GREEN
ဒေမှာ သစ်သီးတိ ပန်းတိ အရွက်တိ အကိုင်းအခက်တိ ဒေမှာ နင့် ယှိုက်ဖိုသံတိအတွက်ရာ ခုန်တတ်တေ ငါ့နှလုံးသား နင့် နှင်းဖြူလက်ချေတိနန့် မဖျက်ခြွီလိုက်ပါကေ့ ငါ့ မျက်နှာငယ်လက်ဆောင်တိက နင့်မျက်လုံးတိအတွက် ပသာဒဖြစ်ပါစီ နှင်းစက်တိအစွတ်ရေဖတ်နန့်ရာသိ ငါ နင့်ဘားကိုလာလတ်စော် ဒေက ငါ့မျက်နှာထက်မှာ အရုဏ်လီက ခဲပစ်ခရေ နှင်းစက်ကို နင် မြင်မလား ငါ့ ပင်းပန်းမှုကို နင့်ခြီတော်ရင်းမှာ လဲခွင့်ပြုပါ ဂုဏ်သရေကို ခွါချခရေ ချစ်ကောင်းထမန့် တဒင်္ဂချေတိကို အိမ်မက်မက်ခွင့်ပြုပါ နောက်ဆုံးအနမ်းတိနန့် ပဲ့တင်ဟပ်နီသိရေ နင့်ရင်သားနုနုတိထက်မှာ ငါ့ခေါင်းကို မျှိုင်းတင်ထားခွင့်ပြုပါ ဒေမုန်တိုင်းကြီးကို ထွက်လားခွင့်ပြုလိုက်ပါ နင်လေ့ နားနီဗျာလ်ဆိုခါ ငါ့ကိုတချက်ချေတော့ အိပ်ခွင့်ပြုပါဝေ Paul Verlaine