အဝိုင်းခံထားရရေ မြို့က အစီအရင်ခံစာ
အရာလူရို့ပိုင် သေနတ်ကိုင်ပနာ စစ်တိုက်ဖို့
အသက်က ကြီးလားခပျာလ်ဆိုခါ
မှတ်တမ်းတင်သားအဖြစ် အဆင့်နိမ့်ရေတာဝန်
ထောက်ထောက်ညှာညှာနန့် သူရို့ငါ့ကို ပီးခကတ်တေ
အမှန်က အတိအကျဖြစ်ရဖို့မလားယေ
ယေကေလေ့ ငါကမသိလိုက်ပျာလ်
ကျူးကျော်စော်က ဇာ အချိန်က စခလေ
အယင် နှစ်နှစ်ရာကလား
ဒီဇင်ဘာမှာလာ စက်တင်ဘာမှာလာ
မဟုတ်တာ့
ညက အရုဏ်တက်မှာလာ
အချိန်နန့်ဆိုင်ရေ အသိအာရုံပျောက်စော်ကို
ဒေကလူတိ အားလုံး ခံစားနီကတ်ရယင့်
ငါရို့မှာ ကျန်စော်ဆိုလို့
နီရာ နန့် နီရာကို ကပ်ငြိစော်ရာ ဟိပျာလ်
ဘုရားကျောင်း အပြိုအပျက်တိ
ဥယျာဉ် နန့် အိမ်ရို့ ဝိဥာဉ်တိကိုတော့ခါ
ငါရို့ စိုးမိုးထားတုန်းသိ
ဒေ အပျက်အဆီးတိကိုရာ ငါရို့ဆုံးခရကေ
တခုလေ့သော့ ကျန်လီဖို့မဟုတ်ပျာလ်
မပြီးနိုင် မဆုံးနိုင် ငြီးဖို့ကောင်းရေ
အပတ်စဉ်အလိုက် ရစ်သန်နန့် ငါ နိုင်ဆီရီးရေ
တနင်္လာ
ဂိုဒေါင်တိ ပြောင်သလင်းခါ
ကြွက်တစ်ကောင်ရေ ငွေကြေးလည်ပတ်မှု ယူနစ်ဖြစ်လာ
အင်္ဂါ
အသူမှန်းမသိရေ လက်သည်တိဘားမှာ မြို့ဝန်မင်း အသတ်ခံရ
ဗုဒ္ဓူး
အပစ်တန့်ကတ်ဖို့ စေ့စပ်
ရန်သူက ငါရို့ဆက်သားတိကို ဖမ်းထား
ယင်းသူရို့ကို ညှင်းဆဲရေ ဇာ နီရာမှာ ထားလေ ငါရို့မသိရ
ကြာသပတေး
ကုန်သည်ရို့၏ ခြွင်းချက်မဟိ လက်နက်ချဖို့ အကြံ
အပြင်းအထန် ဆွေးနွေကတ်ပြီးခါ
အများစု ဆန္ဒနန့် ပယ်ချ
သောကြာ
ပလိပ်ကပ် စပျာလ်
စနီ
ငါရို့၏ အရှုံးမပီးတန်း ခုခံသူ* အန်အန် *
ကိုယ့်စော်ကို သတ်သီ
တနင်္ဂနွီ
ရီ မဟိပျာလ်
မဟာမိတ်ဂိတ်လို့ခေါ်ရေ အရှိဘက်က ဂိတ်ကို လာတိုက်
ငါရို့ ပြန် တိုက်ထုတ်နိုင်ခ
ဒေချင့်တိ အားလုံးက ငြီးငွေ့ဖို့ကောင်းပါရေ
တစ်ယောက်စိတ်ကိုလေ့ မလှုပ်ယှားစီနိုင်မှန်း ငါသိပါရေ
မှတ်ချက် တခုခုကို ငါယှောင်ရေ
ငါ့ စိတ်ခံစားမှုကို နှောင်းနှောင်းထိန်းပနာ
အချက်အလက်တိကိုရာ ငါ ရီးရေ
ပြည်ပစျီးကွက်ရို့မှာလေ့ ယင်း အချက်အလက်တိကိုရာ
ခြီကတ်သဘောကျကတ်တေ မြင်ယင့်
ယကေလေ့ သေချာရေ ဂုဏ်ယူမှုတခုနန့်
ငါ ကမ္ဘာကြီးကို အသိပီးချင်ရေ
စစ် ကျေးဇူးနန့်
အချေ မျိုးစိတ်သစ်တစ်ခုကို
ငါရို့ ပျိုးထောင်ခကတ်ပျာလ်
ငါရို့အချေတိက ပုံပြင်ဝတ္ထုတိကို မကြိုက်
သတ်တန်းရာ ကစပ်ကတ်တေပျာလ်
နိုးယက်ပင်း အိပ်ယက်ပင်း ခွီးချေ ကြောင်ချေရို့ပိုင်
ပေါင်မုန့်နန့် အရိုးစွပ်ပြုတ်ကိုရာ
အိမ်မက် မက်ကတ်တေပျာလ်
ငါရို့ မသေချာရေ လွတ်လပ်တေနယ်ခြားတလျှောက်က
တပ်စခန်းတိအနား ညဇာသား လမ်းသလားရစော်ကို ငါခြီရေ
မီးရောင်တိအောက်က စစ်သားအုပ်စုတိကိုကြည့်ရေ
ဒရမ်သံ အရိုင်းကျွီးသံတိကို နားထောင်ရေ
ယုံဖို့ပင်မကောင်း မြို့က ကိုယ့်စော်ကိုယ် ခုခံတုန်းသိ
အဝိုင်းခံရစော်က ကောင်းပင်ကြာခပျာလ်
ရန်သူတိက အလှည့်ကျပြောင်းခလီကတ်ဖို့
ငါရို့ကို အမြစ်ဖြုတ်ဖို့ ဆန္ဒက လွဲကေ
အရာတခုကလေ့ သူရို့ကို ညီညွတ်စီစော်က မဟုတ်
ဂေါ့သ်တိ တာတာတိ ဧကရာဇ် တပ်ဖွဲ့ အသွင်ပြောင်း တပ်ရင်းတိ
အသူပင် ယင်းသူရို့ကို ရွီနိုင်ဖို့
ရန်သူရို့ အလံတံခွန် အရောင်တိက
မိုးကုပ်စက်ဝန်းက သစ်တောရို့ပိုင် ပြောင်းလဲနီကတ်တေ
နွီဦးပေါက် ငှက်နုချေ အဝါရောင်ကစပနာ
အနီ ယေကမှတဆင့် အစိမ်း
နောက်ဆုံး ဆောင်းနှောင်းသား အမဲရောင်ထိယေ
ညဇာသားရို့မှာ အချက်အလက် မှတ်ရစော်က အားခါ
ထိုးအယင် ရှိခေတ်က အကြောင်းတိ ကို အတွက်ခံမိရေ
ဥပမာ ပင်လယ်တဖက်က ငါရို့ မိတ်ဆွေတိ အကြောင်း
သူရို့ ရိုးရိုးသားသားနန့် ဂရုဏာထားကတ်စော်မှန်း ငါသိပါရေ
ဂျုံ အဆီ နှစ်သိမ့်မှုနန့် အကြံကောင်းတိ
အိတ်လိုက် ပို့ပီးခကတ်တေ
ဒုတိယမြောက် ပျက်ကပ်ဆိုက်ခါက
မဟာမိတ်ဟောင်း ဖြစ်ခရေ သူရို့ အဖတိက
ငါရို့ကို သစ္စာဖောက်ခကတ်မှန်းတောင်
သူရို့မသိလီကတ်
သူရို့ သားတိက အပြစ်တင်ခံဖို့တော့ခါမထိုက်
ကျေးဇူးရာတင်ထိုက်တေ
ယေနန့် ငါရို့ ကျေးဇူးတင်ကတ်တေ
အဆုံးမဟိ တာရှည်ရေ
အဝိုင်းခံရစော်မျိုးကို သူရို့က မခံစားဖူးလီခ
ကံကြမ္မာဆိုး အသတ်အပုပ်ခံရရေ လူတိက
ရက်ပြတ် လုံးချင်းထဲပျာလ်ရာ
ဒလိုင်းလားမားကို ကာကွယ်လူတိ ကာ့ဒ်လူမျိုးတိ
အာဖဂန်တောင်သားတိ
အခု ငါ ဒေစာကို ရီးနီတုန်းမှာ
ပြေရာ ပြေကြောင်း ဆော်ဩရေလူတိက
ညှိနှိုင်းမရရေ အုပ်စုထက် အသာစီးရနိန်ပျာလ်
သာမန် တွန့်ဆုတ်စိတ် နန့် ကံကြမ္မာ က မရေမရာသိ
သင်ချိုင်းတိက ပိုကျယ်ပါလတ်တေ
ခုခံသား ဦးရေ နည်းပါလတ်တေ
ယေလေ့ ခုခံစော်က ဆက်ဟိနီတုန်း
အဆုံးသတ်တေထိ ဆက်ဟိနီဖို့သိ
မြို့ ကျယှုံးခကေတောင် လူတစ်ယောက်ရာလွတ်ကြည့်
ယင်းလူ
တိုင်းပြည်ကိုစွန့်လို့ လားရေလမ်းတလျှောက်
သူနန့်တူတူ မြို့ကိုပါ ယူလားလီဖို့
သူရေ မြို့ဖြစ်လာလီဖို့စော်ပျာလ်
ငတ်တေမျက်နှာစာ မီးမျက်နှာစာ သီခြင်းမျက်နှာစာ
အားလုံးမှာ အဆိုးဆုံး သစ္စာဖောက်တေ မျက်နှာစာကိုပါ
ငါရို့ ရင်ဆိုင်ခရပျာလ်
သိက္ခာချ မခံခရစော်ဆိုလို့ ငါရို့ အိမ်မက်တိရာ ဟိပျာလ်
Zbigniew Herbert
Report from the besieged City
Comments
Post a Comment