ဂျွင် အက်ရှ်ဘယ်ရီ ၅

 ကဗျာက ဇာရောင်


အလယ်ခေတ်မြို့၊ နာဂိုယာ°က ကင်းထောက်ကလေချေတိ အရုပ်နန့် ဖောင်းရစ်*လား။ 


ငါရို့ နှင်းကျစီချင်ခါ ကျလာရေနှင်းလား။

နိမိတ်ပုံ အလှပတိလား။ဒေကဗျာမှာပိုင် 


စိတ်ကူးစိတ်သန်းတိကို ယှောင်ဖို့ ကြိုးစားစော်လာ။

ယေလေ့ ငါရို့က ယင်းချင့်တိဘားကို ပြန်လို့စီလားကတ်တေ၊


ဆန္ဒဟိရေ မယားငယ်ကို ထားပစ်ခပနာ အိမ်သျှင်မဘားကို ပြန်လာကတ်ပိုင်မျိုး။

ခု သူရို့ ယုံကတ်ရဖို့ဗျာလ်။


ငါရို့ ယုံကတ်တေပိုင်မျိုး။စာသင်ကျောင်းမှာက 

စိတ်ကူးတိအားလုံးကို ဝဖီးချပ်နန့် ခြစ်ချပလိုက်တေ။


ကျန်လို့ဟိခစော်က ပြင်တပြင်ပိုင်။

မင်းမျက်စိတိကို ပိတ်ထားလိုက်၊ မိုင်တာပတ်လည်အတွင်းမှာ 

ယင်းချင့်ကို မင်း ခံစားမိလိမေ။


ခုမျက်စိတိဖွင့်ပနာ ဒေါင်လိုက်ကြောင်း မျှင်မျှင်ချေကိုကြည့်

ပီးဖို့၊ ဇာကိုလေ ၊ပန်းဆကေချက်ချင်းလား။


What is Poetry by John Ashbery


° နာဂိုယာ Nagoya မော်ဒန်ခေတ်ဦးမှာ အနောက်က အရှိကိုတွိရေဆိုပနာ ဟိုက္ကူတိကို ဘာသာပြန်စော်တိ ယင်းပုံစံနန့်ရီးစာတိ ဟိခစော်နန့် ဆိုင်လာ Ezra Poundရို့ ပြင်သစ် Surrealistတိလေ့ ရီးခရေ Paul Eluardရို့

*Freize ယာယီဘာသာပြန်ပါရာ

မူရင်းသဘောက ခမ်းနားမှုပါရေ ရုပ်ထုတိနန့် အလှဆင်ထားရေ ဖောင်းရစ် ဗမာမှာတော့ ပန်းဆွဲတန်း ဆိုပနာ တခုဟိရေ

အမေရိကန်ဝေဖန်ရေးကဝိတဆူ Helen Vendlerက AB နန့်ပတ်သက်ကေ သူမကြာမကြာ မှားတတ်တေလို့ ရီးဖူးရေ အင်တန် အုံးစားခိုင်းရစော် ခြီပုံရရေ

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)