ခရမ်းချိုင်သီး တမ်းခြင်း
ခရမ်းချိုင်သီးလက်သုပ် ရဆီပီ တခုပိုင်လောက် သဘောထားပနာ ဖတ်ကေလေ့ ရဖို့
ကမ္ဘာသစ် ကမ္ဘာဟောင်းကွဲနီရေ စပိန်စကားပြောကမ္ဘာ
ကမ္ဘာနီရာ မျိုးစုံက ပြောင်းလာကတ်တေလူတိနန့် တည်ဆောက်ထားရေ လက်တင်အမေရိက ချီလီပြည်
ဗဟုယိုင်ကျေးမှုဟာမိုနီ လို့ ငံပြာရည်သမားစိတ်နန့် ဖတ်ချင်ဖတ်
ပုံသဏ္ဍာန်အရ တမင် fragmantationပျင်ထားစော်
ခရမ်းချိုင်သီး တမ်းခြင်း
..........................
လမ်းမှာ
ခရမ်းချိုင်သီးတိနန့်အပြည့်၊
မွန်းတည့်၊
ဆောင်းနှောင်း၊
နီရောင်က
ခရမ်းချိုင်သီး
တလုံးပိုင်
နှစ်ခြမ်းခြမ်းလို့၊
သူ့အရည်တိ
လမ်းတိတလျှောက်
စီးနီရေ။
ဒီဇင်ဘာမှာ၊
အလျော့မပီးပဲနန့်၊
ခရမ်းချိုင်သီး
မီးဖိုခန်းသို့
ကျူးကျော်လာ၊
ထမင်းစားချိန်မှာ ဝင်လာ။
အန်ဒမာရီတိထက်မှာ
ဖန်ခွက်တိ၊
ထောပတ်ပျာလာတိ၊
ဆားခွက်တိကြားမှာ
အီးအီးလူလူ
နီရာယူ။
ကိုယ်ပိုင် အလင်းနန့်
အရောင်ဖြာလို့
အနုစား မဟာဆန်မှု။
ကံဆိုးစွာနန့် ငါရို့
သူ့ကို သတ်ရဖို့၊
ဓား
သက်ဟိအသားထဲသို့
မြုပ်ဝင်၊
ကလီစာ
အနီ
အီးမြ
နီတစင်း၊
လေးလေးနက်နက်၊
မကုန်မခန်း၊
ချီလီက ဟင်းလက်သုတ်တိမှာ
နီရာယူ။
ကြက်သွန်နီအကြိုင်နန့်
ပျော်ပျော်ရွှင်ရွှင် သူ နှင်းစပ်၊
ပြီးကေ ပေါင်းစည်းမှုကို ဂုဏ်ပြုဖို့၊
သံလွင်ပင်၏
မဟိမဖြစ်အချေ၊
ဆီကို
သူ့ ထက်ဝက်ပိုင်း နှစ်ခြမ်းထက်သို့
ငါရို့
လောင်းကတ်၊
ငရုတ်ကောင်းက
သူ့အနံ့ကို၊
ဆား က သူ့ သံလိုက်ဆွဲဓာတ်ကို
ပိုလို့တိုးပီး၊
အေနိအတွက် (အကောင်းဆုံး)
သမက်တက်ပွဲ၊
နံနံပင်က
သူ့အလံတိကို
ရွှင့်တင်၊
အာလူဥတိ
အားရပါးရ တပွက်ပွက်ဆူ၊
အကျော်
အနံမွှီး
တံခါးကို
လာခေါက်တေ။
အချိန်ကျပျာလ်။
လာဖိ။
စားပွဲခုံထက်၊
နွီနှောင်း အလည်ခေါင်ခေါင်၊
မြီကမ္ဘာ၏ ကြယ်၊
ပြန်လို့စီလာရေ
ဝါးကျရရေ
ကြယ်၊
ခရမ်းချိုင်သီးက
သူ့ အတွန့်အရစ်တိ
သူ့ ရီမြောင်းတိ
မှတ်လောက်တေ
သူ့ ကြီးကျယ်စော်နန့်
ပေါများစော်ကို
ခြင်းပြနီရေ၊
အပေါက်မပါ
အခွံမပါ၊
အရွက်တိ ၊ဆူးတိလေ့မပါ၊
မီးတောက်အရောင်နန့်
အီးမြရေ ပြီးပြည့်စုံမှု လက်ဆောင်
ခရမ်းချိုင်သီးက ပီးရေ။
နရူဒါ
OdeToTomatoes Pablo Neruda
Comments
Post a Comment