ခိုးထားရေ စကားလုံးတိ
ကမ္ဘာစော် လိမ္မော်သီးတလုံးပိုင်အပြာရောင်*
မဟုတ် လိမ္မော်သီးက လိမ္မော်ရောင်
မဟုတ် ကမ္ဘာသီးက ကမ္ဘာသီးရောင်
ကမ္ဘာစော် သရက်သီးတလုံးပိုင် အနီရောင်
မဟုတ် သရက်သီးက အစိမ်းရောင် မဟုတ် အဝါရောင်
မဟုတ် သရက်သီးက သရက်သီးရောင်
ကမ္ဘာစော် ကျားပါးစပ်ထဲက ပင်လယ်ဖျံတကောင်°
မဟုတ် သမင်တကောင် မဟုတ် လူတကောင် မဟုတ်လူတယောက်
ကမ္ဘာစော် ပြည်ယိုနီရေ နားတဖက် **
မဟုတ် ရောင်နီရေ အူအတက် မဟုတ် ကိုဗစ် နိုင်တိန်း
မဟုတ် ကြင်နီရေ ကိုယ်ဝန်
ကမ္ဘာစော် ကုန်းထက်ဝက် ရီထက်ဝက်
မဟုတ် ဖားတပိုင်း ငါးတပိုင်း မဟုတ် လူတပိုင်း ဘုရားတပိုင်း
ကမ္ဘာစော် ဘာသာပြန်ထားရေ ဘော်လုံးတလုံး
မဟုတ် ကိုယ်တိုင်ရီး ခရိကတ် မဟုတ် မှီးထားရေ ဘေ့စ်ဘော
ကမ္ဘာစော် မျိုးချစ်စိတ်ပြင်းထန်ရေ ဝါးတုတ်တချောင်း
မဟုတ် လစ်ဘရယ် မှိုဟင်း မဟုတ် ဒီမိုကရက်တိတ် သင်္ဘောဥ
ကမ္ဘာစော် မျိုးစိပ်တိ ရှင်သန်ဖို့ ကြိုးစားမှု
မဟုတ် လုလုအောင် မဟုတ် မိထွေးတော် ဂေါတမီ
ကမ္ဘာစော် ငါ
မဟုတ် စကြဝဠာထဲက ဆန်ကွဲ မဟုတ် သိမှု
မဟုတ် မသိမှု မဟုတ် ဖွဲ
* The Earth is Blue Like an Orange Paul Eluard
° Free Union Andre Breton
** Feeling No Pain James Schuyler
Comments
Post a Comment