ဂျွင် အက်ရှ်ဘယ်ရီ ၇
"အေချင့်ဖြစ်ဖို့အတွက်က ဝထုပြောသားကို ငါရို့ယုံကတ်ရဖို့"
သူ တခုခု ဝါ အများကြီးကို ပြောနီရေ ဆိုစော်ကို ယုံကတ်ရဖို့
သတိထားပနာ စောင့်ကြည့်ကတ်ရဖို့
မဟုတ်စော်တိရာ ဆိုကေတော့ခါ မဟုတ်စော်တိကိုရာ တွိဖို့
Poetryကို အဓိပ္ပါယ်ဖွင့်စော်တခုက Art of Work of A Poet လတ်
အိပ်နီရေ တိရစ္ဆာန်တိ
ငါ ယင်းချင့်ကို မိလားခဗျာလ်။ ငါ ယင်းချင့်ကို မိလားခဗျာလ် ဆိုစော်ကိုပင် မိလားခဗျာလ်။ဆိုခါ မင်းဝထုကို ဆက်လို့ရာပြော၊ယေလေ့ အေတခါတော့ အယင်ချက်ပျင်နန်း။
ဆေးရုံတင်စော်တိုင်းက ပျောက်အောင်ကုပီးနီပိုင်မျိုး...
ယင်းချင့်အတွက် မင်း ငါ့ကို ကျေးဇူးတင်လို့ရရေ
အမှန်က ယင်းချင့်အတွက် မင်း ငါ့ကို ကျေးဇူး နှစ်ထပ်ကွမ်း တင်လို့ရရေ။
ငါရို့ နှစ်ယောက်လုံး ဦးတည်ချက်တူတူ မောင်းနီကတ်စော်ရာ၊ အဂင့်၊မှောင်ပြီးခါ လူတိကို ဒဏ်ခပ်ဖို့အတွက် ပုလိပ်အလုပ် ဇာလောက်လိုလေ။
ညဥ့်၊အိပ်နီရေတိရစ္ဆာန်တိ ယင်းချင့် အားလုံးကို တင်ယူလားကတ်ဖို့၊ခုချက်ချင်း မဟုတ်ကေ နောက်ခါ။စစ်ဘင်ခရာဝိုင်းက ပြန်စဗျာလ်။ခွန်းမှာ ချိတ်ပရေ ဝထုက ပိုကောင်းဖို့စဗျာလ်။ မျက်လုံးတိထောင့်တိမှာ ရွှေရောင် အလင်းပြောက်တိ။
ယေလေ့ အေချင့် ဖြစ်ဖို့အတွက်က ဝထုပြောသားကို ငါရို့ ယုံကတ်ရဖို့။ငါရို့ သတိထားပနာ စောင့်ကြည့်နီရဖို့။
ဝထုက ကာလာရောင်စုံ၊ စွန်မတုန်းပိုင် ရှိတိုးနောက်ဆုတ် ခါနီရေ။
သူက ကောင်းတော်ရေဆိုကေ ငါရို့က ပိုမတုံးဆိုစော်က ဇာပိုင်။
အရောင်တောက်တောက် အအီးအလုံးချေ(ဖြစ်တေ) ဗဟိုချက်ကို ငါရို့ဇာပိုင်မြင်လာဖို့လဲ။ပြီးအောင်ထိ၊ပြီးလားဗျာလ်ဟန်။
ကာနယ်က အသိပြန်ဝင်ပါလတ်တေ။
The Sleeping Animals John Ashbery
Comments
Post a Comment