လှီကားထိပ်က

ဟုတ်​​တေ

လှီကားထိပ်မှာ ရပ်နီ​ရေ လူတိက သိကတ်​တေ

သူရို့ အားလုံးကိုသိ​ကတ်ပါရေ 


အကျွန်ရို့ကျခါ တမျိုး

ရင်ပြင်တိမှာ အိမ်လှဲလှဲ​ရေလူတိ

ပို​ကောင်း​ရေ အနာဂတ်တခုဘားမှာ ပြန်ပီးဆွဲခံရ​ရေလူတိ

လှီကားထိပ်မှာ ရပ်နီ​ရေ လူတိက

အကျွန်ရို့ဘားကို မ​ပေါ်လာသ​လောက်

(​ပေါ်လာပြန်​ကေ​လေ့)

ယှူးတိုးတိုး​ချေဆို​ရေ လက်ညိုးက ရက်ပြတ် သူရို့ပါးစပ်ရှိမှာ 


အကျွန်ရို့က စိတ်ရှည်ပါ​ရေ

အကျွန်ရို့အိပ်သျှင်မတိက တနင်္ဂနွီမှာဝတ်​တေ အဝတ်အစားတိကို အ​ပေါက်ဖာကတ်​တေ

အကျွန်ရို့က ရိက္ခာရာသျှန်

​ဘော်လုံး ဖိနပ်စျီးနှုန်းတိအ​ကြောင်းကို ​ပြောကတ်​တေ

စနီနိမှာ ​ခေါင်းကို ​နောက်လှန်ထားပနာ ​သောက်ကတ်ယက်ပင်း​လေ 


လက်သီးတိကို တင်းတင်းဆုပ်ကတ်

ချိုင်ကြိုးတိကို ​ဒေါသနန့်ခါကတ်

သူပုန်ထဖို့ တိုက်တွန်းကတ်ယက်ပင်း

အပြင်းအထန်စိတ်တက်ကြွပနာ

စကား​တိပြော မီးခွန်းတိထုတ်ကတ်​တေ

မတန့်တန်း စကား​ပြောကတ် မီးခွန်းထုတ်ကတ်​တေ လူတိကမဟုတ် အကျွန်ရို့က


သူရို့ဝါထုက ​အေပိုင်

ငါရို့ လှီကားထက်ကို ပြီးတက်ကတ်ဖို့

မုန်းတိုင်းတိုက်ပိုင် သူရို့ ဖမ်းပလိုက်ဖို့

လှီကားထိပ်က လူရို့မှာ ​ခေါင်းတိ

လှီကားအတိုင်း လိမ့်လို့ဆင်းလာဖို့

​နောက်ဆုံးမှာ ငါရို့စိုက်ကြည့်ကတ်ဖို့

ယင်းအမြင့်ကြီးထက်ကနီ မြင်ရ​စော်တိကို

အနာဂတ်ကို

ဗလာသုညကို 


လိမ့်လို့ဆင်းလာ​ရေ​ခေါင်းတိကို အကျွန်ရို့ကမြင်ချင်စိတ်မဟိ

​ခေါင်းတိက ဇာပိုင် အလွယ်ကာသား ပြန်​ပေါက်တတ်​တေဆို​စော်ကို

အကျွန်ရို့က သိ​နီစော်ကို

ထိပ်မှာက ရက်ပြတ်ဟိနီလီဖို့​စော်ပျာလ်

တ​ယောက် နှစ်​ယောက်က

​အောက်ခြီမှာ အိမ်လှဲတိ ​ဂေါ်ပျတိနန့် မဲနီချိန်မှာ


တခါတရီ အကျွန်ရို့ အိမ်မက် မက်ကတ်​တေ

လှီကားထိပ်ကလူတိ

ဆင်းလာကတ်ဖို့

အကျွန်ရို့ဘားကို

အကျွန်ရို့က သတင်းစာကို ​အောက်မှာခံပနာ ​ပေါင်မုန့် မွှားနီကတ်ခါ

သူရို့က ​ပြောဖို့


ခု စကား​ပြောကြည့်ကတ်​မေ

လူ လူချင်း

ပိုစတာတိမှာ ​အော်နီ​ကတ်စော်က အမှန်မဟုတ်

အမှန်တရားကို 

တင်းတင်းစိထား​ရေ ပါးစပ်တိထဲမှာ ငါရို့​ဆောင်ထား​စော်

ယင်းချင့်က ​ရက်စက်​တေ ​​ကောင်း​လေ့ လီး​ရေ​ဝေရို့

ဝန်ထုပ်ဝန်ပိုးကို ငါရို့ဖာသာရာ ငါရို့ ထမ်းထားရ​စော်

ငါရို့ မ​ပျော်ပါ​ဝေ

ငါရို့ အေနီရာမှာ ဝမ်း​မြောက်ဝမ်းသာနီချင်ယင့်


အမှန်က ​အေချင့်က အိမ်မက်တိရာ

အဂင့်ဖြစ်ချင်​ကေ ဖြစ်လာဖို့

မဖြစ်လာချင်​လေ့ မဖြစ်

ဆိုခါ အကျွန်ရို့ ဆက်လို့ရာ ထွန်ယက်နီရဖို့

အကျွန်ရို့ အညှက်ဆိုးရင်ပြင်ကို

​ကျောက်ရင်ပြင်ကို 


​ခေါင်း​ပေါ့​ပေါ့နန့်

နား​နောက်မှာ ဆီကလိပ်တလိပ်နန့်

နှလုံးသားမှာ ​မျှော်လင့်ချက် တစက်​လေ့မဟိပဲနန့်


From the Top of the Stairs by Zbigniew Herbert



Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)