အအိပ်မရောက်
ညဉ့်သန်းခေါင်မှာ ငါ့ ဖာသာငါ မီးကြည့်ရေ
ချီလီ ဇာဖြစ်လာဖို့လဲ
ငါ့ နွမ်းနွမ်း မိုက်မိုက် တိုင်းပြည် ဇာတိဖြစ်လာဖို့သိလဲ
ဒေ ပါးပါးရှည်ရှည် သင်္ဘောကို
ဒေ ကျောက်တုံးတိကို ဒေ လယ်ကွက်ချေတိကို
ကမ်းရိုးတန်းက ဒဏ်ခံနိုင်ရေ နှင်းဆီိကို
ရီမြုပ်လှိုင်းတိကြားက အသက်တိကို
ကောင်းချစ်မိရေ ကျေးဇူးကြောင့်နန့်
ငါ့ပြည်နန့် ငါက တသားထဲဖြစ်ခ
ငါ့ပြည်မှာ သား တစ်ယောက်ချင်းစီကို ငါတွိခ
ငါ့ထဲမှာ ငိုယင်း ပန်းပွင့်ယင်းနန့်
တရာသီပြီးကေ တရာသီ နန်းတက်ခကတ်တေ။
သံသယ နှစ်ကာလအသီ လွန်ရုံရာသိ
ငါရို့အားလုံးကို သွီးယိုစီခရေ အမှားတိ လွန်လို့
ပိုကောင်း ပိုမျှတရေ ဘဝတခုအတွက်
အစီစိုင်ချဖို့ ကြံကတ်တာသိ
ခြိမ်းခြောက်စော်က အရာတခါ ပြန်ပေါ်လာ
ထရံတိထက်မှာ မြင့်တက်လာရေ အငြိုးမာန်တိကို
ငါ အခု ခံစားနီမိပျာလ်။
နရူဒါ
Insomnia
Comments
Post a Comment