ဂျွင် အက်ရှ်ဘယ်ရီ ၈
ဘဝက အိမ်မက်တခု
ကိုယ့်ဖို့ကိုယ် ဖြစ်မြောက်အောင် လုပ်နိုင်ရေအရည်အချင်းတခုက
မင်းကို အဝီးဆုံး ရောက်စီကေ သစ်ဆိုင်ဘေးက နီရာအလွတ်လောက်ဆီဗျာလ်။ယေမှာ သူရို့မှာ နာမည်ခေါ်စာရင်းဟိရေ။
ငါ့နာမည်က အေ A နန့်စရေ
ဆိုခါ ပထမဆုံး အအော်ခေါ်ခံရဖို့ထဲက တယောက်ပါ့ယေ။
ငါက ဇာမှာ ရပ်ရဖို့လဲကို မှန်းမကျနိုင်တုန်းသိ။ယင်း အရာသုံးယောက် လေးယောက် အုပ်စုက လိုင်းအစ မသေလာ။
ငါ စူးစမ်းလို့သိဖို့ပင် မရလိုက်ခင် ကြွက်နန့်တူရေ လူတယောက်က ငါ့ပခုံးတိကို လာတိုးရေ။ "ယင်းလမ်းဝေး" မာန်ပါသံနန့်ပြောရေ။ "သူရို့ မင်းကို ကျောင်းမှာ တခုလေ့ မသင်ပီးခကတ်လား။ဇာချင့် ဓါတ်ပုံမဆို အဂင့်ဖြစ်နိုင်ရေ၊ မဖြစ်ချင်လေ့ မဖြစ်ဆိုစော်ကို။မီးဖိုထောင့်၊ နီဝင်ခါနီးအချိန်မှာ မှက်ကောင်ချေ တအုပ်။"
နောက်ခါ ပိုသိလာဖို့ အခွင့်အလမ်းဟိရေ ဆိုစော်ကို ငါ သိပါရေ။လောလောဆယ် လိုလာနီစော်က စောင့်ဖို့စော်ဗျာလ်။
ဘဝက ဇာချင့်မဆို ဖြစ်နိုင်ရေဆိုစော် မှန်ပါရေ။ယလေ့ တချို့စော်တိက လုံးဝ ဘဝမဟုတ်စော်သေချာရေ။
ဥပမာ ဆက်ဟိနီဖို့ ရည်ရွယ်ထားပိုင်မျိုးနန့်
ငါ့ လက်ထဲကို စိတ်ချလက်ချ ချောသွင်းလာရေ ဒေလက်အိတ်စွပ်ထားရေလက်ပါ့ ။
Life is a Dream by John Ashbery
၁ အက်ရှ်ဘယ်ရီ အသက် ၇၃ နှစ်အရွယ် ၂၀၀၀ခုနှစ်မှာထုတ်တေ your name here စာအုပ်မှာပါရေကဗျာ
ဇရာကို ရောက်ပြီးမှ ရီးရေကဗျာ ဇရာ ဘဝ နိဂုံးတိ မြင်ရပိုင်တွိရေ ဥပမာ နာမည်ခေါ်စာရင်း၊နီဝင်ခါနီး၊နောက်ခါ ပိုသိလာဖို့ အခွင့်အလမ်း၊ စောင့်ဖို့စော် etc
၂ လိုင်း Line တန်းစီနီရေ လူတန်းလို့ ပြောကေရဖို့၊ ယေလေ့ ကဗျာမှာ လိုင်းရေ ကဗျာပါစာကြောင်း ကဗျာမှာ အခြေခံအကျဆုံးထဲက တခု။
၃ တရားသဘောတိလား ဥပမာ မီးဖိုထောင့်၊မှက်ကောင်၊ပိုးဖလံမျိုး မီးကိုတိုးလား
ဇင် Zen ဘာသာရေး အရီးအသားတိပိုင်လာ ဥပမာ အဂင့် ဖြစ်နိုင်ရေ ဆိုရေ အရာမဖြစ်ချင်မဖြစ်
(ဘာသာရေးကိုတော့မသိပါ ရီးပုံသားပုံကိုရာ ပြောစော်ပါ)
၄ ကျောင်း စာသင်ကျောင်းလား ဘဝဆိုစော် သင်ယူနီရရေ ကျောင်းလား
စာသင်ကျောင်းနန့် ပတ်သက်ကေ သူ့ အရာကဗျာတပုဒ်မှာလေ့ တွိစော်က "စာသင်ကျောင်းက အားလုံးကို ဝဖြီးချပ်နန့် ခြစ်ချရေ"လတ်
၅ မရေမရာတိ ဥပမာ မှန်းမကျ၊သိဖို့ပင် မရလိုက်၊ပို သိလာဖို့ etc
Comments
Post a Comment