တံခါးခေါက်ကွင်း
သူရို့ခေါင်းထက်မှာ
ဥယျာဥ်တိကို ပျိုးထားရေ လူတိဟိရေ။
လမ်းတိက
သူရို့ဆံပင်တိကနီ နီသာရေ မြို့ ဖြူဖြူတိဘားကို
ဦးတည်လို့ လားနီရေ။
သူရို့အတွက် စာရွီးရစော်ကလွယ်ရေ။
သူရို့မျက်စိတိကို မိတ်လိုက်စော်နန့် ချက်ချင်း
နမိတ်ပုံတိ အအုပ်လိုက်
သူရို့ နဖူးတိကနီ စီးပါလတ်ကတ်တေ။
ကျနော့် စိတ်ကူးစိတ်သန်းတိကျခါ
ဘုတ်ပြားတပြား
ကျနော့် တခုထဲကိရိယာက
သစ်သားတုတ်တချောင်း။
ကျနော် ဘုတ်ပြားကို သတ်ကေ
ဘုတ်ပြားက ပြန်ဖြေရေ။
ဟုတ်တေ ဟုတ်တေ
မဟုတ် မဟုတ်
အရာလူတိမှာ
အပင်ခေါင်းလောင်းစိမ်းတိ
ရီခေါင်းလောင်းပြာတိ
ကျနော့်မှာကျခါ
မထိမ်းမကာပဲထားရေ ဥယျာဥ်တိက
တံခါးခေါက်တေ ကွင်းတကွင်း။
ဘုတ်ပြားကို တဗုန်းဗုန်းသတ်ကေ
သူက ချက်ချင်းပြန်ဖြေရေ
ကိုယ်ကျင့်တရားဝါဒီတိ၏ ကဗျာခြောက်ခြောက်ကပ်ကပ်နန့်။
ဟုတ်တေ ဟုတ်တေ
မဟုတ် မဟုတ်
A Knocker By Zbigniew Herbert
Comments
Post a Comment