ပျားသေတ္တာ *ရောက်တေ
အေချင့်ကို အကျွန်မှာထားစော်၊
အေသစ်သေတ္တာ သန့်သန့်ချေကို။
ခုံတခုံပိုင် လေးထောင့်၊ ထမ်းဖို့ပင် လီးရေ။
လူမှင်စာချေတယောက် အခေါင်း၊
လေးထောင့်အချေတယောက် အခေါင်းလို့ အကျွန်ပြောမိလီဖို့၊
ယင်းသေတ္တာထဲမှာ အေပိုင် ကျွကျွဆူသံရာ မဟိခကေ။
သေတ္တာကို လက်ခုပ်သီးခပ်ထားရရေ၊ အန္တရာယ်များရေ။
ယင်းသေတ္တာနန့် အကျွန်တညဥ့်လုံးနီလီရဖို့ ၊
အဝီးက ခွာလို့ကလေ့ မနီနိုင်။
ပြတင်းပေါက်တိမပါလို့ အထဲမှာဇာတိဟိလီလေ အကျွန်မမြင်ရ။
ဇကာချေတခုရာပါရေ ၊ထွက်ပေါက်ကမဟိ။
ဇကာနားကို မျက်စိကပ်လို့ကြည့်လိုက်တေ၊
မိုက်နီရေ မိုက်နီရေနှုန်း။
ပြည်ပကိုပို့ဖို့အတွက် အငယ့်ချေကျုံ့ထားရေ အာဖရိကန်လက်တိ၊ အမဲထက်မှ အမဲဆင့်လို့၊
ဒေါသတကြီးနန့် ရပိုင်တွယ်တက်နီကတ်တေ
အစုလိုက် အကျိုင်လိုက် ခံးစားချက်မျိုး။
သူရို့ကို အကျွန်ဇာပိုင် ရွှတ်ပီးရဖို့။
အရာစော်တိအားလုံးထက် အကျွန့်ကို အခြောက်ဆုံးက ဆူသံဗျာလ်။ ဇာတိမှန်းမသိရေ အသံတိ။
ရောမသား သောင်းပြောင်းတကျိုင်ပိုင်၊ လုံးချင်းစီဆိုကေ အငယ့်ချေ၊
စုကျလားခကေတော့ ဘုရားတရားပျာလ်။
ဒေါသထွက်နီရေ လက်တင် စကားသံကို နားစိုက်ထောင်ကြည့်ရေ၊ အကျွန်က ဆီဇာဘုရင်ကမဟုတ်။
အရူးတသေတ္တာကို အကျွန်မှာမိခစော်ရာ။
သူရို့ကို ပြန်ပို့လိုက်လို့ရရေ ၊သီကေလေ့သီလီလတ်၊ အကျွန်တခုလေ့ ကျွေးနီဖို့မလို။ အကျွန်က ပိုင်သျှင်မကို။
သူရို့ ဇာပိုင် ထမင်းမွတ်နလီကတ်ဖို့ချင့်။ လက်ခုပ်သီးကိုဖွင့်၊ နောက်ဆုတ်ပနာရပ်ပြီးကေ အကျွန်အပင်တပင်အဖြစ်ပြောင်းလားကေ သူရို့အကျွန့်ကို မိလီကတ်ဖို့လားချင့်။**
ယေမှာ ရွှေရောင်အိမ်တိုင်တိနန့် ငုဝါ ၊ချယ်ရီပင် အတွင်းခံချေတိလေ့ဟိရေ။
လဝတ်စုံနန့် အသုဘမျက်နှာဖုံးနန့်ဆိုခါ သူရို့အကျွန့်ကို ချက်ချင်း လစ်လျူရှုလီကတ်ဖို့ရာ။အကျွန့်ဘားက ပျားရည်ကမထွက်၊ သူရို့ဇာလို့ အကျွန့်ဘက်လှည့်လာဖို့လဲ။ နက်ဖန်ခါ အကျွန်က ချစ်ကောင်းထမန့် ဘုရာဖြစ်ပျာလ်။ သူရို့ကို ရွှတ်ပီးလိုက်ဖို့။
ေအသေတ္တာက ယာယီပါရာ။
Arrival of the Beebox Sylvia Plath
* ပျား ပျားထိုးရေ ဆိုစော်တိက ပလာ့သ်ကဗျာတိမှာ တွိရတတ်တေ နမိတ်တိထဲကတခု သူ့ ငယ်ဘဝနန့်ဆိုင်ရေ ဆိုပါရေ သူ့အဖက အင်းဆက်ပညာရှင် ပျားပိတုန်းတိအကြောင်းကို စာအုပ်ရီးဖူးရေဆိုပါရေ
** ဂရိ ဒဏ္ဍာရီတခုထဲက နမိတ်ကို ယူသုံးစော်ဖြစ်ဖို့လို့ ဝေဖန်ချက်တိဟိကတ်ပါရေ အပိုလိုကို မယူချင် အပျိုဘဝကို မစွန့်ချင်လို့ လော်ရယ် ပင် ဘဝကို အပြောင်းခံခရေ ဒပ်ဖနီ ၀ထုလာ နမိတ်လို့ဆိုကတ်ပါရေ
Comments
Post a Comment