New York School of Poets
နျူးယော့ကျောင်းတော်သားတိ နျူးယော့စကူးဆိုစော်က ၁၉၅၀ကျော် ၆၀ကျော်ကာလကစပနာ နျူးယော့မြို့မှာ နီခ၊အလုပ်လုပ်ခကတ်တေAbstractExpressionismပန်းချီဆရာတိနန့် ကဗျာဆရာအုပ်စုချေလို့ အလွယ်ဆိုရဖို့ထင်ပါရေ။အဖွဲ့အစည်းတခု ဆိုစော်ထက် ပန်းချီကဗျာအသိုင်းအဝိုင်းတခုဆိုရပါဖို့။ NYSကဗျာဆရာတိက ထုကြီးရေ၊လေးနက်လွန်းရေ မော်ဒန်ကဗျာတိ High Modernism ကနီ ဖောက်ထွက်လာကတ်တေ အုပ်စုဆိုရဖို့။ဉာဏ်ကစပ်တေ၊မြို့ပြဆန်ရေ၊ စကားပြောဆန်ရေ စတိုင်တိနန့် နိစိုင်ဘဝပေါ့ပေါ့ပါးပါးတိကို အစပိုင်းမှာ များကာရီးခကတ်တေ။တယောက်နန့်တယောက်နန့် ကြားမှာ စတိုင်ကွဲကတ်စော်တိတော့ခါ ဟိရေ။သူရို့နန့် ခေတ်ပြိုင်နီးပါးဖြစ်တေ Beatတိနန့် မတူစော်က နိုင်ငံရေးနန့် အဝီးမှာနီကတ်စော်လို့ဆိုပါရေ။ သူရို့အသိုင်းအဝိုင်း ကျဥ်းကျဥ်းချေကိုအခြေခံပနာ ကဗျာတိဖွဲ့ကတ်စော်တိလေ့ ဟိရေ။ အထူးသဖြင့် Frank O' Hara ရီးရေ ကဗျာတိကိုဆိုကေ နောက်ပိုင်းမှာ Poetics of Coeterie ဆိုပနာလေ့လာကတ်တုန်းသိဆိုပါရေ။ ...