ဂျွင် အက်ရှ်ဘယ်ရီ ၄
ဒေအခန်း ငါဝင်ခရေ အခန်းက ဒေအခန်းမှာ အိမ်မက်တခု။ သေချာရေ၊ဆိုဖါထက်က ယင်းခြီရာတိအားလုံးက ငါ့ခြီရာတိ။ ခွီးတကောင် ဓါတ်ပုံဘဲဥပုံက ငါ အငယ်ခါကစော်။ တခုခုက တောက်ပနီ၊ တခုခုကို ဖုန်းထားကွယ်ထား။ ငါရို့ နိလည်စာကို နိတိုင်း မက်ခရိုနီစားခကတ်တေ၊ ငါရို့ကို ငုံးချေတကောင် ချော့ကျွေးခကတ်တေ တနင်္ဂနွီနိကလွဲလို့လေ။ အေချင့်တိကို ဇာကျေးဇူးနန့် ငါကမင်းကို ပြောပြနီရစော်လေ။ မင်းက ဒေမှာတောင်မဟိပဲနန့်။ This Room by John Ashbery ကဗျာပိုဒ် Stanzaဆိုစော်ရေ အီတလီစကားလုံး။လုံးကောက်ဆိုကေ Roomအခန်း လို့ဆိုပါရေ။Macaroniက အီတလီအစားအစာတမျိုး။အထက်က Room(Stanza)နန့် ဆက်မိအောင် ထည့်ထားပုံရပါရေ။ ဆိုကေ အက်ရှ်ဘယ်ရီပြောရေ အခန်းရေ ကဗျာ ကဗျာပိုဒ်အဖြစ်ကို ပြောင်းလားပိုင်တွိပါရေ။ သူ့ကဗျာအယူအဆအတိုင်း တခုခုက တောက်ပ တခုခုက ဖုနါးထားကွယ်ထားဆိုစော်ကို ဆက်ရှာရဖို့သဘောလို့ထင်ပါရေ။ ABကို impenetrableလို့ပြောကတ်တေ။ စာချေ ၁၀ကြောင်းလောက်နန့် အုန်းစားခံရစော်လေ့ အရသာတမျိုးမလား။ နိတိုင်းမက်ခရိုနီ ကဗျာတိချည်းဗျာလ်ဖတ်နီကတ်ဖို့လား ယင်းနိက တနင်္ဂနွီနိမှန်း အတွက်ရနီစော် ငုံးသားဖြစ်လို့မလား။ သူက ဇာကျေးဇူးနန့် အေချင့်တိကို ပြောနီ။ ကျနော်ရို့က ဇာကျ...