ယစ်နီ

 ရက်ပြတ် ယစ်နီရဖို့။လုပ်ဖို့ဟိစော်က ယင်းချင့်ဗျာလ်၊တခုထဲသောနည်းလမ်းဗျာလ်ချင့်။မင်းခါးကိုကုန်းပါအောင်၊မြီကို ငုံ့လီအောင်ပျင်ရေ အချိန်ကာလ၏ကြောက်ကောင်းထမန့် အလီးကိုမခံစားမိဖို့ မင်း ရက်ပြတ် မတန့်တန်းယစ်နီရဖို့။


ယေလေ့ ဇာချင့်နန့်လဲ။ ဝိုင်၊ကဗျာ၊သုစရိုက် မင်းခြီစော်နန့်ဗျာလ်ယေ။ယစ်လို့ကတော့ နီရဖို့။


တခါတလီ နန်းတော်လှီကားထစ်ထက်မှာ၊ကျင်းက မြက်တောစိမ်းထက်မှာ မဟုတ်တာ့ ဆွေးဖို့ကောင်းရေ နှုန်းချင်းထဲ မင်းအခန်းထဲမှာ မင်းပြန်ပနာ နိုးလာလတ်ခါ အယစ်လျော့နီ  ပြေနီဗျာလ် ဆိုကေ လီကို၊ လှိုင်းကို ၊ကြယ်ကို၊ငှက်ကို၊နာရီကို၊ပျံနီစော်အားလုံးကို၊ ကြိုင်းနီစော်အားလုံးကို၊လိမ့်နီစော်အားလုံးကို၊ဆိုနီစော်အားလုံးကို၊ ပြောနီစော်အားလုံးကို ဇာအချိန် ဟိဗျာလ်လေမီးကြည့်၊ လီ လှိုင်း ကြယ် ငှက် နာရီရို့က ဖြေကတ်လိမေ

"ယစ်ဖို့ အချိန်ကျဗျာလ်၊အချိန်ကာလမှာ အာဇာနည်ကျွန်မဖြစ်လီဖို့ ယစ်နီ၊ရက်ပြတ် ယစ်နီ။ဝိုင်နန့် ဖြစ်ဖြစ် ကဗျာနန့်ဖြစ်ဖြစ် သုစရိုက်နန့်ဖြစ်ဖြစ် မင်းခြီစော်နန့်ဗျာလ်ယေ။


Be Drunk 


Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)