ဌာနီကို စွန့်လို့ခွါရေ

"နင် အေနီရာမှာ နီလို့ ကောင်းရိုင်းပါလတ်ပျာလ်။ နင် အေကထွက်လားသင့်ရေ အချိန်ကျနီပျာလ်။ "လို့ ကျနော့်အမိကပြောရေ။

"ဇာကိုလားရဖို့လဲ ဗန်နီဇွဲလားကိုလာ"

"မဟုတ် ဗန်နီဇွဲလားကိုတော့မဟုတ် အခြားတနီရာကို ။ ဗန်နီဇွဲလားကို နင်ခြီချစော်နန့် နင့်ကို ထောင်ထဲကို တန်းလို့ ပို့လိုက်ကတ်လိမေ။ ငါ နင့်အကြောင်းကိုလေ့ သိရေ ဗန်နီဇွဲလားအကြောင်းကိုလေ့ သိရေဟေး မရ အရာတနီရာကိုပို့ရဖို့"

"ဟုတ်ပျာလ် ယကေ မေမေရာ စဉ်းစားလို့ ဆုံးဖြတ်လီဖိ"

"ငါ ပဏ္ဍိတ်ဘားကို လားလို့ ပြောခီရဖို့ သူက နင့်အဖ သူငယ်ချင်း နင် အေက လားမှရာ ဖြစ်ဖို့ပျာလ် နင်ကောင်းရိုင်းပါလတ်ပျာလ်။"

ကျနော့အမိပြောစော် မှန်လီပါဖို့။ အလှပသတိမထားမိကေလေ့ ကျနော် ဆကေရိုင်းပါလတ်စော်တော့ အမှန်။ အရက်ကိုလေ့ ကျွဲရီသောက်ပိုင် သောက်တတ်ပါလတ်တေ။ တခြားစော်တိလေ့ အများကြီးတတ်ပါလတ်တေ။ အရက်က ကာစတင်ရုံးက စသောက်တတ်စော်။ ယင်းမှာက အကြောင်းဆကေဟိစော်နန့် အရက်တိကို သိမ်းလို့ရစော်ကို။ ပထမခါ အရက်နံ့ရကေ ကျနော် ဆကေပျို့ချင်အန်ချင်ပိုင်ဖြစ်တေ။ ယကလေ့ ကျနော်က ကိုယ့်ဖို့အားတင်းရေ။ "အေတောင်ကို ငါကျော်နိုင်ဖို့စော်ရာ ဆီးသောက်ပိုင်သောက်ရဖို့ နှခေါင်းမော့ပျာလ် မျက်စိမိတ်လို့ သောက်ရဖို့ " ယပိုင်နန့် ကျနော် အရက်သောက်ရစော်ကို အကျင့်ရပါလတ်တေ။ ပထမတန်း အသောက်သမားဖြစ်ပါလတ်တေ။ အရက်သမားဂုဏ်ခံလာရရေ။

အားရိုးရို့ ဘိုယီးရို့မိတ်ဆက်ပီးရေ မြို့ထဲက တခြားကိစ္စတိလေ့ဟိသိရေ။ ကျနော်အလုပ်ရလို့ မကြာခင် တရက်နိမှာ သူရို့က ကျနော့်ကို မရိန်းစကွဲက နီရာတခုကို ခေါ်လားခကတ်တေ။ ကျနော်ရို့ ပထမထပ်ကို တက်လားခမှာ မီးလုံးအစိမ်းတိထွန်းထားရေ အခန်းချေတခန်းကို လူအပြည့်နန့်တွိရရေ။ မီးအစိမ်းက ဂျယ်လီပိုင်ပိန်းလို့။ စောင့်နီကြည့်နီကတ်တေ မိန်းမတိက ယင်းခန်းထဲမှာ ကန်ကမကန်။ "အယုတ္တ အနတ္တမပြောရ" လို့လေ့ ဆိုင်ဘုတ်တစ်ဘုတ်မှာရီးထားသိရေ 

ကျနော်ရို့ ဘားကိုလားလို့ အရက်တခွက်သောက်ကတ်တေ။ အချိုပျစ်ပျစ်နန့် တခွက်ယေ။ 

"မင်း ဇာကောင်မကို ကြိုက်လေ "လို့အာရိုးက မီးရေ။

ကျနော် ချက်ချင်းသဘောပေါက်လိုက်တေ။ စိတ်လေ့ ပျက်လားခရေ။ ကျနော် အခန်းထဲက ပြီးထွက်ပျာလ် အိမ်သို့ ပြန်ပါလတ်တေ။ စိတ်လေ့ ဆကေမသက်သာ ကြောက်လေ့ ဆကေကြောက်မိရေ။

အေတောင်ကိုငါကျော်နိုင်ဖို့စော်ရာ "လို့ ကျနော် ကိုယ့်ဖို့ကိုပြောမိရေ။

နောက်နိညဉ့် ကျနော် ကလပ်ကို အရာတခေါက်လားရေ။ ပြီးကေ အရာလားရေ။

ပါတီပွဲအကြမ်းတိ လုပ်ကတ်တေ။ မာရကာဘေးသို့ ရမ် နန့် မိန်းမတိကို ယူလားပျာလ် ညဉ့်လုံးပေါက်ပျော်ကတ်တေ။

"နင်ကောင်းရိုင်းလာပျာလ် "လို့ ကျနော့်အမိက ပြောရေ။

တရက်နိ ကျနော် အသောက်လွန်လားပျာလ် နှစ်ရက်လောက် ယစ်မနီခင်ထိ အမိပြောစော်ကို ကျနော် ဂရုမစိုက်မိခ။ အယစ်ပြေလာခါမှ အရက်ကိုပါ ဆလိပ်ကိုပါ တခါလေ့ မသောက်ပျာလ်လို့ ကတိပီးလိုက်တေ။ 

"အမှန်က ကျနော့ အပြစ်တော့ မဟုတ် ထရီနီဒတ်ကြောင့်ဖြစ်စော် အေနီရာမှာ အရက်သောက်နီဖို့ကလွဲကေ ဇာလုပ်ဖို့ဟိလို့လဲ "လို့ ကျနော် ကျနော့်အမိကိုပြောလိုက်တေ။

နောက် နှစ်လလောက်ကြာခါ ကျနော့် အမိကပြောရေ "နောက်အပတ်ခါ နင် ငါနန့်လိုက်ပါလတ် ငါရို့ ဂနတ်ပဏ္ဍိတ်ကိုလားတွိကတ်ဖို့"

ဂနတ်ပဏ္ဍိတ်က ဂမ္ဘီရလိုင်းကို မလိုက်စော်ကြာပျာလ်။ နိုင်ငံရေးလိုင်းကိုလိုက်နီရေ။ အဆင်လေ့ပြေနီပါရေ။ သူက ဌာနတခုခုမှာ ဝန်ကြီးဆိုလာ ဇာဆိုလေ ဖြစ်နီရေ။သူက MBEဘွဲ့ရဖို့ လုံးပန်းနီရေလို့  လူတိပြောနီကတ်စော်တော့ ကြားမိရေ။

ကျနော်ရို့ သားအမိ စိန်ကလဲလမ်းက သူ့အိမ်ကြီးကိုလားလို့ တွိကတ်တေ။ပုဂ္ဂိုလ်ကြီးက ဂမ္ဘီရလုပ်နီခါပိုင် ဒိုတီနန့် ကူတား အင်္ကျီနန့် မဟုတ်ပျာလ်။ စျီးများပုံရရေ အနောက်တိုင်းဝတ်စုံအပြည့်နန့်။

သူက ကျနော့အမိကို ဖက်လှဲတကင်း လက်ခံတွိရေ။

"ကျနော် လုပ်နိုင်စော်ကို လုပ်ပီးမေ"

ကျနော့အမိ ငိုကျပါရေ။

ဂနတ်က ကျနော့်ကို ပြောရေ "နိုင်ငံခြားကိုလားလို့  မင်း ဇာ သင်ချင်စော်လေ။"

" အမှန်ပြောရဖို့ဆိုကေ ကျနော် တခုကိုလေ့မသင်ချင်ပါ။ အဝီးကို ထွက်လားချင်ရုံပါ။ ယလောက်ပါရာ။"

ဂနတ်က ပြုံးပျာလ်ပြန်ပြောရေ။

"ယေပိုင်မျိုးအတွက်တော့ အစိုးရက စကော်လာမပီးသိ။ မင်းပြောစော်ပိုင်မျိုးကိုက ဝန်ကြီးတိရာ လုပ်ပီးလိုရစော်ဝေး။ မဟုတ်သိဝေ၊ မင်း တခုခုတော့သင်ရဖို့ "

"ကျနော် အေအကြောင်းကို တခါလေ့ မစဉ်းစားဖူးခလို့ပါ ကျနော် တချက်ချေ စဉ်းကြည့်ပါမေ"

ဂနတ်က "အေး တချက်စဉ်းစားကြည့်ဦးသိ" လို့ ဆိုရေ

ကျနော့ အမိက ကျေးဇူးတင်လွန်းလို့ ငိုနီလီရေ။

"ကျနော်သိပါပျာလ် ကျနော် အင်ဂျင်နီယာပညာသင်ချင်ပါရေ "လို့ ကျနော်ပြောလိုက်တေ။ စိတ်ထဲမှာ ကျနော့်ဝရီး ဘက္ခုကို အတွက်ပေါ်လားခရေ။

ဂနတ်က ရယ်ပျာလ် ပြန်မီးရေ

"မင်း အင်ဂျင်နီယာ ပညာအကြောင်း ဇာတိသိလေ"

"အခုတော့ခါ တစ်ခုလေ့ မသိပါသိ။ ယကလေ့ စိတ်နှစ်လို့ လုပ်နိုင်ပါရေ။"

"နင် ဥပဒေလိုင်းကို မလိုက်ချင်လာ"လို့ ကျနော့်အမိက ဝင်ပြောရေ။

ကျနော့်စိတ်ထဲမှာ ချီတာရန်ဂျန်နန့် သူ့ ဝတ်စုံအညိုရောင်ကို အတွက်ပေါ်လားမိရေ။

"ဥပဒေလိုင်းတော့ မလိုက်ချင်"လို့ ပြောလိုက်တေ

ဂနတ်က "စကော်လာက တခုရာ ကျန်ပျာလ် ဆီးဝါးပညာရာ ကျန်ပျာလ်"

"ကျနော် ဆီးရောင်းသား မဖြစ်ချင်ပါ အင်္ကျီအဖြူဝတ်ပျာလ် မိန်းမတိကို နှုတ်ခမ်းဆိုးဆီး မရောင်းချင်ပါ"

ဂနတ်က ပြုံးလားရေ။

"စိတ်မဟိပါကေ့ ပဏ္ဍိတ် ယင်းသူ ဆီးဝါးပညာကို သင်ပါလိမေ

နင် စိတ်ပါကေ ဇာချင့်ကိုမဆို သင်လို့တတ်ပါရေဟေ" လို့ ကျနော့်အမိက ပြောရေ။

"မင်းစဉ်းစားကြည့်စမ် လန်ဒန်ကို လားရဖို့စော်နန်း နှင်းဆိုစော်ကို သိမ်းမြစ်ဆိုစော်ကို မြင်ဖူးရဖို့စော် ဧရာမ ပါလီမန်ကို မြင်ရဖို့စော် "လို့ဂနတ်ကပြောရေ။

"ဟုတ်ပါပျာလ် ကျနော် ဆီးဝါးပညာကိုရာ  ပါဖို့ပျာလ်"

"ပဏ္ဍိတ်ကို ဇာပိုင်ကျေးဇူးဆပ်ရဖို့မှန်းတောင် မသိပါပျာလ် "လို့ကျနော့်အမိကပြောလိုက်တေ။

ပြီးကေ ငိုနီယင်းနန့် ဒေါ်လာနှစ်ရာကို ထုတ်လို့ရွီပျာလ် ဂနတ်ကို ပီးလိုက်တေ။

"မများမှန်း သိပါရေ ပဏ္ဍိတ် ၊ အကျွန့်မှာ ဟိသလောက်ချေပါရာ၊ ယေလောက်ရဖို့ပင်က အကျွန်အကြာကြီး စုခရစော်ပါ"

ဂနတ်က စိတ်မကောင်းရေပုံနန့် ဖေ့သာကိုယူပျာလ် ပြောရေ။

"ယင်းအတွက်နန့်တော့ခါ စိတ်မပူပါကေ့ မမမှာ တတ်နိုင်ရေဆီရာ ပီးလို့ရပါရေ"

ကျနော့ အမိက ဆက်လို့ငိုနီသိရေ။ နောက်ဆုံး ဂနတ်ပါ စိတ်မထိန်းနိုင်ပဲနန့် ငိုချလိုက်တေ။

ကျနော့ အမိက ဂနတ် ငိုနီစော်ကို မြင်စော်နန့် မျက်ရည်တိကို သုတ်ပလိုက်ပနာ ပြောလိုက်တေ။

" အကျွန်ဇာလောက် ပူနီခရလေဆိုစော်ကို ပဏ္ဍိတ်ရာ သိခဖို့ဆိုကေပါလေ၊ အေရက်ပိုင်းမှာ အကျွန်လေ ကိစ္စတိအများကြီးအတွက် ဖေ့သားတိအများကြီးရှာခရပါရေ၊ ဇာပိုင် ဆက်လုပ်ရဖို့မှန်းတောင် အကျွန်အဂင့်မသိပါပျာလ်"

ယေမှာ ဂနတ်က အငိုတန့်လားရေ။ ကျနော့်အမိက အရာပြန်ငိုရေ။

ဂနတ်က ကျနော့်အမိကို ဒေါ်လာ တစ်ရာပြန်မပီးခင်ထိ ယပိုင် ငိုလိုက်ကတ် တန့်လိုက်ကတ်နန့် ဖြစ်နီခရေ။

ဂနတ်က အသက်ယှိုက်ယင်း တုန်တုန် တုန်တုန်နန့် ပြောရေ

" အေ ဖေ့သာကိုယူပနာ အချေအတွက် အဝတ်အစားအကောင်း ဆကေ ဝယ်ပီးလိုက်ပါ "

"ပဏ္ဍိတ် အခင်က လူကောင်းသူကောင်းပါ "လို့ ကျနော်ပြောလိုက်မိရေ။

ကျနော့်စကားက ဂနတ်ကို လီးလီး သက်ရောက်လားပုံရရေ။

"မင်း ဆာတီဖီကတ်တိ အောင်လက်မှတ်တိတပုံနန့် အင်္ဂလန်က ပြန်လာလို့ လူကြီးဖြစ်လားခခါ ဆီးဝါးပညာသျှင်ဖြစ်လားခခါ ငါ မင်းဘားသို့ လာဖို့၊ မင်းဘားမှာ ငါအတင်ဟိစော်တိကို တောင်းဖို့လာဖို့ဝေး "လို့ ဂနတ်ကပြောလိုက်တေ။

ကျနော် လားဖို့အကြောင်းကို ဟတ်ကိုပြောပြလိုက်တေ။

"ဇာလုပ်ဖို့လဲ အလုပ်လုပ်ဖို့အတွက်လား"

"အစိုးရက ကျနော့်ကို စကော်လာတစ်ခုပီးလို့"

"အေဂွင်ကို မင်း ဖန်စော်လား"

"ကျနော်မဟုတ် ကျနော့်အမိပျင်စော်"

အတ်ဒိုးကလေ့ ပြောရေ။

"ကောင်းရေဝေး ငါသိရေ ဆီးဝါးပညာသျှင်တယောက်ဟိရေ သူ့ဘားက ငါ အမှိုက်သိမ်းလာစော်ကြာပျာလ် ကောင်းချမ်းသာရေဝေး ဖေ့သားတိက လှိမ့်ဝင်စော်"

ကျနော့်သတင်းက အီးလျားစ်ဘားသို့လေ့ ရောက်လားခရေ။ သူ ကောင်း ထိခိုက်ခံစားလားခရရေ။ တညဇာသား ခြံတံခါးနားလာပျာလ် အော်ရေ။

"လာဘ်ဝေး လာဘ် မင်းရို့လုပ်ဖို့တတ်စော် ယလောက်ပျာလ် လာဘ်ထိုးစော်ဝေး"

"ဟေး လာဘ်ပီးဖို့ပင် ဖေ့သာမဟိ စုပ်စရာ မဟိရေကောင်တိရာ လာဘ်ပီးစော်ကို မကောင်းပြောစော်ဟေး "လို့ ကျနော့်အမိက ပြန်အော်ရေ။

တလလောက်အတွင်းမှာ ကျနော်လားဖို့အတွက် အဆင့်သင့်ဖြစ်လားခရေ။ ထရီနီဒတ်အစိုးရက နယူးယောက်က ဗြိတိသျှကောင်စစ်ဝန်ဘားသို့ ကျနော့်အကြောင်းကို စာရီးပို့ရေ။ ဗြိတိသျှကောင်စစ်ဝန်က ကျနော်အကြောင်းသိလားခပျာလ်။ အမေရီကန်တိက လက်နက်ကိုင်ပျာလ် သူရို့အစိုးရကို မတော်လှန်ပါလို့ ကျိန်ခိုင်းပြီးကေ ကျနော့်ကို ဗီဇာထုတ်ပီးလိုက်တေ။

ကျနော်မလားခင်ညဉ့်မှာ ကျနော့်အမိက ပွဲချေတစ်ပွဲလုပ်ပီးရေ။ အသုဘစောင့်ကတ်တေပိုင်ရာ။ လူတိက ဝမ်းနည်းရေ ပုံစံတိနန့်လာကတ်ပြီးကေ ကျနော်ကို့ သတိရလို့နီလီကတ်ဖို့ပျာလ်လို့ ပြောကတ်တေ။ ပြီးစော်နန့် ကျနော့်ကို မိလားခကတ်ပနာ စားဖို့သောက်ဖို့ ကိစ္စကိုရာ အရေးတကြီးပျင်နီလီကတ်တေ။

လော်ရာက ကျနော့်ပါးကိုနမ်းရေ ပြီးကေ လက်ဖွဲ့တစ်ခုပီးရေ။ ကျနော့်လိုင်ပင်းမှာဆွဲထားရဖို့လို့ပြောရေ။ ကျနော်လေ့ ဆွဲထားဖို့လို့ကတိပီးလိုက်ပနာ လက်ဖွဲ့ကို အင်္ကျီအိတ်ထဲမှာ ထည့်ထားလိုက်တေ။ ယင်း လက်ဖွဲ့ ဇာဖြစ်လားခလေတော့ မသိလိုက်ပျာလ်။ 

အခင်ဘက္ခုအိမ်သျှင်မက ဒင်္ဂါးခပ်ချေတစ်ခပ်ပီးရေ။ သိဒ္ဓိတင်ထားစော်လို့ဆိုရေ။ အရာဒင်္ဂါးခပ်တိနန့်ကွာပိုင်တော့ ကျနော်မတွိ။ ယင်းဒင်္ဂါးကို ကျနော်သုံးပလိုက်မိရေ ထင်ပါရေ။ 

ဆရာတိုက်တပ်ဟွိုက်က ဖြစ်ခစော်တိအားလုံးအတွက် ကျနော့်ကို ခွင့်လွတ်ပီးလိုက်တေ။ ပြီးကေ ကျနော့်အတွက် အဲဗရီးမန်းတိုက်က ထုတ်တေ တန်နီဆန်ကဗျာပေါင်းချုပ် ဒုတိယတွဲကိုယူလာရေ။ အတ်ဒိုးက ဖေ့သာအိတ်တစ်အိတ်ပီးရေ။ အဂင့်အသစ်စက်စက်ပိုင်လို့လေ့ ကျိန်ပြောသိရေ။

အားရိုးနန့် ဘိုယီးကတော့ခါ တစ်ခုလေ့မပီးကတ်။

ဟတ်က ကျနော့ကို ဆီကလိပ်တစ်ကာတွန်းပီးရေ။

"မင်း ဆလိပ်မသောက်ပျာလ်လို့ပြောထားစော်ကိုတော့သိပါရေ။ ယကေလေ့ စိတ်ပြောင်းလားခလို့သောက်ချင်ကေရအောင်လို့်"လို့ပြောရေ။

ရလဒ်က ကျနော် ဆီကလိပ်ပြန်သောက်ဖြစ်လားခရေ။

အခင်ဘက္ခုက မိုးထသားခါ ကျနော်စီးလို့လားဖို့ကားကို တညဉ့်လုံးပျင်နီရေ။ ကျနော်လေ့ တချက်ချက် အိမ်ပြင်ပြီးထွက်ပနာ အီးအီးသက်သာရာ လုပ်ဖို့ သူ့ကို တောင်းပန်ယူရရေ။

မိုးလင်းမှာလေ့ အရာ စစောချေထလို့ ကားကို ပျင်နီသိရေ။ ကျနော်ရို့က ရှစ်နာရီမှာ အိမ်ကထွက်ဖို့လို့ မှန်းထားစော် ဆယ်နာရီရာထိုးလားခရေ အခင်ဘက္ခုက ကားနှိုက်ကောင်းတုန်းသိ။ ကျနော့်အမိက လန့်ပါလတ်တေ။ သူ့အိမ်သျှင်မက စိတ်မရှည်ဖြစ်ပါလတ်တေ။

အခင်ဘက္ခုကတော့ခါ ကားအောက်မှာသိ။ ရာမာယဏဇာတ်ထုပ်က လင်္ကာသွားတပိုဒ်ကိုတောင် လီချွန်နီလိုက်သိရေ။

ပြီးမှ ကားအောက်က ထွက်လာပနာ ရယ်လိုက်တေ။

"ကောင်း ကြောက်လားခကတ်လာအာ "လို့ဆိုရေ။

ကျနော်ရို့ အလားလုံးသူ အဆင်သင့်ဖြစ်ပျာလ်။ အခင်ဘက္ခုက ကားအင်ဂျင်ကို မဖျက်ဆီးမိခ စက်နှိုးလို့ရသိရေ။ ကျနော့် အထုပ်အပိုးတိကို ကားသို့ယူလားကတ်တေ။ နောက်ဆုံး ကျနော်အိမ်က ထွက်လားဖို့ အဆင်သင့်ဖြစ်နီပျာလ်။

"တချက်နီဦး" လို့ ကျနော့်အမိက ပြောလိုက်တေ။

ပြီးကေ ကြီးနို့ဗုံးတစ်လုံးကို ခြံဝင်ပေါက် အလယ်ခေါင်တည့်တည့်မှာ ထားလိုက်တေ။ 

ယင်းခါက ဇာပိုင်ဖြစ်လားခရလေဆိုစော်ကို ကျနော် အခုထိနားမလည်သိ။ ခြံဝက ကားတစ်စီးဝင်စာလောက်ကျယ်ရေ။ နို့ဗုံးက ဗြက်လေးလက္မလောက်ရာဟိရေ။ ပြီးကေ အလယ်ခေါင်တည့်တည့်မှာထားထားစော်။ ကျနော်နို့ဗုံးနန့်အဝီး ခြံဝင်ပေါက်အစွန်နားကပ်လို့ လျှောက်ခစော်ရာထင်ပါရေ။ ယကေလေ့ နို့ဗုံးကို ဖြစ်အောင် ခြလုံးသတ်မိခသိရေ။ 

ကျနော့အမိ မျက်နှာ ညိုလားခရေ။

"မကောင်းရေ နိမိတ်လား" လို့ကျနော် မီးလိုက်တေ။

ကျနော့်အမိက ပြန်လို့မဖြေ။

အခင်ဘက္ခုက ကားဟွန်းကိုတီးနီပျာလ်။

ကျနော်ရို့ ကားထက်ကို တက်လိုက်ကတ်တေ။ အခင်ဘက္ခုက မီဂွယ်လမ်းအတိုင်းမောင်းရေ။ ပြီးကေ ရိုက်စတန်လမ်းဘက်ကို တက်တေ။ ယေကနီ ဆောက်ကီးလမ်းအတိုင်းမောင်းရေ။ ကျနော် ကားပြတင်းပေါက်နီ အပြင်ကိုမကြည့်ခ။

ကျနော့်အမိက ငိုနီရေ။ " ငါသိပါရေ၊ ငါ နင့်ကို မီဂွယ်လမ်းထဲမှာ အရာတခါလေ့ တွိလီရဖို့မဟုတ်ပျာလ်"

"ဇာအတွက်နန့်လဲ ၊ ကျနော်နို့ဗုံးကို မှောက်ပစ်ခမိလို့လား"

သူက ပြန်လို့မဖြေ။ မိတ်လားခရေ နို့အတွက်နန့်ရာ ဆက်လို့ ငိုနီလီရေ။

ပို့အော့စပိန်နန့် ဆင်ခြီဖုန်းကို ကျော်လာခါမှရာ ကျနော် အပြင်ကိုကြည့်လိုက်တေ။ ကြည်ကြည်လင်လင်နန့် ပူနီရေ ရက်တစ်ရက်ရာ။ ယောက်ျားတိ မိန်းမတိက လယ်ကွက်တိမှာ အလုပ်လုပ်နီကတ်တေ။ အချေတရွီက လမ်းဘေးက ဘုံဘိုင်မှာ ရီချိုးနီကတ်တေ။ 

ကျနော်ရို့ ပီယာကို ကို အချိန်ကောင်းမှာ ရောက်လားခကတ်တေ။ ယင်းအချိန်ကျခါမှာ စကော်လာမရခလီကေကောင်းလီဖို့လို့ ကျနော်စိတ်မှာမှတ်မိရေ။ လေဆိပ်ခန်းက ကျနော့်ကို ကြောက်စိတ်ဝင်စီရေ။ အမေရီကန်ဝတုတ်တိက အရက်ဘားမှာ အရက်အဆန်းတိသောက်နီကတ်တေ။ အမေရီကန်မတိက နီကာမျက်မှန်တိနန့်။ စကားပြောကတ်ကေလေ့ အသံအကျယ်ကြီးတိနန့်။ သူရို့ကို ကြည့်ရစော် ကောင်းပင်ချမ်းသာပျာလ် ကောင်းပင် သက်တောင့်သက်သာဟိကတ်တေ ပုံစံမျိုးတိ။

အသိပီးသတင်းက အင်္ဂလိပ် စပိန်စကားနှစ်မျိုးနန့် ထွက်လာရေ။ ဖလိုက် ၂၀၆ က ခြောက်နာရီလောက်နောက်ကျဖို့လတ်။

"ပို့အော့စပိန်ကို ပြန်လားကတ်မေ" လို့ ကျနော်က ကျနော့်အမိကို ပြောလိုက်တေ။

ဇာပင်ဖြစ်ဖြစ် အေအမေရီကန်တိနန့် တချက်ချေနီကေ ပြန်တွိရဖို့စော်ပျာလ် ဆိုစော်ကို့တော့ခါ သိပါရေ။ တချက်ချေလောက်တော့ ဆိုင်းထားချင်မိရေ။

မီဂွယ်လမ်းကို ပြန်အလာမှာ ကျနော်ထမဆုံးတွိရရေ လူက ဟတ်။ သူက သတင်းစာတအုပ်ကို လက်ကြားမှာ ညပ်ပျာလ် ကာဖီဆိုင်က မလျှောက်ချင်လျှောက်ချင်နန့်ပြန်လာစော်။ ကျနော်က လက်ပြပျာလ် အော်ခေါ်လိုက်တေ။

"ငါက အခုအချိန်လောက်ဆိုကေ မင်း လီပျံထက်မှာ ဟိလီဖို့လို့ ထင်ထားစော် "လို့ရာ ပြန်ပြောရေ။ ယလောက်ပျာလ်။

ကျနော်စိတ်ပျက်လားခမိရေ။ ဟတ်က အီးတီအီးစက်တုန့်ပြန်စော် တခုထဲကြောင့်တော့ခါ မဟုတ်။ ကျနော် အပြီးအပိုင် ထွက်လားဖို့အတွက် အဝီးကိုရောက်နီခစော်မှာတောင် အားလုံးက အယင်အတိုင်းရာ လည်ပတ်နီကတ်တုန်းသိ။ ကျနော်မဟိမှု ကို ဖော်ညွှန်းစော်ဆိုလို့ တခုလေ့မဟိ။ စိတ်ပျက်မိရေ။

ခြံဝက မှောက်နီရေ ကြီးဗုံးကို ကြည့်ပျာလ် ကျနော့်အမိကို ပြောလိုက်တေ။

"အေချင့်လား ကျနော် အေနီရာကို တခါလေ့ ပြန်မရောက်ပျာလ်ဆိုစော်"

ကျနော့်အမိက ရယ်လိုက်တေ။ ပျော်နီရေပုံပါ။

နောက်ဆုံးအနီနန့် အိမ်မှာ စားရရေ ထမင်းတစ်ထပ်ကို ကျနော့်အမိ အခင်ဘက္ခု သူ့အိမ်သျှင်မရို့နန့် တူတူစားကတ်တေ။ ပြီးကေ လီပျံဆိုက်လို့ဟိနီလီရေ ပီယာကိုကို ပူနီရေလမ်းအတိုင်းပြန်လာကတ်တေ။ ကာစတင်အရာဟိတစ်ယောက်က ကျနော့ အသိ။ သူက ကျနော့်အထုပ်အပိုးတိကို မစစ်လိုက်ပျာလ်။

လီပျံထွက်ဖို့ ကြေငြာချက်ထွက်လာရေ။ အီးအီးစက်စက်နန့် အမှတ်မထင်ရာ။

ကျနော့်အမိကို ဖက်လိုက်တေ။

ပြီးကေ အခင်ဘက္ခုကိုပြောလိုက်တေ။

"ခင်ခင် ကျနော် အယင်ခါ မပြောချင်ခလို့ ခင်ခင်ကားက ဘားခေါက်သံကြားမိရေလို့ ထင်ပါရေ"

သူ့မျက်လုံးတိ အရောင်တောက်လားခရေ။

ကျနော် သူရို့ကို ထားပစ်ခပျာလ် လီပျံသို့ သွက်သွက်ချေ လျှောက်ပါလတ်တေ။

နောက်ကို လှည့်မကြည့်။ နိုင်လွန်ကတ္တရာလမ်းထက်မှာ ဂျပုချေတစ်ယောက်ပိုင် ကနီရေ ကျနော်အရိပ်ကိုရာကြည့်လို့ လျှောက်ပါလတ်တေ။

ပြီးပျာလ်ဋ္ဌာနီကို စွန့်လို့ခွာရေ 

How I left Miguel Street by VS Naipaul

ပြီးပျာလ်

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)