ကလေး

 သမီး*ရဲ့ ကြည်လင်တဲ့မျက်လုံးက ​

ခြောက်ပြစ်ကင်း လှပတဲ့ အရာတခု။

အဲမျက်လုံး​လေးကို 

အ​ရောင်နဲ့ ဝမ်းဘဲ​တွေနဲ့ အ​မေဖြည့်​ပေးချင်တာ။

တိရစ္ဆာန်ဥယျာဥ် အသစ် 


သူတို့ရဲ့ နာမည်​တွေကို သမီးက စွဲ​နေအောင် မှတ်​နေမှာ

(နှင်းပန်းဖြူ**၊ မှိုပန်းဖြူ***) 


အတွန့်အ​လိပ်တွေမရှိတဲ့ ညှာတံက​လေး​

ရေကန်က​လေး

အဲ​မှာ ထင်​နေတဲ့ပုံရိပ်​တွေက

ခမ်းနားရမှာ ဂန္ထဝင်ဆန်​နေရမှာ။ 


​သောကနဲ့ ဂနာမငြိမ်ဖျစ်ညှစ်​နေတဲ့ ဒီလက်​တွေ

ကြယ်​လေးတလုံး​တောင်မရှိတဲ့

​ဒီ​မှောင်​မှောင်မဲမဲ မျက်နှာကြက်​တွေ ရှိမ​နေသင့်ဘူး​လေ။


ChildBySylviaPlath

* မူရင်းမှာYourသားရယ် သမီးရယ်လို့ ​ဖော်ပြမထား

**April Snowdrop အဘိဓ္ဓါန်လာမှာ နှင်း​ခေါင်း​လောင်းပန်း အ​နောက်ဘက်အယူမှာ ဒီပန်းကPurity Innocenceစတာ​တွေကို ကိုယ်စားပြုတယ် ဆိုတယ်

***Indian pipes မှိုနွယ်ပန်းတမျိုး ကဗျာရဲ့ အ​မှောင်ခြမ်းက အဲမှာစတယ် ဆိုရမယ် IPကိုGost Plant Corpse Plant လို့လဲ​ခေါ်ကြတယ်

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)