ငါလူတယောက်ကို သိရေ Get link Facebook X Pinterest Email Other Apps August 07, 2021 အချစ်ခင်းခရေ အခန်း ပြတင်းကနီ မြင်ရရေ မြင်ကွင်းကိုကျဓါတ်ပုံရိုက်ပနာယေမှာ သူချစ်ခရေ မိန်းမကိုကျကေ ဓါတ်ပုံမရိုက်တေလူတယောက်ကိုငါသိရေI know a man Yehuda Amichai Get link Facebook X Pinterest Email Other Apps Comments
ဂရိကျောက်အိုး သာခြင်း August 07, 2021 မင်း၊ အဖျက်ဆီးမခံရသိရေ ငြိမ်ဆိတ်စော်မှာ သမီးသျှင်။ မင်း၊ တိန်းနီစော်နန့် ကြာရေအချိန်မှာ မွီးစပ်အချေ၊ ပန်းပွင့်ဝီဝီဆာဆာနန့် ဒဏ္ဍာရီကို ငါရို့ ကာရန်တိထက် ပိုလို့ချိုသာအောင် အေမျိုးပြောဖို့တတ်တေ ကျွန်းသမိုင်းဆရာ။ တမ်ပိမှာလာ၊အာကာဒီက လျှိုတိမှာလာ နတ်တိလား၊လူသားတိလား၊နှစ်မျိုးလုံးလား ယင်းချင့်တိဟိနီရေ မင်းသဏ္ဍာန်မှာ ဝဲနီစော်က အရွက်တဝီဝီနန့် ဇာဒဏ္ဍာရီလေ အေချင့်တိက ဇာလူ ဇာနတ်တိလဲ ထွက်ပြီးနီစော် ဇာမိန်းမအချေလေ ဇာ အရူးပိုင်းလိုက်ဖမ်းနီစော်လေ ဇာ လွတ်အောင် ရုန်းနီစော်လေ ဇာ ပလွီ ဇာတံပိုးတိလဲ၊ဇာစိတ်ရူးရိုင်းလဲ။ ကြားရရေ တေးခြင်းတိက ချိုရေ၊ ယေလေ့ မကြားရရေ တေးခြင်းတိက ပိုလို့ပင် ချိုသိယင်။ ယေနန့် အဝေး နုညံ့ရေ ပလွီတိ၊ ဆက်လို့ရာ မှုတ်ကတ်၊ ကြားရရေ နားတိအတွက် မဟုတ်ပဲနန့် ယင်းထက်ပိုလို့ ချစ်ဖို့ကောင်းစော်အတွက် အသံမပါရေ မြူးမြူးကြွကြွတေးခြင်းတိကို မှုတ်ကတ်။ အပင်တိအောက်က အဝေ လူပျိုနုလှချေ မင်း တေးခြင်းကို မင်းထားခလို့ရလီဖို့ မဟုတ်ဗျာလ် ယင်းအပင်တိလေ့ တခါလေ့ အရွက်ကြွီလီဖို့က မဟုတ်ဗျာလ်။ အဝေ ဝံ့စားရေ ချစ်သူ၊ ပန်းဖူးကို ပေါက်ဖို့ပါးခါမှ တခါလေ့ တခါလေ့ မင်း နမ်းလီရဖို့မဟုတ်ဗျာလ်၊ ယေလေ့ ဝမ်းနည်းလို... Read more
ရွင် ပတ်ဂျတ် ကဗျာတိ ၂ October 16, 2021 Ron Padgett ကဗျာဆိုစော် တနည်းအားဖြင့် လိုင်းအစု။ဆိုကေ အခြေခံကျရေ လိုင်းတိကို ကစပ်ကြည့်ကတ်ဖို့ကာ။ လိုင်းပြတ် လိုင်းတန့် တိ နန့် ရွင်ပတ်ဂျပ် Ron Padgett ကဗျာအတိုဆကေ ကဗျာ ငါက အိမ်ထဲမှာ။ အပြင်မှာ သာသာယာယာ။နှင်း အီးအီးထက်မှာ နီနွီးနွီး။ နွီဦးပထမဆုံးရက် မဟူတ်ကေ ဆောင်းနှောင်းနောက်ဆုံးရက်။ ငါ့ခြီထောက်တိ ပြီးဆင်းရေ လှီကားထစ်ကနီ ပြီးကေ တံခါး အပြင်သို့၊ငါ့ အထက်ပိုင်း ထက်ဝက်က အေမှာ စာရိုက်နီရေ။ Poem အချစ်အချက်တော် နင့်အတွက် ညစာကို ငါ ချက်ပီးမေနန်း ထိုင်လိုက် ပြီးကေ ချွတ်လိုက် နင့်ဖိနပ်ကို ပြီးကေ ခြီစွပ်ကို ပြီးကေ အရာ နင့်အဝတ်တိကိုပါလေ၊ဒေကရီ*တခွက်သောက် တေးခြင်းဖွင့် ပြီးကေ က အိပ်ကို ပတ်ပနာ၊အတွင်းမှာ အပြင်မှာ၊ အချိန်က ညဥ့် ပြီးကေ အိမ်နားပါးချင်းတိ အိပ်နီကတ်ဗျာလ်၊ယင်းပေါတာတိ ၊ပြီးကေ ကြယ်တိက ထိန်လို့ လင်းနီရေ၊ မီးဖိုကို ငါမီးဖွင့်လိုက်ဗျာလ် နင့်အတွက်၊မွတ်နီစော်ချေ နင့်အတွက်။ The Love Cook *daiquiri ကော့တေးတမျိုး ဖြတ်ထားရေ အရိပ်တိ ငါရို့ရောင်းရေ ဖြတ်ထားရေ အရိပ်တိကို ဝင်လတ်ပနာ ငါရို့ကိုကြည့် နင်ဝယ်လို့ရရေ ဇာချင့်မှာ ဖြတ်ထားရေ အရိပ်ကိုမဆို ပန်းတပွင့်လား ယေမှာ နင်ရဖို့ ဖြတ်ထားရေပန်းတပွင့်မှာ အရိပ်ကို Cut... Read more
နရူဒါပဉှာ (က) August 09, 2021 I ဇာအတွက်နန့် ဧရာမလီပျံတိက သူ့ရို့အချေတိနန့် တူတူမပျံကတ်စော်ရောင်။ ဇာငှက်အဝါက သူ့အသိုက်ကို သံပရာသီးတိနန့် ဖြည့်ထားရောင်။ နီရောင်ကနီ ပျားရည်စုပ်ဖို့ ဇာအတွက်နန့် ဟေလီကော်ပတာတိကို မသင်ပီးကတ်စော်ရောင်။ အေနိညဥ့်ခါ သူ့ဂျုံမှုန့်အိတ်ကို လဇနီက ဇာမှာ ထားပစ်ခရောင်။ Il ငါက သီလားခပြီကေ သီပျာလ်ဆိုစော်ကို မသိကေ အသူ့ကို ငါက အချိန်ကို မီးရဖို့ရောင်။ ပြင်သစ်က ဇာနီရမှာ နွီဦးမှာ အရွက်တိ အများကြီးဟိတတ်ရောင်။ ပျားအလိုက်ခံရရေ မျက်ကန်းတယောက်က ဇာနီရာမှာ နီလီနိုင်ဖို့ရောင်။ အဝါအရောင် ကုန်လားခကေ ဇာချင့်နန့် ငါရို့ ပေါင်မုန့်ဖုတ်ကတ်ဖို့ရောင်။ III ငါ့ချက်ပြော၊ နှင်းဆီက လင်းကြဲလား ယင်းချင့်ကပင် သူ့အဝတ်အစားလား။ သူရို့အမြစ်တိ၏ ခမ်းနားမှုကို ဇာအတွက်နန့် အပင်တိက ဝှက်ထားကတ်စော်ရောင်။ ခိုးလားနီရေ ဂါရီ၏ နောင်တတိကို အသူ ကြားရောင်။ မိုးရီထဲမှာ တန့်နီရေ မီးရထားတစီးထက် ပိုလို့ဝမ်းနည်းစော် ကမ္ဘာမှာ အရာဇာဟိသိရောင်။ IV ကောင်းကင်ဘုံမှာ ဘုရားကျောင်း ဇာနှစ်ကျောင်းဟိရောင်။ မျက်နှာပြောင်ရေ အချက်ပြဥသြကို ဇာအတွက်နန့် ငါးမန်းက မတိုက်ခိုက်ရစော်ရောင်။ မီးခိုးက မိုးရိပ်တိနန့် စကားပြောလာ။ ငါရို့ဆန္ဒတိကို နှင်းရည်လောင်းပီးရဖို့ဆိုစော် ... Read more
Comments
Post a Comment