နရူဒါပဉှာ (က)

 I

ဇာအတွက်နန့် ဧရာမလီပျံတိက

သူ့ရို့အချေတိနန့် တူတူမပျံကတ်စော်ရောင်။

ဇာငှက်အဝါက

သူ့အသိုက်ကို သံပရာသီးတိနန့် ဖြည့်ထားရောင်။

နီရောင်ကနီ ပျားရည်စုပ်ဖို့

ဇာအတွက်နန့် ဟေလီကော်ပတာတိကို မသင်ပီးကတ်စော်ရောင်။

အေနိညဥ့်ခါ သူ့ဂျုံမှုန့်အိတ်ကို 

လဇနီက ဇာမှာ ထားပစ်ခရောင်။

Il

ငါက သီလားခပြီကေ သီပျာလ်ဆိုစော်ကို မသိကေ

အသူ့ကို ငါက အချိန်ကို မီးရဖို့ရောင်။

ပြင်သစ်က ဇာနီရမှာ

နွီဦးမှာ အရွက်တိ အများကြီးဟိတတ်ရောင်။

ပျားအလိုက်ခံရရေ မျက်ကန်းတယောက်က

ဇာနီရာမှာ နီလီနိုင်ဖို့ရောင်။

အဝါအရောင် ကုန်လားခကေ

ဇာချင့်နန့် ငါရို့ ပေါင်မုန့်ဖုတ်ကတ်ဖို့ရောင်။

III

ငါ့ချက်ပြော၊ နှင်းဆီက လင်းကြဲလား

ယင်းချင့်ကပင် သူ့အဝတ်အစားလား။

သူရို့အမြစ်တိ၏ ခမ်းနားမှုကို

ဇာအတွက်နန့် အပင်တိက ဝှက်ထားကတ်စော်ရောင်။

ခိုးလားနီရေ ဂါရီ၏ နောင်တတိကို

အသူ ကြားရောင်။

မိုးရီထဲမှာ တန့်နီရေ မီးရထားတစီးထက်

ပိုလို့ဝမ်းနည်းစော် ကမ္ဘာမှာ အရာဇာဟိသိရောင်။

IV 

ကောင်းကင်ဘုံမှာ ဘုရားကျောင်း ဇာနှစ်ကျောင်းဟိရောင်။

မျက်နှာပြောင်ရေ အချက်ပြဥသြကို

ဇာအတွက်နန့် ငါးမန်းက မတိုက်ခိုက်ရစော်ရောင်။

မီးခိုးက မိုးရိပ်တိနန့် စကားပြောလာ။

ငါရို့ဆန္ဒတိကို 

နှင်းရည်လောင်းပီးရဖို့ဆိုစော် အမှန်လာ။

V

မင်း နောက်ကုန်းခွံအောက်မှာ ဇာကို သိမ်းထားရောင်။

ကုလားအုပ်က လိပ်ကိုမီးရေ။

လိမ္မော်သီးတိကိုကျ မင်းဇာမီးဖို့ရောင်။

လိပ်က ပြန်ပြောရေ။

'လွန်လားခစော်တိကို အတွက်ရခြင်း'ထက်

ပိုများရေ သစ်ရွက်တိ သစ်တော်ပင်မှာဟိလာ။

ဝါလာရေလို့ ခံစားရရေခါ

ဇာအတွက်နန့် အရွက်တိက သတ်သီကတ်စော်ရောင်။

Neruda' Book of Questions

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂