ်တိကို အိမ်မက်မက်၊ စကားလုံးကို သတိထား။ အသက်ကို မပီးနိုင်ခါ  နာမဝိသေသနက သတ်တေ။ ငါ့ရို့ခန္ဓာတိက အာရုံကြောခေတ်တခေတ်မှာ။ ကြွက်သားတိက တွဲလောင်း  ပြခန်းတခုက အတွက်ရမှု°ပိုင်။ ယေလေ့ အေချင့်နန့်ပတ်သက်ကေ ငါရို့က အားမနည်း။ ရမ္မက်*အစစ်က  ခေါင်းထဲမှာဟိစော်။ အဝေ ကဗျာဆရာရို့ ဇာကျေးဇူးနန့် နှင်းဆီအတွက် တေးခြင်းဆိုနီကတ်လေ။ နင်ရို့ကဗျာမှာ သူ့ကို ပွင့်လာအောင်လုပ်ကတ်။ နီမင်းအောက်က အရာအားလုံးက ငါရို့အတွက်ရာ ဟိနီကတ်စော်။ ကဗျာဆရာဆိုစော် ဘုရားချေတပါး။ °Memory *passion VH က ဗမာပြည်လွတ်လပ်ရေးမရခင် ၂ ရက်အလိုက သီရေ လက်တင်အမေရိက အဟောင်းအဆွီးဖြစ်ပါရေ။ လက်တင်အမေရိက က တမူထူးရေ Surrealism ကိုဦးဆောင်ခရေလူလို့ ဆိုပါရေ။ဖန်ဆင်းခြင်းဝါဒ Creacionismoဆိုပနာ ပျင်ခရေဆိုပါရေ။အေကဗျာရေ ယင်းဝါဒကြေငြာစာတမ်းလို့ ပြောလို့ရရေလို့ ဆိုကတ်တေ။နရူဒါ ပါ့ဇ် မားကပ်စ် ဘော်ရဂဲ မှ အ...

Poete maudit ဘုရားကျိန် ခံရရေ ကဗျာဆရာတိ

                 ၁၉ ရာစု ကုန်ခါနီး ပြင်သစ်ကဗျာဆရာ တချို့ကို စလို့ခေါ်ကတ်တေ အသုံးဆိုရပါဖို့။Alfred de Vigny က ၁၈၃၂ ကရွီးခရေ သူ့ဝတ္ထုတပုဒ်မှာ 'ကဗျာဆရာတိစော် ကမ္ဘာမှာ ဩဇာအာဏာဟိရေ လူတိုင်းဘားမှာ အကျိန်ခံရဖို့ အမျိုးတိ"ဆိုပနာ စလို့ရီးခရေလို့ဆိုပါရေ။ ယေလေ့ အေအသုံးတွင်ကျယ်လာစော်က ၁၈၈၄မှာ Paul Verlaine ရီးခရေ အကျိန်ခံကဗျာဆရာတိဆိုရေ စာအုပ်ချေတအုပ်ကို ထုတ်ပီးခါမှလို့ဆိုပါရေ။ယင်းစာအုပ်မှာ ယင်းခေတ်က ပြင်သစ်ကဗျာဆရာတချို့(Rimbaud,Mallarme,Corbiere)၏ ကဗျာတိကို သူ့ သုံးသပ်ချက်တိ၊ပုဂ္ဂလိကအကြောင်းအရာတိကို အခြီခံပနာရီးခရေဆိုပါရေ။သူကိုယ်တိုင်ရီးရေ ကဗျာဆကေလေ့ ပါခပါရေ။သူရို့ကဗျာသစ်တိ၏ သင်္ကေတ၊နိမ်ိတ်ပုံတိက ဝေဝါး ဖမ်းဆုပ်ရ ခက်လို့ သူရို့ကိုယ့်တိုင်နန့် သူရို့အသိုင်းအဝိုင်းကရာ ယင်းခေတ်က နားလည် လက်ခံနိုင်ခကတ်တေ။ အနုပညာမသိ၊အသိပညာမသိရေ ယင်းခေတ်ဘူဇွာလရတတ်တိ(Bourgeois philistines)က အားပီးရမှန်းမသိ၊အသိအမှတ်ပြုရကတ်မှန်းမသိခကတ်လို့ဆိုပါရေ။                အင်္ဂလိပ်အဘိဓာန်လာမှာ cursed ဆိုစော်ရေ အရည်အသွေးမှန်ကေလေ့ ထိုက်သင့်သလောက် အသိအမှတ...

အလှ

  အို အနိစ္စမျိုးရို့ အကျွန်က ကျောက်တုံး အိမ်မက်တခုပိုင်လှရေ ယောက်ျားတယောက်စီ အလှည့်ကျဒဏ်ရာရခကတ်တေ အကျွန့်ရင်သားက ဒြပ်တခုပိုင် နစ္စမြဲပနာ တိန်းဆိတ်တေ အချစ်တခုကို ကဗျာဆရာဆရာ ခံစားမိအောင်ပျင်ရေ  နားလည်မှုအလွဲခံရရေ စဖင့်ပိုင် အကျွန်က ကောင်းကင်ဘုံမှာ နီထိုင်ရေ နှင်းနှလုံးသားကို ငန်းရို့၏ ဖြူစင်မှုနန့် အကျွန်ပေါင်းပီးရေ  လိုင်းတိကို ရွိအောင်ပျင်ရေ လှုပ်ယှားမှုတိ အားလုံးကို အကျွန်မုန်းရေ အကျွန်က တခါလေ့ မငို အကျွန်က တခါလေ့ မရယ်  ဂုဏ်အမောက်ဆုံး ရုပ်ထိုတိဘားက ငှားလာခပိုင်မျိုး အကျွန့် ကိုယ်ဟန်ပြစော်တိရှိမှာ ရိုးရိုးကုပ်ကုပ်လေ့လာယင်းနန့် ကဗျာဆရာရို့က နိတိရက်တိကို ကုန်ကတ်တေ  အေ ကျိုးနွံရေ ချစ်သူတိကို စိတ်ကူးဆန်းစီဖို့ အားလုံးကို ပိုလို့လှစီရေ မှန်ပြင်ကြိုင်ကြိုင်တိ အကျွန့်မှာ ဟိရေ ဆိုခါလေ အကျွန့် မျက်လုံးတိ၊ထာဝရအလင်းနန့် အကျွန့်မျက်လုံးကျယ်တိ Beauty Charles Baudelaire

SPLEEN

နှင်းဆီတိက အားလုံးအနီ အိုင်ဗီတိက အားလုံးအမဲ အဝေ နင့်မျက်နှာ တချက်အလွှဲမှာ ငါ့ အပူက အညာရီပြန်ပေါက်လာ အာကာက ကောင်းပင် ပြာ ကောင်းပင် နု ပင်လယ်ကလေ့ ကောင်းပင်စိမ်းနန့်   လီမှာကရာ အားပျော့ပျော့နန့် ရက်ရက်စက်စက် နင် ထွက်လားလီဖို့ကို ငါ့မှာ ရက်ပြတ် ကြောက်နီလီရမှန်း နင်ရာသိဖို့ဆိုကေလေ ပြောင်ပြောင်လက်လက် ဟော်လီပင်တိ လင်းလင်းပပ ရွှေတဆုပ်တိ အနားသပ်မဟိရေ ကျွန်းနယ်အကျယ် ငါ ကောင်းပင် ညီးပါရေ  အားလုံးကိုပါဗျာလ်ဝေ နင့်ကိုကလွှဲကေ Paul Verlaine အေကဗျာကို အင်္ဂလိပ်ပြန်စော် အမျိုးမျိုး အများစုက Literal/fidelity ထက် liberal/creative တိများရေ Spleen ဆိုစာလေ့ သရက်ရွက်ဆိုစော်ထက် ကိုယ်ရို့မှာဆိုကေ သည်းခြီနန့် ပိုနီးစပ်ဖို့ ပြင်သစ်စာ ဆကေတတ်မှ အဆင်ပြေဖို့

GREEN

 ဒေမှာ သစ်သီးတိ ပန်းတိ အရွက်တိ အကိုင်းအခက်တိ ဒေမှာ နင့် ယှိုက်ဖိုသံတိအတွက်ရာ ခုန်တတ်တေ ငါ့နှလုံးသား နင့် နှင်းဖြူလက်ချေတိနန့် မဖျက်ခြွီလိုက်ပါကေ့ ငါ့ မျက်နှာငယ်လက်ဆောင်တိက နင့်မျက်လုံးတိအတွက် ပသာဒဖြစ်ပါစီ နှင်းစက်တိအစွတ်ရေဖတ်နန့်ရာသိ ငါ နင့်ဘားကိုလာလတ်စော် ဒေက ငါ့မျက်နှာထက်မှာ အရုဏ်လီက ခဲပစ်ခရေ နှင်းစက်ကို နင် မြင်မလား ငါ့ ပင်းပန်းမှုကို နင့်ခြီတော်ရင်းမှာ လဲခွင့်ပြုပါ ဂုဏ်သရေကို ခွါချခရေ ချစ်ကောင်းထမန့် တဒင်္ဂချေတိကို အိမ်မက်မက်ခွင့်ပြုပါ နောက်ဆုံးအနမ်းတိနန့် ပဲ့တင်ဟပ်နီသိရေ နင့်ရင်သားနုနုတိထက်မှာ  ငါ့ခေါင်းကို မျှိုင်းတင်ထားခွင့်ပြုပါ ဒေမုန်တိုင်းကြီးကို ထွက်လားခွင့်ပြုလိုက်ပါ နင်လေ့ နားနီဗျာလ်ဆိုခါ ငါ့ကိုတချက်ချေတော့ အိပ်ခွင့်ပြုပါဝေ Paul Verlaine

Seize the Day Poetry ပစ္စုပ္ပန်ကို လက်မလွတ်ကေ့ ကဗျာ

           carpe diem ဆိုရေ လက်တင်စကားစုကို 23 BC မှာဟိုးရေ့စ် Horace ရီးရေ တမ်းခြင်းကဗျာစု Odes မှာ စသုံးခပါရေ။ယင်းမတိုင်ခင်ကပင် အေသဘောတရားကတော့ခါ ကဗျာနယ်မှာ ဟိနီပီးသားလို့လေ့ ပြောကတ်ပါရေ။ ကမ္ဘာ့ အစောဆုံးကဗျာတိထဲ တပုဒ် ဖြစ်တေ Gilgamesh မှာတောင်တွိရေ ဆိုပါရေ။          'အေနိကို ခူးဆွတ်ပါ နက်ဖန်ဆိုစော်ကို အတတ်နိုင်ဆုံး အနည်းဆုံး ယုံ/မျှော်" carpe diem, quam minimum credula postero. ဆိုပနာ ဟိုးရေ့စ်ကရီးခပါရေ။          အင်္ဂလိပ်တိက carpe diem ကို seize the day လို့ ဘာသာပြန်ကတ်လေ့ဟိပါရေ။ကိုယ့်စကားနန့် အလွယ်ပြောရဖို့ဆိုကေ အေနိ ကို မလွတ်တန်းအသုံးချကတ် ဆိုစော်မျိုး ပြောရဖို့ထင်ပါရေ။ပစ္စုပ္ပန်ကို တည့်တည့်ရှူ ဆိုစော်မျိုးနန့် ဆင်ပါဖို့။ အတိတ်ကို ဆွေးမနီကေ့ အနာဂတ်ကို တွေးမနီကေ့ ဆိုရေ သဘော။           နောက်ပိုင်းမှာ လက်တင်ကနီ အင်္ဂလိပ်သို့ ဘာသာပြန်အလွဲ ဆိုပနာလေ့ ပြောကတ်စော်တိဟိပါရေ။ carpe ဒါရိုက် အဓိပ္ပာယ်က pick or pluck ခူးရေ ဆွတ်တေ လို့ဆိုပါရေ။အေမှာလေ့ အရာ သဘောကွဲကတ်စော်က မမှည့်ခင် ခူးလား ...

ကမ္ဘာ့နိဂုံး ရတု

ကမ္ဘာ နိဂုံးချုပ်တေနိမှာ ပျားတစ်ကောင်က ကလိုဘာပင်ကို ပတ်လို့ပျံနီရေ ငါးဖောက်သည် တစ်ယောက်က အရောင်တလက်လက် ပိုက်ကို ဖာနီရေ ပျော်ကြီးကျ လင်းပိုင်တိ ပင်လယ်မှာ ခုန်နီကတ်တေ ရီတရှောက်ဘေးမှာ စာစိကေတိ ကစပ်နီကတ်တေ ရက်ပြတ်  ဖြစ်သင့်ရေ အတိုင်းဗျာလ်   မြွီက ရွှီရောင် အရီခွံနန့် ကမ္ဘာ နိဂုံးချုပ်တေနိမှာ မိန်းမတိ ထီးဆောင်းပျာလ် လယ်ပြင်သန်းနီကတ်တေ ယစ်ဖွေတစ်ယောက် မြက်ခင်း အစွန်မှာ အိပ်ငိုက်နီလီရေ ဟင်းသည်တိ လမ်းထက်မှာ အော်ရောင်းနီကတ်တေ ရွက်ဝါလောင်းတစ်စင်း ကျွန်းနားသို့ ပါးလာရေ တယောသံ တစ်သံ လီထဲမှာရွှင့်လို့ ကြယ်ပေါက်ညဉ့် တစ်ညဉ့်သို့ထိ ဆောင်လာရေ လျှပ်စီး နန့် မိုးကြိုးကို မျှော်ခရေလူတိ စိတ်ပျက်လားခကတ်တေ နမိတ်ကြီး နန့် တမန်တော် တံပိုးကို မျှော်ခရေလူတိ  စိတ်ပျက်လားခကတ်တေ ခု ဖြစ်ပျက်နီဗျာလ်  ဆိုစော်ကို မယုံကတ် နီ နန့် လ အထက်မှာ ဟိနီသမျှ ပျားပတုံးတိ နှင်းဆီဘားသို့ ရွာလည်နီသမျှ အချေရဲရဲချေတိ မွီးနီနီသမျှ ခု ဖြစ်ပျက်နီဗျာလ် ဆိုစော် တစ်ယောက်လေ့ မယုံကတ် ခေါင်းဖြူဝါကြီးတစ်လုံးရာ ပရောဖတ်ဖြစ်ဖို့လူ ခုတော့မဖြစ်သိ သူကလေ့ ကောင်းအလုပ်များနီရေ ခရမ်းချိုင်သီးကို စည်းယက်ပင်း တပြတ်ပြတ်ပြောနီရေ ကမ္ဘာမှ...

ယစ်နီ

 ရက်ပြတ် ယစ်နီရဖို့။လုပ်ဖို့ဟိစော်က ယင်းချင့်ဗျာလ်၊တခုထဲသောနည်းလမ်းဗျာလ်ချင့်။မင်းခါးကိုကုန်းပါအောင်၊မြီကို ငုံ့လီအောင်ပျင်ရေ အချိန်ကာလ၏ကြောက်ကောင်းထမန့် အလီးကိုမခံစားမိဖို့ မင်း ရက်ပြတ် မတန့်တန်းယစ်နီရဖို့။ ယေလေ့ ဇာချင့်နန့်လဲ။ ဝိုင်၊ကဗျာ၊သုစရိုက် မင်းခြီစော်နန့်ဗျာလ်ယေ။ယစ်လို့ကတော့ နီရဖို့။ တခါတလီ နန်းတော်လှီကားထစ်ထက်မှာ၊ကျင်းက မြက်တောစိမ်းထက်မှာ မဟုတ်တာ့ ဆွေးဖို့ကောင်းရေ နှုန်းချင်းထဲ မင်းအခန်းထဲမှာ မင်းပြန်ပနာ နိုးလာလတ်ခါ အယစ်လျော့နီ  ပြေနီဗျာလ် ဆိုကေ လီကို၊ လှိုင်းကို ၊ကြယ်ကို၊ငှက်ကို၊နာရီကို၊ပျံနီစော်အားလုံးကို၊ ကြိုင်းနီစော်အားလုံးကို၊လိမ့်နီစော်အားလုံးကို၊ဆိုနီစော်အားလုံးကို၊ ပြောနီစော်အားလုံးကို ဇာအချိန် ဟိဗျာလ်လေမီးကြည့်၊ လီ လှိုင်း ကြယ် ငှက် နာရီရို့က ဖြေကတ်လိမေ "ယစ်ဖို့ အချိန်ကျဗျာလ်၊အချိန်ကာလမှာ အာဇာနည်ကျွန်မဖြစ်လီဖို့ ယစ်နီ၊ရက်ပြတ် ယစ်နီ။ဝိုင်နန့် ဖြစ်ဖြစ် ကဗျာနန့်ဖြစ်ဖြစ် သုစရိုက်နန့်ဖြစ်ဖြစ် မင်းခြီစော်နန့်ဗျာလ်ယေ။ Be Drunk 

အဦးဆုံး သဖန်းသီး

ငါ့ဖယောင်းတိုင်က အဖျားနှစ်ဘက်လုံးက လောင်နီရေ ညဥ့်ခါသားတော့ ခံလီဖို့မဟုတ် အဝေ ငါ့ရန်သူရို့ အဝေး ငါ့မိတ်ဆွေရို့ ယေလေ့ ချစ်ကောင်းထမန့်တော့ လင်းနီရေနန်း First Fig My candle burns at both ends; It will not last the night; But ah, my foes, and oh, my friends– It gives a lovely light. Edna St. Vincent Millay

အေနိ ပြုံးနီရေ ပန်း

အေနိ ပြုံးနီရေ ပန်း နက်ဖန်ခါ သီဖို့ ငါရို့ ဆက်ဟိစီချင်စော်တိ အားလုံး သွီးဆောင်ကတ် ပြီးကေ ပျံလားကတ်တေ ဒေလောကသုခက ဇာလေ ညဥ့်ကို နှပ်တေ လျှပ်စီး ထိန်ပါကေလေ့  တချက်ချေ  သုစရိုက်၊ ဇာပိုင် ပျက်လွယ်လေချင့် မိတ်သဟာယ၊ ဇာပိုင် ယှားလီလေ့ချင့် မိတ္တာ၊ ဂုဏ်မောက်တေ အပူဝေဒနာအတွက် သနားကောင်းထမန့် အပျော်ကိုရာ ဇာပိုင် ပီးလီလေချင့် ယင်းချင့်တိက ချက်ချင်း ပျက်စီးလားကတ်ကေလေ့ သူရို့ဘားက အပျော်နန့် ငါရို့ အပိုင်ဆိုစော်အားလုံး ငါရို့ဘားမှာ ရှင်ခံကျန်ခရေ  အာကာတိက ပြာလွင် တောက်ပနီချိန် ပန်းပွင့်တိက မြူးပျော်နီကတ်ချိန် ပြောင်းလဲတတ်တေ မျက်လုံးတိက ညဥ့်မကျခင် နိဘက်ကို ပျော်အောင်ပျင်နီချိန် ငြိမ်ဆိတ်တေ အချိန်က တိတ်တိတ်ချေ လာနီချိန် အိမ်မက်မက်ဖို့  ပြီးကေ အအိပ်ကနီ နိုးပါလတ်ဖို့ ငိုဖို့။ ရှယ်လီ Carpe diem Seize the Day Poetry 1

တခု​ကျောက်တုံးအတွက်​လေ့ မဟုတ်​တေ သင်္ချိုင်းစာ

 မီဆိုအက် က ငါ့ရွာ၊ ညဥ့်ဆန်​ရေ အသံဝဏ္ဏ သုံးလုံး နီမျက်နှာကို တ၀က်အုပ်ထား​ရေ အရိပ်မျက်နှာဖုံး။ ဖုန်တိမ်တိ လာပနာ ရွာကို စားပစ်​​ကတ်တေ။ ငါက ပြီးလို့လွတ်ခပနာ ကမ္ဘာကိုပတ်လို့လား​ရေ။ စကားလုံးတိက ငါ့အိမ်၊ လီက ငါ့ သင်္ချိုင်းဂူ။ ​အော်တားဗီးယိုး ပါ့ဇ် Epitaph for no stone

လှိုင်းကာကျောက်တုံး

 ၁ ပန်းပွင့် ငိုသံ၊ စူးထစ်၊သွား၊အူသံတိ အသားစား ဗလာနတ္ထိနန့် သူ့ကမောက်ကမ အေပန်းပွင့်ရိုးရိုးချေရှိမှာ ယင်းချင့်အားလုံးပျောက်လားခရေ ၂ သူ(မ) ညဉ့်တိုင်း ရီတွင်းထဲကို သူဆင်းရေ နောက်နိမိုးထတိုင်ကေ ပြန်လို့စီပေါ်လာရေ လက်မောင်းမှာ မြွီအသစ်တကောင်စီနန့် ၃ အတ်ထုပတ်တိ သူဖြစ်နိုင်ခစော်တော့ခါ မဟုတ် သူဖြစ်ခစော်ရာ သူဖြစ်ခစော်က သီပျာလ် ၄ ညဉ့်ခါသား ခေါင်းလောင်းတိ အရိပ်လှိုင်းတိ အကန်းလှိုင်းတိ မီးလောင်နီရေ နဖူးထက်မှာ ငါ့စိတ်ကူး အတွက်ရီ ၅ တံခါးမှာ လူတိ၊ စကားလုံးတိ၊ လူတိ ငါ တွန့်ဆုတ်နီခရေ ထိုးအထက်မှာ လ၊ နှုန်းချင်း ၆ အမြင် ငါ့မျက်စိကို မှိတ်လိုက်တေအခါ ငါ့ကို ငါမြင်ရေ နီရာ ငါ ဟိနီစော်နန့် မဟိနီရေနီရာ ၇ မြင်ကွင်း အတန့်မရ အလုပ်များနီရေ ပိုးကောင်တိ နီရောင် မြင်းတိ မိုးရိပ်အရောင် မြည်းတိ မိုးရိပ်တိ၊ တခုအလီးလေ့ မဟိရေ ကျောက်ဆောင်ကြီးတိ ရွှီမှုန်ကြဲ အာကာတိပိုင် တောင်တိ ချောင်းချေမှာ ရီသောက်နီကတ်တေ အပင်တအုပ် ယေမှာ သူရို့အားလုံး ဟိနီကတ်တေ ယေမှာ ဟိနီရစော်မှာ သာယာလို့ အေမှာ ငါရို့မဟုတ်တေလူတိလေ့ ငါရို့မဟုတ်ပဲနန့် ဒေါသ၊ အမုန်း အစားခံရရေ အချစ် ၊သီမင်းရို့ဘားမှာ ငါရို့အစားခံလို့ ၈ စာမတတ်ပေမတတ် ငါ အာကာကို မျက်နှာမော့ကြ...

ဖောဌဗ္ဗ

 ငါ့ လက်တိ နင့်ဖြစ်မှု လိုက်ကာတိကို ဖွင့်လိုက်တေ ပိုလို့ လင်းကြဲကျအောင် နင့်ကို ဝတ်ပီးရေ နင့်ခန္ဓာ၏ ခန္ဓာတိကို ခွါရေ ငါ့လက်တိ နင့်ခန္ဓာအတွက် အခြားခန္ဓာတစ်ခုကို ဖန်တီးရေ Touch OctavioPaz

ကလေး

 သမီး*ရဲ့ ကြည်လင်တဲ့မျက်လုံးက ​ ခြောက်ပြစ်ကင်း လှပတဲ့ အရာတခု။ အဲမျက်လုံး​လေးကို  အ​ရောင်နဲ့ ဝမ်းဘဲ​တွေနဲ့ အ​မေဖြည့်​ပေးချင်တာ။ တိရစ္ဆာန်ဥယျာဥ် အသစ်  သူတို့ရဲ့ နာမည်​တွေကို သမီးက စွဲ​နေအောင် မှတ်​နေမှာ (နှင်းပန်းဖြူ**၊ မှိုပန်းဖြူ***)  အတွန့်အ​လိပ်တွေမရှိတဲ့ ညှာတံက​လေး​ ရေကန်က​လေး အဲ​မှာ ထင်​နေတဲ့ပုံရိပ်​တွေက ခမ်းနားရမှာ ဂန္ထဝင်ဆန်​နေရမှာ။  ​သောကနဲ့ ဂနာမငြိမ်ဖျစ်ညှစ်​နေတဲ့ ဒီလက်​တွေ ကြယ်​လေးတလုံး​တောင်မရှိတဲ့ ​ဒီ​မှောင်​မှောင်မဲမဲ မျက်နှာကြက်​တွေ ရှိမ​နေသင့်ဘူး​လေ။ ChildBySylviaPlath * မူရင်းမှာYourသားရယ် သမီးရယ်လို့ ​ဖော်ပြမထား **April Snowdrop အဘိဓ္ဓါန်လာမှာ နှင်း​ခေါင်း​လောင်းပန်း အ​နောက်ဘက်အယူမှာ ဒီပန်းကPurity Innocenceစတာ​တွေကို ကိုယ်စားပြုတယ် ဆိုတယ် ***Indian pipes မှိုနွယ်ပန်းတမျိုး ကဗျာရဲ့ အ​မှောင်ခြမ်းက အဲမှာစတယ် ဆိုရမယ် IPကိုGost Plant Corpse Plant လို့လဲ​ခေါ်ကြတယ်

အသီမွီး

အေကဗျာတိ မရှင်ပျာလ် ၊ ဝမ်းနည်းဖို့ကောင်းရေ ဆီးစစ်ချက် သူရို့ ခြီချောင်း လက်ချောင်းချေတိ အင်တန် ဖွံဖြိုးခပျာလ် သူရို့ နဖူးချေတိ ပြည့်တင်းလို့ မောက်နီခပျာလ် အရာလူရို့ပိုင် လမ်းလျှောက်လားခွင့်နန့် လွဲခရကေလေ့ ယေစာရေ အမိအချစ်မဟိလို့တော့ခါ မဟုတ်ပါဝေ သူရို့ ဇာတိဖြစ်လားခလေ အကျွန်နားမလည် ပုံစံ အရေအတွက် အစိတ်အပိုင်းတိုင်း ပုံမှန်ပါရာ စိမ်ရည်ထဲမှာ ကောင်းအလှပချေ ထိုင်နီကတ်တေ သူရို့ ပြုံးကတ် ပြုံးကတ် ပြုံးကတ်တေ  အကျွန့်ကို ပြုံးကတ်တေ ယေလေ့ အဆုတ်တိက ပြည့်ဖောင်းမလာ နှလုံးက စလို့ အလုပ်မလုပ်ခဝေ သူရို့မှာ ဝက်ပယှောင် ငါးပယှောင် အနံအသက်မျို းဟိကေလေ့  သူရို့က ဝက်တိမဟုတ် ငါးလေ့မဟုတ်ပါဝေ သူ့ရို့ အသက်ရှင်ခကေ ပိုကောင်းဖို့ ဟုတ်တေ ရှင်ခရဖို့ သူရို့ ပေါပေါနှမ်းနှမ်းနန့်  ငေးလို့ရာကြည့်နီကတ်တေ ​ယေ​လေ့ သူရို့ကသီခပျာလ် သူရို့အမိ​လေ့ ​သောကဟုန်နန့် သီဖို့မတတ် သူရို့ သူ(မ)အကြောင်းမပြောပြနိုင်ကတ် Sillborn by Sylvia Plath

ပျားသေတ္တာ *ရောက်တေ

အေချင့်ကို အကျွန်မှာထား​စော်၊ ​အေသစ်​သေတ္တာ သန့်သန့်​ချေကို။ ခုံတခုံပိုင် ​လေး​ထောင့်၊ ထမ်းဖို့ပင် လီး​ရေ။ လူမှင်စာ​ချေတ​ယောက် အ​ခေါင်း၊ ​လေး​ထောင့်အ​ချေတ​ယောက် အ​ခေါင်းလို့ အကျွန်ပြောမိလီဖို့၊ ယင်း​သေတ္တာထဲမှာ ​အေပိုင် ကျွကျွဆူသံရာ မဟိခ​ကေ​။  ​သေတ္တာကို ​လက်ခုပ်သီးခပ်ထား​ရရေ၊ အန္တရာယ်များ​ရေ​။ ယင်း​သေတ္တာနန့် အကျွန်တညဥ့်လုံးနီလီရဖို့ ၊ အဝီးက ခွာလို့က​လေ့ မနီနိုင်။ ပြတင်း​ပေါက်တိမပါလို့ အထဲမှာဇာတိဟိလီ​လေ အကျွန်မမြင်ရ။  ဇကာ​ချေတခုရာပါ​ရေ ၊ထွက်​ပေါက်ကမဟိ။  ဇကာနားကို မျက်စိကပ်လို့ကြည့်လိုက်​တေ၊ မိုက်နီ​ရေ မိုက်နီ​ရေနှုန်း။ ပြည်ပကိုပို့ဖို့အတွက် အငယ့်​ချေကျုံ့ထား​ရေ အာဖရိကန်လက်တိ၊ အမဲထက်မှ အမဲဆင့်လို့၊ ​ဒေါသတကြီးနန့် ရပိုင်တွယ်တက်နီကတ်​တေ  အစုလိုက် အကျိုင်လိုက် ခံးစားချက်မျိုး။  သူရို့ကို အကျွန်ဇာပိုင် ရွှတ်ပီးရဖို့။ အရာ​စော်တိအားလုံးထက် အကျွန့်ကို အ​ခြောက်ဆုံးက ဆူသံဗျာလ်။ ဇာတိမှန်းမသိ​ရေ အသံတိ။ ​ရောမသား ​သောင်း​ပြောင်းတကျိုင်ပိုင်၊ လုံးချင်းစီဆို​ကေ အငယ့်​ချေ၊ စုကျလားခ​ကေ​တော့ ဘုရားတရားပျာလ်။  ဒေါသထွက်နီ​ရေ လက်တင် စကားသံကို နားစိုက်​ထောင်ကြည့်​ရေ၊ အကျွန်က ဆီဇာ...

ဌာနီကို စွန့်လို့ခွါရေ

"နင် အေနီရာမှာ နီလို့ ကောင်းရိုင်းပါလတ်ပျာလ်။ နင် အေကထွက်လားသင့်ရေ အချိန်ကျနီပျာလ်။ "လို့ ကျနော့်အမိကပြောရေ။ "ဇာကိုလားရဖို့လဲ ဗန်နီဇွဲလားကိုလာ" "မဟုတ် ဗန်နီဇွဲလားကိုတော့မဟုတ် အခြားတနီရာကို ။ ဗန်နီဇွဲလားကို နင်ခြီချစော်နန့် နင့်ကို ထောင်ထဲကို တန်းလို့ ပို့လိုက်ကတ်လိမေ။ ငါ နင့်အကြောင်းကိုလေ့ သိရေ ဗန်နီဇွဲလားအကြောင်းကိုလေ့ သိရေဟေး မရ အရာတနီရာကိုပို့ရဖို့" "ဟုတ်ပျာလ် ယကေ မေမေရာ စဉ်းစားလို့ ဆုံးဖြတ်လီဖိ" "ငါ ပဏ္ဍိတ်ဘားကို လားလို့ ပြောခီရဖို့ သူက နင့်အဖ သူငယ်ချင်း နင် အေက လားမှရာ ဖြစ်ဖို့ပျာလ် နင်ကောင်းရိုင်းပါလတ်ပျာလ်။" ကျနော့အမိပြောစော် မှန်လီပါဖို့။ အလှပသတိမထားမိကေလေ့ ကျနော် ဆကေရိုင်းပါလတ်စော်တော့ အမှန်။ အရက်ကိုလေ့ ကျွဲရီသောက်ပိုင် သောက်တတ်ပါလတ်တေ။ တခြားစော်တိလေ့ အများကြီးတတ်ပါလတ်တေ။ အရက်က ကာစတင်ရုံးက စသောက်တတ်စော်။ ယင်းမှာက အကြောင်းဆကေဟိစော်နန့် အရက်တိကို သိမ်းလို့ရစော်ကို။ ပထမခါ အရက်နံ့ရကေ ကျနော် ဆကေပျို့ချင်အန်ချင်ပိုင်ဖြစ်တေ။ ယကလေ့ ကျနော်က ကိုယ့်ဖို့အားတင်းရေ။ "အေတောင်ကို ငါကျော်နိုင်ဖို့စော်ရာ ဆီးသောက်ပိုင်သောက်ရဖို့ နှခေါင်းမော့...