ဂျေရုဆလင် အချစ်

     

အသားစိမ်းတိချည်းဗျာလ် ရောင်းရေ လမ်းတလမ်းဟိရေ

ပြီးကေ အဝတ်အစားတိ၊ရီမွှီးတိချည်းဗျာလ် ရောင်းရေ လမ်းတလမ်းဟိရေ

ပြီးကေ ဒုက္ခိတတိ၊မျက်ကန်းတိ ၊အနာကြီးတိအပြည့်နန့်လူတိ၊

အကြောဆွဲတိ၊နှုတ်ခမ်းအယွဲ့နန့် လူတိကိုချည်းဗျာလ်

ငါ မြင်ရရေ ရက်လေ့ဟိရေ

ဒေမှာ အိမ်တလုံးဆောက်ကတ် ထိုမှာ ဖျက်ကတ်တေ

ဒေမှာ  မြီကို တူးကတ်

ပြီးကေ ထိုမှာ အာကာကိုတူးကတ်တေ

ဒေမှာ ထိုင်ကတ် ပြီးကေ ထိုမှာ လမ်းလျှောက်ကတ်တေ

ဒေမှာ ချစ်ကတ် ပြီးကေ ထိုမှာ မုန်းကတ်တေ

တိုးရိစ်စာအုပ်ကြောင့်ဖြစ်ဖြစ် ဘုရားစာအုပ်ကြောင့်ဖြစ်ဖြစ်

ဂျေရုဆလင်ကို ချစ်တေ လူဆိုစော်က

လိင်ဆက်ဆံပုံလက်စွဲစာအုပ်ကို ကိုင်ပနာ 

မိန်းမတယောက်ကို ချစ်တေလူနန့် တူတူဗျာလ်ရာ။

Love of Jeruslam Yehuda Amichai

Comments

Popular posts from this blog

ဂရိကျောက်အိုး သာခြင်း

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)