ဂျွင် အက်ရှ်ဘယ်ရီ ၉
လူမဲ မင်းသား တောထဲက ခြီသံတသံ ဟိလီဖို့ မဟုတ်တာ့ ကြွက်ဘုရင်ကြီးဘားက ဒိတ်အောက်နီရေ ရုံးစာတစောင် ဟိလီဖို့ နယ်စပ်ကို ပြန်လတ်ဖိ၊အားလုံးကို ခွင့်လွတ်တေလို့ (ယင်းစာမှာ) ပြောထားရေ။ ယေလေ့ မြီပုံမှာမပါရေ ကျွန်းချေတကျွန်းက ကမ်းခြီထက်မှာ ဗစမ်းဗရမ်းတိပြောယင်းနန့် သူက လမ်းပျောက်နီရေ။ သူ့အမူအယာတိနန့် စကားကို တွဲလို့ကြည့်ကေတော့ခါ အဓိပ္ပာယ်အပြည့်အဝပေါ်ပါရေ။ လီက ယင်းနှစ်ခုကို ကွဲလားအောင် တိုက်ပလိုက်ခါမှရာ ယင်းချင့်တိက အရာမရောက်ဖြစ်လားစော်၊တချို့ရို့အတွက်ရာ အရာရောက်တေ ဖြစ်လားစော်။ The Black Prince by John Ashbery 1950 60 လောက်ကဆိုကေ Blackတိက အမေရိကန်မှာ marginalizedဖြစ်တုန်း။ ဆိုကေ အေ Blackက အပယ်ခံကို ညွှန်းလာ။ F T Prince က တောင်အာဖရိကက ကဗျာဆရာ။လူဖြူ အာဖရိကန်ရာ။Soldiers Bathing ဆိုရေ သူ့ကဗျာတပုဒ်ကိုရာ လူတိက အမှတ်တရဟိကတ်စော်များရေ အရာသူ့ကဗျာတိက ကောင်းအတူးမခံကတ်လို့ဆိုရေ။ အေချင့်ကတော့ခါ ဝေဖန်ရေးတိက တဆင့်သိရစော်တိပါရာ။ယင်းချင့်တိကို မသိကေလေ့ အေကဗျာကို ဆက်ဖတ်လို့ ရရေထင်ပါရေ။ ...