ကဗျာ Parody
Parody ဆိုစော် ကျနော်ရို့မှာဆိုကေ ဖျက်ဆိုရေ ဖျက်ရီးရေ ဆိုရဖို့လား။ တယောက်ရီးထား ဖွဲ့ထားစော်ကို အတုလုပ် တူပိုင်လုပ်ပနာ သရော်ရေ သဘောဆိုရဖို့လား။ Willam Carlos Williams က မော်ဒန်ကဗျာဆရာ Modernist Poet၊အနည်းဆုံးပြောလီ ကောင်းလီဆိုရေ Minimalist။
Kenneth Koch က New York Renaissance or Schoolကို ခေါင်းဆောင်ရေ အခန်းကပါခရေလူ။
ပြောစော်ရာ
ရီခဲဘူးထဲမှာ
ဟိခရေ
ဇီးသီးတိကို
ငါ စားပစ်ခဗျာလ်ဆိုစော်ကို
ယင်းချင့်တိက
ဘရိတ်ဖက်အတွက်
နင်ချန်ထားစော်
ဖြစ်ချင် ဖြစ်ဖို့
ငါ့ကို ခွင့်လွတ်ပါဝေ
ယင်းအသီးတိက အရသာဟိရေ
ချိုရေနန့်
အီးရေနန့်
This is just to say by Willam Carlos Williams
---===========
ဝီလျံ ကားလို့စ် ဝီလျံစ် ရီးရေ သိင်းတခုမှာ မျိုးကွဲတိ
၁
လာဖို့ နွီရာသီမှာ နီဖို့အတွက် နင်ထိန်းသိမ်းနီရေ အိမ်ကို
ငါ ခွတ်ချပလိုက်ဗျာလ်။
ဆော်ရီပါဝေ။ အချိန်ကလေ့ မိုးထသား၊ငါမှာကလေ့ လုပ်ဖို့တခုလေ့ မဟိ၊ ယင်းအိမ်သစ်သားထုတ်တန်းတိကလေ့ ငါ့ကို သွီးဆောင်နီခစော်ကို။
၂
ဟော်လီဟော့ပန်းတိကို ကြည့်ပနာ ငါရို့တူတူ ရယ်ခကတ်တေနန်း။
ပြီးကေ ငါ ယင်းအပင်တိကို ဂျီးချွတ်ဆီးနန့် ဖြန်းပစ်လိုက်မိရေ။
ငါ့ ခွင့်လွတ်ပါဝေ။ငါ ဇာလုပ်နီခမှန်း ငါ ရိုးရိုးချေ မသိစော်ပါရာ။
၃
လာဖို့ဆယ်နှစ် နီနိုင်ဖို့အတွက် နင်စုနီခရေ ဖေ့သာတိကို ငါပီးပလိုက်ဗျာလ်။
ယင်းဖေ့သာကို တောင်းခရေလူက အနုပ်အစုပ်ပါ၊
ပြီးကေ ဆင်ဝင်အောက်က မတ်လလီပြင်းကလေ့ ကောင်း အရည်ရွှမ်းပနာ အီးနီခစော်ကို။
၄
ညက ညဇာသား ငါရို့ ကဖို့လားကတ်တေအခါ ငါ နင့်ခြီထောက်ကို ချိုးမိခရေနန်း။
ငါ့ ခွင့်လွတ်ပါဝေ။ ငါက နမော်နမဲ့နန့် ပါရာ
ပြီးကေ ငါက နင့်ကို ဝါ့ဒ်ထဲမှာ ဟိစီချင်ရေ၊ယေမှာ ငါက ဒက်တင်ကို။
Variations on A Theme by William Carlos Williams By Kemmeth Koch
Comments
Post a Comment