ဣသကာ
စွန့်စားခန်းတိ၊အသစ်တွိစော်တိနန့်
ပြည့်နီရေ ခရီးရှည်တစ်ခုဖြစ်ဖို့ဆိုစော်ကို
ဣသကာသို့ စလို့ထွက်ကတည်းကပင်
မင်းမျှော်လင့်လို့ထားရဖို့
လူသားစားဘီလူးတိ၊ မျက်တလုံးဘီလူးတိ
ပြီးကေ ရိုင်းရေ ပိုစီဒွင်
ယင်းသူရို့ကို မင်း မကြောက်လီကေ့
မင်း စိတ်ကူးတိကို မြင့်မြင့်ထားနီသမျှ
တွိရခဲရေ စိတ်လှုပ်ယှားမှုက
မင်း စိတ်နန့် ခန္ဓာကို လှုံဆော်နီသမျှ
ယင်းပိုင် သတ္တဝါတိကို
မင်း ခရီးတလျှောက်မှာ တခါလေ့ တွိလီဖို့မဟုတ်
လူသားစား ဘီလူးတိ၊မျက်တလုံးဘီလူးတိ
ပြီးကေ ဒေါသကြီးရေ ပိုစီဒွင်
မင်းစိတ်ထဲမှာ ယင်းသူရို့ကို မယူလာခကေ
မင်းစိတ်က ယင်းသူရို့ကို မင်းရှိမှာ မထားခကေ
ယင်းသူရို့ကို မင်းတွိလီရဖို့စော်မဟုတ်
ခရီးစဉ်က ကြာဖို့ဆိုစော် မျှော်လင့်လို့ရာထား
ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနန့်
မင်း ပထမဆုံး မြင်ဖူးရေ ဆိပ်ကမ်းတိမှာ ကပ်တေ
နွီမိုးထထိ အများကြီး ဟိချင်လေ့ ဟိဖို့
အမိပုလဲ သန္တာ ပယင်း
သစ်မာ ရီမွှီး အမျိုးမျိုး
မင်းနိုင်ဆီ ပစ္စည်းကောင်းတိ ဝယ်ဖို့
ဖီနီသျှန် ကုန်သွယ်စခန်းတိမှာ
ဟပ်ခါလေ့ ဟပ်ရဖို့
ပညာသျှင်ရို့ဘားက အသိပညာ တပုံတပင် ရဖို့
အီဂျစ်မြို့တိ အများကြီးကို ရောက်ချင်လေ့ ရောက်ဖို့
မင်းစိတ်ထဲမှာ ဣသကာ ကို ရက်ပြတ်ထည့်ထား
ယင်းကို ရောက်ဖို့က မင်းမှာ ကံပါလာပြီးသား
ယေလေ့ ခရီးစဉ်မှာ အလျင်တော့ခါ မလိုလီကေ့
နှစ်တိ အများကြီးကြာလီ ပိုလို့ ကောင်းလီပျာလ်
ယေမှ ယင်းကျွန်းကိုရောက်တေခါ
မင်း ရင့်ကျက်နီလီဖို့
လမ်းမှာ ရခသမျှနန့် မင်း ကြွယ်ဝနီလီဖို့
ဣသကာက မင်းကို ချမ်းသာစီဖို့လို့
မမျှော်လင့်ပဲ ဟိလီဖို့
အံ့မဆုံးရေ ခရီး ဣသကာက မင်းကို ပီးခပျာလ်
သူမဟိခကေ မင်းလေ့ ခရီးတောင် စထွက်လာဖြစ်ဖို့မဟုတ်
အခုတော့ခါ ဣသကာမှာ မင်းကိုပီးဖို့
တခုလေ့သော့ မဟိပျာလ်
ဆင်းဆင်းရဲရဲနန့်ရာ ဣသကာကို တွိခကေလေ့
သူက မင်းကို အရူးလုပ်ခစော်တော့မဟုတ်နှန်း
အတွိအကြုံ အပြည့်နန့် မင်း အသိဟိလာခပျာလ်ဆိုခါ အေ ဣသကာတိရေ ဇာကို ဆိုလိုလေ မင်းသဘောပေါက်လာလိမ့်မယ်
Ithaka by CP Cavafy

Comments
Post a Comment