လှိုင်းကာကျောက်တုံး

 ၁ ပန်းပွင့်


ငိုသံ၊ စူးထစ်၊သွား၊အူသံတိ

အသားစား ဗလာနတ္ထိနန့် သူ့ကမောက်ကမ

အေပန်းပွင့်ရိုးရိုးချေရှိမှာ ယင်းချင့်အားလုံးပျောက်လားခရေ


၂ သူ(မ)


ညဉ့်တိုင်း ရီတွင်းထဲကို သူဆင်းရေ

နောက်နိမိုးထတိုင်ကေ ပြန်လို့စီပေါ်လာရေ

လက်မောင်းမှာ မြွီအသစ်တကောင်စီနန့်


၃ အတ်ထုပတ်တိ


သူဖြစ်နိုင်ခစော်တော့ခါ မဟုတ်

သူဖြစ်ခစော်ရာ

သူဖြစ်ခစော်က သီပျာလ်


၄ ညဉ့်ခါသား ခေါင်းလောင်းတိ


အရိပ်လှိုင်းတိ အကန်းလှိုင်းတိ

မီးလောင်နီရေ နဖူးထက်မှာ

ငါ့စိတ်ကူး အတွက်ရီ


၅ တံခါးမှာ


လူတိ၊ စကားလုံးတိ၊ လူတိ

ငါ တွန့်ဆုတ်နီခရေ

ထိုးအထက်မှာ လ၊ နှုန်းချင်း


၆ အမြင်


ငါ့မျက်စိကို မှိတ်လိုက်တေအခါ ငါ့ကို ငါမြင်ရေ

နီရာ

ငါ ဟိနီစော်နန့် မဟိနီရေနီရာ


၇ မြင်ကွင်း


အတန့်မရ အလုပ်များနီရေ ပိုးကောင်တိ

နီရောင် မြင်းတိ

မိုးရိပ်အရောင် မြည်းတိ

မိုးရိပ်တိ၊ တခုအလီးလေ့ မဟိရေ ကျောက်ဆောင်ကြီးတိ

ရွှီမှုန်ကြဲ အာကာတိပိုင် တောင်တိ

ချောင်းချေမှာ ရီသောက်နီကတ်တေ အပင်တအုပ်

ယေမှာ သူရို့အားလုံး ဟိနီကတ်တေ ယေမှာ ဟိနီရစော်မှာ သာယာလို့

အေမှာ ငါရို့မဟုတ်တေလူတိလေ့ ငါရို့မဟုတ်ပဲနန့်

ဒေါသ၊ အမုန်း

အစားခံရရေ အချစ် ၊သီမင်းရို့ဘားမှာ ငါရို့အစားခံလို့


၈ စာမတတ်ပေမတတ်


ငါ အာကာကို မျက်နှာမော့ကြည့်မိရေ

မှုန်နီရေ စာလုံးတိနန့် ယင်းကျောက်တုံးကြီး

ယကေလေ့ ကြယ်တိက ငါ့ကို တခုလေ့မပြောခကတ်


အော်တားဗီးယိုးပါဇ်

Riprap By Octavio Paz

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)