အိုက်စကရိန်း ဧကရာဇ်
ဆီးသားလိပ်ကြီးတိ လိပ်တေ အားလာကြီးကိုခေါ်လိုက် ပြီးကေ မီးဖိုခန်းက ခွက်ထဲမှာ ရမ္မက်ကြွ နို့ချိုင်ကိုမွီခိုင်း
ကလေ့မေချေရို့က ဝတ်နီကျအဝတ်တိ ဝတ်ပနာ
ပျိုင်းပျိုင်းရိရိ လမ်းသလားနီကတ်ပတ်စီ
ကလေချေရို့က အယင်လက သတင်းစာတိနန့်ပတ်ပနာ ပန်းတိကို ယူလာကတ်ပတ်စီ
ဖြစ်နီစော်ရေ ထင်မြင်မှု အဆုံးသတ်ခန်း ဖြစ်ပါစီ
တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ပါရာလေ
ဖန်လက်ကိုင်ဘု သုံးလုံးမဟိရေ သစ်ဖြူ အန်ဒမာရီထဲက
တခါက ငှက်ရုပ်တိပန်းထိုးထားခရေ အချာဟတ်ကိုယူ ပြီးကေ သူ့မျက်နှာကို ဖုန်းဖို့ ယင်းအဟတ်ကို ဖြန့်လိုက် အသားမာတက်နီရေ သူ့ခြီထောက်တိ
အပြင်ထွက်ကျန်ခစော်က
သူ ဇာလောက်အီးစက်နီလေ အသံတိတ်နီလေဆိုစော်ကို ပြစော်ရာဟိလီဖို့
မီးအိမ်က သူ့အလင်းကိုသူ တွယ်ကပ်ထားပါပတ်စီ
တယောက်ထဲသော ဧကရာဇ်က အိုက်စကရိန်း ဧကရာဇ်ရာလေေ................................
Emperor of Ice Cream Wallace Stevens
ေဝါေလ့စ်ဆတီဗန် က အနောက်မော်ဒန်မှာ ဆရာတဆူ
ဗမာဆရာတိ မိတ်ဆက်စော်ကောင်းမတွိ ဆိုခါ ကိုယ့်ဘားမှာ အသိဆကေနည်းရေ
ကဗျာရေ ဆင်ခြင်ဥာဏ်နန့် ထောက်ဆစော်ကို ခုခံနိုင်ရဖို့ဆိုရေ ဝေါလေ့စ်ကဗျာကို ပြန်မိစော်က ကြိုက်လွန်းလို့ရာ
အပြည့်အဝတော့ ကိုယ့်စကားနန့် မဖမ်းဆုပ်နိုင်
အားလာကြီး က muscular one ဆကေ ပေါ့ပါးစီချင်လို့ ယပိုင်ပြန်ကြည့်စော်
ကလေ့မေချေ ဆိုစာက မူရင်းမှာ wench သူက မိန်းမချေလို့လေ့ပြောလို့ရပိုင် မကောင်းစော်မလို့လေ့ အဓိပ္ပါယ်ဟိပါရေ
ဖြစ်နိန်စော်ရေ.....ဖြစ်စီက Let be be finale of seem ကို အတတ်နိုင်ဆုံးပြန်ကြည့်စော်ပါ မူရင်း စကားကိုပင် ဝေဖန်ရေးသမားတိက မတူရေ ရှုထောင့်တိက ဖွင့်ဆိုကတ်စော်တိ အင်တန်တွိပါရေ ကျနော် ခံစားမိပိုင်ပြန်မိစော်ပါ
သစ်ဖြူက dealကို ပြန်စာ တဘက်မှာ အပီးအယူ အညှိအနှိုင်းသဘောလေ့ ဟိရေ မပြည့်စုံ နွမ်းပါးရေဆိုရေသဘောလေ့ပါအောင် သစ်ဖြူလိုရာပြန်လိုက်ပါရေ အမှန်က ကျနော်ရို့ဘက်က ဆောင်းဒူသားနန့် ပိုတူဖို့
အချာဟတ်sheet က စာလုံးပေါင်း မှန်မမှန် မသေချာ ရှင်းခြင်းနန့် သီခြင်းကို ဖွဲ့ရေကဗျာ မူရင်းမှာ ရှင်ခြင်းကို ဖွဲ့ရေ ပထမပိုဒ်နန့် သီခြင်းကိုဖွဲ့ရေ ဒု ပိုဒ်ကို စာကြောင်း ၈ ကြောင်းစီနန့် ဆတူဖွဲ့ပါရေ တည်ဆောက်မှုပုံစံနန့် ဆတူသဘောကို ပိုမြင်သာစီချင်ပုံရပါရေ သီခြင်း ရှင်ခြင်း ဆတူ မိန်းမချေ ယောက်ျားချေတိနန့် ပွားလာဖို့ ရှင်ခြင်း အသားမာတက်နီရေ အိုမင်ခြင်း အီးစက်နီရေ သီခြင်း အတတ်နိုင်ဆုံး စကားလုံးဆတူဖြစ်အောင်တော့ ကြိုးစားကြည့်ထားပါရေ အချိန်ရကေ ထပ်ကစပ်ကြည့်ချင်သိရေ

Comments
Post a Comment