ဝါကြီး ပရိုမီးသီးယပ်စ်

ပရိုမီးသီးယပ်စ်က သူ့ဘဝမှတ်တမ်းကို ရီးနီရေ။ယင်းမှတ်တမ်းမှာ လိုအပ်တေစနစ်တခုထဲက သူရဲကောင်းတယောက်၏ အနီအထားကို ယှင်းပြဖို့ သူ ကြိုးစားရေ၊ ဖြစ်ဟိမှုနန့် ကံ ကြမ္မာရို့၏ အချင်းချင်း ပဋိဖြစ်တေ အယူအဆတိကို အညမညကျအောင် သူ ကြိုးစားရေ။

မီးလင်းဖိုမှာ မီးက ပျော်ပျော်ရွှင်ရွှင်နန့် တခြွတ်ခြွတ်မြည်နီရေ။စားဖိုခန်းမှာတော့ခါ သူ့အိမ်သျှင်မက အလုပ်များနီရေ။ ကောင်းစိတ်လိုလက်ရဟိရေ ကလေ့မေချေပါ၊ သားတယောက်မမွီးပီးခနိုင်ကေလေ့ တနည်းတဖုံနန့်တော့ခါ သူလေ့ သမိုင်းထဲမှာ ပါလာဖို့စော်ရာလို့ ကိုယ့်ဖာသာကိုနှစ်သိမ့်ထားရေ မိန်းမချေပါရာ။ ညဇာဖက်ထမင်းစားပွဲအတွက် ပျင်နီဆင်နီကတ်တေ၊ ယင်းစားပွဲကို ရွာက ဘုန်ကြီးနန့် ဆီးသမားတယောက်ကိုဖိတ်ထားရေ။ယင်းဆီးသမားက အခုအချိန်မှာ ပရိုမီးသီးယပ်စ်အတွက် အရင်းနှီးဆုံး မိတ်ဆွေ။

မီးလင်းဖိုမှာ မီးက တခြွတ်ခြွတ်မြည်နီရေ။ ထရံထက်မှာ အစာသွတ်ထားရေ လင်းယုန်တကောင်၊ ပြီးကေ ကော့ကေးဆပ်က သျှင်ဘုရင်အဆိုးတယောက်ဘားက ကျေးဇူးတင်စာတစောင်။သူက ပရိုမီးသီးယပ်စ်လုပ်ခရေ တီထွင်မှု ကျေးဇူးနန့် သပုန်မြို့တမြို့ကို မီးတိုက်ရာမှာ အောင်မြင်ခရေလူ။

ပရိုမီးသီးယပ်စ်က ကိုယ့်ဖို့ကို ဟဟချေ ရယ်ရေ။ယင်းပိုင်ရယ်စော်က အခု သူနန့် ကမ္ဘာနန့် ရန်ဖြစ်စော်ကို ဖော်ပြရေ တခုထဲသော နည်းလမ်းပျာလ်။

Old Prometheus by Zbigniew Herbert

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)