ဂျွင် အက်ရှ်ဘယ်ရီ ၃
စိတ်ပူပန်မှု ပြသနာ
နှစ်ငါးဆယ်ဟိဗျာလ်ယေ၊ငါ မင်းကို ပြောပြနီခရေ အေ မိုက်မိုက်မှောင်မှောင်မြို့တိမှာ ငါ စလို့နီခစော်။
အေ၊ကောင်းအများကြီးလေ့ မပြောင်းလဲခ။ဒက်ရုံးကနီ ပန်းခြံကို ဇာပိုင်လားရဖို့လဲ ငါ မှန်းလို့မကျနိုင်သိ။
ပန်းသီးပင်တိက ဖာသိဖာသာပန်းပွင့်နီကတ်တေ၊ခိုင်မာရေ ခံယူချက်ကြောင့်တော့မဟုတ်။ပြီးကေ ငါ့ဆံပင်က မှို့စာဖတ်အရောင်။
ဒေကဗျာက မင်းအကြောင်းဆိုပါဖိ၊ ငါ သတိထားပနာ ချန်ပစ်ခစော်တိကို မင်းကဖြည့်ဖို့လား၊
အနာအကြောင်း လိင်အကြောင်း ဖွဲ့နွဲ့စော်တိ၊ ပြီးကေ လူတိက တယောက်ကို တယောက် မရိုးမဖြောင့်ဇာပိုင် လုပ်ကတ်လေဆိုစော်တိကိုပါ့။
မဟုတ်၊ယင်ချင့်တိအားလုံး စာအုပ်တအုပ်အုပ်မှာပါလီဖို့ရာ။မင်းအတွက်
ငါ သီးသန့်ချန်ထားစော်က ကြက်သားဆန်းဝစ်ကို ဖွဲ့နွဲ့စော်တိနန့် ကြီးမီးလင်းဖိုဘောင်ထက်ကနီ ငါ့ကို အံ့အားသင့်ပနာငေးကြည့်နီရေ ဖန်မျက်လုံးရာ၊ပြီးကေ တခါလေ့ စိတ်ကျေနပ်လီဖို့စော်မဟုတ်။
The Problem of Anxiety
အက်ရှ်ဘယ်ရီက တခုခုကိုပြောဖို့ဗျာလ်ပိုင်စီစရေ။နောက်ဖတ်သားမျှော်လင့်ထားစော်တိကို ပြန်ပနာထွီးအောင်စီပျင်ပစ်တေ။ဖတ်သားကို ပါဝင်ခွင့်ပီးရေ။
မျှော်လင့်ထားရေ အဆုံးသတ်ကိုမပီး။ကဗျာဖတ်တေဆိုစော်လေ့ မြူဖုံးနီရေ တခုခုကို တွိရဖို့လား လိုက်ရှာရစော်မျိုးလား။မြူတောကို ဖြတ်လို့ဝင်လာမိခါမှ ကိုယ်တွိဖို့ထင်ထားစော်က အဂင့်ဟိမနီ၊မဟုတ်တာ့ ကိုယ်မှန်းထား ထင်ထားစော်နန့်လွဲနီစော်မျိုး။ ယေလေ့ အနည်းဆုံးတော့ခါ မြူကြားမှာ အီးမြမှု၊စိတ်ကစပ်စီရေ မှန်းဆမှုတိနန့် သာယာဖို့တော့ ကောင်းရေမလား။ ပန်းဖူးက ကိုယ်မျှော်လင့်ထားပိုင် မဟုတ်ခကေလေ့ ခရီးစိုင်က ရင်ခုန်ဖို့ကောင်းရေမလား။ ဣသကာ Ithakaတိ။လွန်ခရေ ရာစုနှစ်ကပင် Cavafyက ရွီးဖူးရေဝေါ်။
ကဗျာထဲမှာ ဇာကိုရှာလေ။တခြားစော်တိက အရာစာအုပ်တအုပ်မှာပါပါလိမေ၊ ကဗျာမှာ လာရှာမနီကေ့။ အက်ရှ်ဘယ်ရီက ယပိုင်ပြောချင်ရေ ထင်ပါရေ။ကဗျာဆိုစော် ခရီးစိုင်၊ပန်းဖူးကိုလိုချင်ကေ အရာစာအုပ်ဖတ်။
Comments
Post a Comment