ဒေမြို့က အီး​ဆေး


မြစ်​ချေတမြစ်၊ ပြီး​ကေ တံတားတစင်း

ယင်းချင့်ပြီး​ကေ အိမ်အဖြူတတန်း

အ​သေအချာညိထား​ရေ မြက်​ခင်းတိနန့်။

ပြီး​ကေ ခြီခွင်ခွင်နန့် ခွီးဝတုတ်တ​ကောင်

လမ်းအစပ်ကနီ အီးလို့ လမ်း​လျှောက်လာ​နီရေ

သတင်းစာတ​စောင် ပါးစပ်မှာ ကိုက်ယူလာယက်ပင်း။


ချားလ်စ်ဆီမိချ်

-=============


ကျနော်ရို့ ကြည့်ဖူးနီကျ အမေရိကန်ကားတိမှာပါရေပိုင်မျိုး ညီညီညာညာစီနီရေ လုံးချင်းအိမ်တိ ယင်းအိမ်တိရှိက အသေအချာ ညိထားရေ မြက်တောပြင်တိ။ ဇာထူးဆန်းလေ။ အားလုံး သပ်ယပ် အီးချမ်းလို့။

ခွီးတောင်မှာ ဟန်တခွဲသားလမ်းလျှောက်နီလီသိယင့်။

တခုရာ ယင်းခွီးက သတင်းစာ တစောင်ကို ကိုက်လာနီရေ။

ယင်းသတင်းစာမှာ ဇာတိပါလေ။ မသိ။ဒေမြို့က အီးဆေးဆိုကေ အရာမြို့တိကဝေါ်။ ဘဇောင်လေ။


သတင်းစာ တီဗီလိုင်းတိက ဆီမိချ်ကဗျာတိမှာ တွိရတတ်တေ သိင်း တခု

မီဒီယာတိက ပုံဖော်ရေပိုင် ကျနော်ရို့ မြင်ရရေ ကမ္ဘာ့ဇာတ်ကြောင်းတိ ဒုက္ခ သုခတိ

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)