တခန်းရပ်
ပင်လယ်ကမ်းစပ်မှာ ငါရို့ လမ်းလျှောက်ကတ်တေ
ရှိကျရေ အပြန်အလှန်စကား အဖျားနှစ်ဘက်ကို
လက်ထဲမှာ နောင်းနောင်းကိုင်လို့
- နင် ငါ့ကို ချစ်လာ
- ငါ မင်းကို ချစ်တေ
သမ္မာကျမ်းစာ နှစ်စောင်
နက္ခတ်ဆရာတိ တမန်တော်တိ
ဥယျာဥ်က ဒသနဆရာတိ
ကျောင်းတော်က ဒသနဆရာတိ
သူရို့အားလုံး အသိပညာတိကို
မျက်မှောင်ကြုံ့ပနာ
ငါ သံခိပ်ချုပ်လိုက်တေ
အချုပ်က အေပိုင်မျိုး
- မငိုကေ့
- သတ်တိဟိပါ
- အရာလူတိ ဇာပိုင်လေ ကြည့်
နင်က နှုတ်ခမ်းချေ စူပနာပြောရေ
- မင်းက ဘုန်းကြီးဝတ်ရဖို့စော်ရာ ညီးရေ လားလီဖိ
ကိုယ်ကျင့်တရားသမားတိကို တယောက်ကမချစ်
ပင်လယ်သီချေ ကမ်းစပ်မှာ
ငါ ဇာပြောရဖို့လဲ
အအီး အအီးနန့်
ပျောက်လားခရေ ခြီရာတိမှာ ရီပြည့်ပါလတ်တေ။
Episode Zbigniew Herbert
Comments
Post a Comment