ခရမ်းချိုင်သီး တမ်းခြင်း
ခရမ်းချိုင်သီးလက်သုပ် ရဆီပီ တခုပိုင်လောက် သဘောထားပနာ ဖတ်ကေလေ့ ရဖို့ ကမ္ဘာသစ် ကမ္ဘာဟောင်းကွဲနီရေ စပိန်စကားပြောကမ္ဘာ ကမ္ဘာနီရာ မျိုးစုံက ပြောင်းလာကတ်တေလူတိနန့် တည်ဆောက်ထားရေ လက်တင်အမေရိက ချီလီပြည် ဗဟုယိုင်ကျေးမှုဟာမိုနီ လို့ ငံပြာရည်သမားစိတ်နန့် ဖတ်ချင်ဖတ် ပုံသဏ္ဍာန်အရ တမင် fragmantationပျင်ထားစော် ခရမ်းချိုင်သီး တမ်းခြင်း .......................... လမ်းမှာ ခရမ်းချိုင်သီးတိနန့်အပြည့်၊ မွန်းတည့်၊ ဆောင်းနှောင်း၊ နီရောင်က ခရမ်းချိုင်သီး တလုံးပိုင် နှစ်ခြမ်းခြမ်းလို့၊ သူ့အရည်တိ လမ်းတိတလျှောက် စီးနီရေ။ ဒီဇင်ဘာမှာ၊ အလျော့မပီးပဲနန့်၊ ခရမ်းချိုင်သီး မီးဖိုခန်းသို့ ကျူးကျော်လာ၊ ထမင်းစားချိန်မှာ ဝင်လာ။ အန်ဒမာရီတိထက်မှာ ဖန်ခွက်တိ၊ ထောပတ်ပျာလာတိ၊ ဆားခွက်တိကြားမှာ အီးအီးလူလူ နီရာယူ။ ကိုယ်ပိုင် အလင်းနန့် အရောင်ဖြာလို့ အနုစား မဟာဆန်မှု။ ကံဆိုးစွာနန့် ငါရို့ သူ့ကို သတ်ရဖို့၊ ဓား သက်ဟိအသားထဲသို့ မြုပ်ဝင်၊ ကလီစာ အနီ အီးမြ နီတစင်း၊ လေးလေးနက်နက်၊ မကုန်မခန်း၊ ချီလီက ဟင်းလက်သုတ်တိမှာ နီရာယူ။ ကြက်သွန်နီအကြိုင်နန့် ပျော်ပျော်ရွှင်ရွှင် သူ နှင်းစပ်၊ ပြီးကေ ပေါင်းစည်းမှုကို ဂုဏ်ပြုဖို...