အသီမွီး
အေကဗျာတိ မရှင်ပျာလ် ၊ ဝမ်းနည်းဖို့ကောင်းရေ ဆီးစစ်ချက်
သူရို့ ခြီချောင်း လက်ချောင်းချေတိ အင်တန် ဖွံဖြိုးခပျာလ်
သူရို့ နဖူးချေတိ ပြည့်တင်းလို့ မောက်နီခပျာလ်
အရာလူရို့ပိုင် လမ်းလျှောက်လားခွင့်နန့် လွဲခရကေလေ့
ယေစာရေ အမိအချစ်မဟိလို့တော့ခါ မဟုတ်ပါဝေ
သူရို့ ဇာတိဖြစ်လားခလေ အကျွန်နားမလည်
ပုံစံ အရေအတွက် အစိတ်အပိုင်းတိုင်း ပုံမှန်ပါရာ
စိမ်ရည်ထဲမှာ ကောင်းအလှပချေ ထိုင်နီကတ်တေ
သူရို့ ပြုံးကတ် ပြုံးကတ် ပြုံးကတ်တေ အကျွန့်ကို ပြုံးကတ်တေ
ယေလေ့ အဆုတ်တိက ပြည့်ဖောင်းမလာ နှလုံးက စလို့ အလုပ်မလုပ်ခဝေ
သူရို့မှာ ဝက်ပယှောင် ငါးပယှောင် အနံအသက်မျို းဟိကေလေ့
သူရို့က ဝက်တိမဟုတ် ငါးလေ့မဟုတ်ပါဝေ
သူ့ရို့ အသက်ရှင်ခကေ ပိုကောင်းဖို့ ဟုတ်တေ ရှင်ခရဖို့
သူရို့ ပေါပေါနှမ်းနှမ်းနန့် ငေးလို့ရာကြည့်နီကတ်တေ
ယေလေ့ သူရို့ကသီခပျာလ် သူရို့အမိလေ့ သောကဟုန်နန့် သီဖို့မတတ်
သူရို့ သူ(မ)အကြောင်းမပြောပြနိုင်ကတ်
Sillborn by Sylvia Plath
Comments
Post a Comment