Seize the Day Poetry ပစ္စုပ္ပန်ကို လက်မလွတ်ကေ့ ကဗျာ
carpe diem ဆိုရေ လက်တင်စကားစုကို 23 BC မှာဟိုးရေ့စ် Horace ရီးရေ တမ်းခြင်းကဗျာစု Odes မှာ စသုံးခပါရေ။ယင်းမတိုင်ခင်ကပင် အေသဘောတရားကတော့ခါ ကဗျာနယ်မှာ ဟိနီပီးသားလို့လေ့ ပြောကတ်ပါရေ။ ကမ္ဘာ့ အစောဆုံးကဗျာတိထဲ တပုဒ် ဖြစ်တေ Gilgamesh မှာတောင်တွိရေ ဆိုပါရေ။ 'အေနိကို ခူးဆွတ်ပါ နက်ဖန်ဆိုစော်ကို အတတ်နိုင်ဆုံး အနည်းဆုံး ယုံ/မျှော်" carpe diem, quam minimum credula postero. ဆိုပနာ ဟိုးရေ့စ်ကရီးခပါရေ။ အင်္ဂလိပ်တိက carpe diem ကို seize the day လို့ ဘာသာပြန်ကတ်လေ့ဟိပါရေ။ကိုယ့်စကားနန့် အလွယ်ပြောရဖို့ဆိုကေ အေနိ ကို မလွတ်တန်းအသုံးချကတ် ဆိုစော်မျိုး ပြောရဖို့ထင်ပါရေ။ပစ္စုပ္ပန်ကို တည့်တည့်ရှူ ဆိုစော်မျိုးနန့် ဆင်ပါဖို့။ အတိတ်ကို ဆွေးမနီကေ့ အနာဂတ်ကို တွေးမနီကေ့ ဆိုရေ သဘော။ နောက်ပိုင်းမှာ လက်တင်ကနီ အင်္ဂလိပ်သို့ ဘာသာပြန်အလွဲ ဆိုပနာလေ့ ပြောကတ်စော်တိဟိပါရေ။ carpe ဒါရိုက် အဓိပ္ပာယ်က pick or pluck ခူးရေ ဆွတ်တေ လို့ဆိုပါရေ။အေမှာလေ့ အရာ သဘောကွဲကတ်စော်က မမှည့်ခင် ခူးလား ...