Poete maudit ဘုရားကျိန် ခံရရေ ကဗျာဆရာတိ
၁၉ ရာစု ကုန်ခါနီး ပြင်သစ်ကဗျာဆရာ တချို့ကို စလို့ခေါ်ကတ်တေ အသုံးဆိုရပါဖို့။Alfred de Vigny က ၁၈၃၂ ကရွီးခရေ သူ့ဝတ္ထုတပုဒ်မှာ 'ကဗျာဆရာတိစော် ကမ္ဘာမှာ ဩဇာအာဏာဟိရေ လူတိုင်းဘားမှာ အကျိန်ခံရဖို့ အမျိုးတိ"ဆိုပနာ စလို့ရီးခရေလို့ဆိုပါရေ။ ယေလေ့ အေအသုံးတွင်ကျယ်လာစော်က ၁၈၈၄မှာ Paul Verlaine ရီးခရေ အကျိန်ခံကဗျာဆရာတိဆိုရေ စာအုပ်ချေတအုပ်ကို ထုတ်ပီးခါမှလို့ဆိုပါရေ။ယင်းစာအုပ်မှာ ယင်းခေတ်က ပြင်သစ်ကဗျာဆရာတချို့(Rimbaud,Mallarme,Corbiere)၏ ကဗျာတိကို သူ့ သုံးသပ်ချက်တိ၊ပုဂ္ဂလိကအကြောင်းအရာတိကို အခြီခံပနာရီးခရေဆိုပါရေ။သူကိုယ်တိုင်ရီးရေ ကဗျာဆကေလေ့ ပါခပါရေ။သူရို့ကဗျာသစ်တိ၏ သင်္ကေတ၊နိမ်ိတ်ပုံတိက ဝေဝါး ဖမ်းဆုပ်ရ ခက်လို့ သူရို့ကိုယ့်တိုင်နန့် သူရို့အသိုင်းအဝိုင်းကရာ ယင်းခေတ်က နားလည် လက်ခံနိုင်ခကတ်တေ။ အနုပညာမသိ၊အသိပညာမသိရေ ယင်းခေတ်ဘူဇွာလရတတ်တိ(Bourgeois philistines)က အားပီးရမှန်းမသိ၊အသိအမှတ်ပြုရကတ်မှန်းမသိခကတ်လို့ဆိုပါရေ။ အင်္ဂလိပ်အဘိဓာန်လာမှာ cursed ဆိုစော်ရေ အရည်အသွေးမှန်ကေလေ့ ထိုက်သင့်သလောက် အသိအမှတ...