Vicente Huidobro ကဗျာဆကေ
Ars Poetica
ကဗျာက အခန်းပေါင်းတထောင်ကို ဖွင့်ရေ
သော့တချောင်းနန့်တူပါစီ။
အရွက်တရွက်ကြွီကျ၊ တခုခု အနားကဖြတ်ပျံလား။
မျက်စိနန့် မြင်ရစော်အားလုံး ဖန်တီးထားစော်ဖြစ်ပါစီ၊
နားထောင်သားစိတ်ဝိဉာဉ်က မခွဲနိုင်မခွာနိုင်နန့် ကြက်သီးဖြန်းဖြန်းထနီပါစီ။
ကမ္ဘာသစ်တိကို အိမ်မက်မက်၊ စကားလုံးကို သတိထား။
အသက်ကို မပီးနိုင်ခါ နာမဝိသေသနက သတ်တေ။
ငါ့ရို့ခန္ဓာတိက အာရုံကြောခေတ်တခေတ်မှာ။
ကြွက်သားတိက တွဲလောင်း
ပြခန်းတခုက အတွက်ရမှု°ပိုင်။
ယေလေ့ အေချင့်နန့်ပတ်သက်ကေ ငါရို့က အားမနည်း။
ရမ္မက်*အစစ်က
ခေါင်းထဲမှာဟိစော်။
အဝေ ကဗျာဆရာရို့ ဇာကျေးဇူးနန့် နှင်းဆီအတွက် တေးခြင်းဆိုနီကတ်လေ။
နင်ရို့ကဗျာမှာ သူ့ကို ပွင့်လာအောင်လုပ်ကတ်။
နီမင်းအောက်က အရာအားလုံးက
ငါရို့အတွက်ရာ ဟိနီကတ်စော်။
ကဗျာဆရာဆိုစော် ဘုရားချေတပါး။
°Memory
*passion
VH က ဗမာပြည်လွတ်လပ်ရေးမရခင် ၂ ရက်အလိုက သီရေ လက်တင်အမေရိက အဟောင်းအဆွီးဖြစ်ပါရေ။ လက်တင်အမေရိက က တမူထူးရေ Surrealism ကိုဦးဆောင်ခရေလူလို့ ဆိုပါရေ။ဖန်ဆင်းခြင်းဝါဒ Creacionismoဆိုပနာ ပျင်ခရေဆိုပါရေ။အေကဗျာရေ ယင်းဝါဒကြေငြာစာတမ်းလို့ ပြောလို့ရရေလို့ ဆိုကတ်တေ။နရူဒါ ပါ့ဇ် မားကပ်စ် ဘော်ရဂဲ မှ အပ ဖြစ်တေ လက်တင်အမေရိကန်တယောက်ဆိုပါဖိ
ဘာသာပြန်ခါ juxtaposition ဆကေကိုတော့ ပြောင်းလိုက်ရရေ
မုန်တိုင်း
မုန်တိုင်းညဥ့်
အမှောင်က ငါ့ခေါင်းကို ကိုက်တေ
မိုးကြိုးပစ်တေ
နတ်ဆိုးတိ
ဟော်လီဒေးကျနီကတ်တေ
လမ်းမှာ တယောက်လေ့ ဖြတ်မလား
သူ(မ) မလာ
တခုခု
လမ်းထောင့်မှာ ကျရေ
နာရီ
သီနီရေ
StormbyVicenteHuidobro
ညဉ့်
ညဉ့်က နှင်းကိုဖြတ်လို့ ချောတိုက်လားခစော်ကို နင် ကြားဖို့
တေးခြင်းက အပင်တိထက်ကနီလူးကျလာရေ
ပြီးကေ နှင်းမြူကို ဖောက်လို့ အသံမြည်ရေ စကားတိ
ငါက ဆီးသားလိပ်ကို ဖြတ်ခနဲ မီးညှိလိုက်တေ
ငါ့နှုတ်ခမ်းတိကို ဟလိုက်တေအခါတိုင်း
နတ္ထိကို မိုးရိပ်တိနန့် ငါ မြုပ်ပလိုက်တေ
ဖောင်တော်မှာ
ရွက်တိုင်တိက ငှက်သိုက်တိ အပြည့်နန့်
ပြီးကေ လီက
ငှက်တောင်ပံတိထဲမှာ ကြိုင်းနီရေ
လှိုင်းတိက သင်းဘော သင်္ဘောအသီကို လှုပ်ကတ်တေ
ကမ်းစပ်မှာ လီချွန်ယက်ပင်း
ငါ့လက်ချောင်းတိကြားမှာ အရောင်တောက်နီရေ ကြယ်ကို ငါကြည့်မိရေ
Comments
Post a Comment