ဒေသနာကျမ်းမှာ မြစ်ဖျားခံရေ ခေတ်ပေါ်ကဗျာတိ ၁

ဘဝ

ကိစ္စတိုင်းအတွက် အချိန်ဟိရလောက်အောင်ထိ

တစ်ဘဝစာမှာ လူတစ်ယောက်အတွက် အချိန်ကမဟိ

ရည်ရွယ်ချက်တိုင်းအတွက် တစ်ရာသီစီရရလောက်အောင်ထိ

လူတစ်ယောက်မှာ လုံလောက်တေ ရာသီတိမဟိ 

ဒေသနာကျမ်း ယင်းချင့်မှာ မှားရေ


လူတစ်ယောက်က တချိန်ထဲမှာ ချစ်ဖို့ နန့် မုန်းဖို့လိုရေ

မျက်လုံးတစုံတည်းနန့် ရယ်ဖို့ နန့် ငိုဖို့လိုရေ 

လက်တစုံတည်းနန့် ကျောက်ခဲကိုဝေးပစ်ဖို့ ကောက်ဖို့လိုရေ

စစ်ပွဲမှာ ချစ်ဖို့နန့် ချစ်ပွဲမှာ စစ်တိုက်ဖို့လိုရေ

အစီစဉ်ချဖို့နန့် ဂျီဝိဂျီဝါဖြစ်နီဖို့လိုရေ

သမိုင်းက နှစ်တိ နှစ်တိအများကြီးပျင်ခစော်ကို

အစာခြီဖို့လိုရေ 


လူတစ်ယောက်မှာ အချိန်ကမဟိ

ပျောက်လားခခါ လိုက်ရှာရေ

ရှာလို့တွိခါ မိကျရေ 

မိကျခခါ ချစ်လာရေ

ချစ်လာခခါ မိဖို့စပျင်ရေ


သူ့ဝိဥာဉ်က သမ္ဘာရင့်ပြီးသား

သူ့ဝိဥာဉ်က ကောင်းပင် ပြိုဖန်သျှင်နယ်ကျရေ

သူ့ ခန္ဓာကရာ အမြဲတမ်း အပျော်တမ်းသမား

စမ်းကြည့်လိုက် လွဲလားလိုက် မရေမရာဖြစ်လိုက်နန့်

တခုကိုလေ့ မတတ်ခ

သာယာမှုနန့် နာကြင်မှုမှာ

ယစ်မူးပနာ မမြင်မကန်းနန့်


ဆောင်းဦးသား သဖန်းသီးတိပိုင် သူသီဖို့

သူကိုယ်တိုင်နန့် အချိုဓါတ်အပြည့်နန့် ရှုံ့လို့

မြီထက်မှာ ပိုလို့ခြောက်လာနီရေ အရွက်တိ

အရွက်မဟိ​ရေ အကိုင်းတိ က

ကိစ္စတိုင်းအတွက် အချိန်ဟိရေ နီရာကို

ညွှန်ပြနီရေ


A man in his life by Yehuda Amichai

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)