အလှ
အို အနိစ္စမျိုးရို့ အကျွန်က ကျောက်တုံး အိမ်မက်တခုပိုင်လှရေ ယောက်ျားတယောက်စီ အလှည့်ကျဒဏ်ရာရခကတ်တေ အကျွန့်ရင်သားက ဒြပ်တခုပိုင် နစ္စမြဲပနာ တိန်းဆိတ်တေ အချစ်တခုကို ကဗျာဆရာဆရာ ခံစားမိအောင်ပျင်ရေ နားလည်မှုအလွဲခံရရေ စဖင့်ပိုင် အကျွန်က ကောင်းကင်ဘုံမှာ နီထိုင်ရေ နှင်းနှလုံးသားကို ငန်းရို့၏ ဖြူစင်မှုနန့် အကျွန်ပေါင်းပီးရေ လိုင်းတိကို ရွိအောင်ပျင်ရေ လှုပ်ယှားမှုတိ အားလုံးကို အကျွန်မုန်းရေ အကျွန်က တခါလေ့ မငို အကျွန်က တခါလေ့ မရယ် ဂုဏ်အမောက်ဆုံး ရုပ်ထိုတိဘားက ငှားလာခပိုင်မျိုး အကျွန့် ကိုယ်ဟန်ပြစော်တိရှိမှာ ရိုးရိုးကုပ်ကုပ်လေ့လာယင်းနန့် ကဗျာဆရာရို့က နိတိရက်တိကို ကုန်ကတ်တေ အေ ကျိုးနွံရေ ချစ်သူတိကို စိတ်ကူးဆန်းစီဖို့ အားလုံးကို ပိုလို့လှစီရေ မှန်ပြင်ကြိုင်ကြိုင်တိ အကျွန့်မှာ ဟိရေ ဆိုခါလေ အကျွန့် မျက်လုံးတိ၊ထာဝရအလင်းနန့် အကျွန့်မျက်လုံးကျယ်တိ Beauty Charles Baudelaire