လဘဲလွှာ ဧခြင်း
အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။ မီးခိုးနန့် အဆိပ်သင့်နီရေ အေ အပင်တိအောက်ကို ကြည့်တော်မူပါ။
အားနည်းရေလူတိ အယစ်တိကို ပျော်ရွှင်မှု တချက်ချေ ပီးတော်မူပါ။
အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။
တရက်ပြတ်လုံး သူရို့ ခိုးယူခကတ်၊ ကျိန်ဆဲခကတ်တေ။
ခု ထရံကပ်အိပ်စင်ချေတိမှာ သူရို့လဲနီကတ်၊ သူရို့ ဒဏ်ရာတိကို သူရို့လျက်နီကတ်တေ။
ပြီးကေ ပါရီမြို့ထက်မှာ အမှောင်ထု သိပ်သည်းလာစိုင် ခိုးယူခရေ သူရို့လက်ထိထဲမှာ သူရို့ မျက်နှာတိကို ဝှက်ထားကတ်တေ။
အို ဘုရားသခင် လဘဲလွှာကို ဂရုဏာထားတော်မူပါ။ သင့် ပဉာတ်တော်ကို သူရို့ နိစိုင် လိုက်နာခကတ်တေ။ ဂျုံပင်တိကို ရိတ်သိမ်းခကတ်တေ၊ မြီက ကျောက်မီးသွီးကို ထုတ်ယူခကတ်တေ။
ဇိသျှု မာရိ နာမတော်တိကို ရွတ်ယင်းနန့်
ညီအစ်ကိုချင်းသွီးတိနန့် သူ့ရို့ကို သူရို့ ဘဘုတ်စွတ်အောင် တခါတလီပျင်ခကတ်တေ။
အရက်ဆိုင်တိထဲက သူရို့ ကကျော့ဆူသံတိ ဝှန်တက်နီရေ။
ယေစာက သူရို့၏ သင့်ဂုဏ်တော်ဖွဲ့ပျာ။
မိုင်းတိမှာ၊နှင်းထုမှာ၊ အပူမှာ၊ ကျုပ်တောမှာ၊ ပင်လယ်ရို့ အနက်အယှိုင်းမှာ သူရို့ ပျက်စီးခကတ်တေ။
သူရို့ကိုယ်တိုင်၏ အထက်သို့ သင့်ကို မြင့်တင်ပီးခစော်လေ့ သူရို့ပျာ။
သူရို့လက်တိနန့် သင့်မျက်နှာတော်ကို ထုဆစ်ခကတ်တေ။
ယေနန့် သင့်ကို ယုံကြည်ရေ သာဝကတိကို အရေးတယူလုပ်တော်မူပါ။
သူရို့ကို စားပွဲ ၊အိပ်ရာရို့၏ ပျော်ရွှင်မှုကို ပီးတော်မူပါ။
နာဖျားမှုနန့်အပြစ်ရို့၏ ဒဏ်ရာဒဏ်ချက်တိကို သူရို့ဘားက နှုတ်ယူတော်မူပါ။
သူရို့ကို လွတ်လပ်ခွင့်ပီးပါ၊ သူရို့ကို့ ဆိုဒွန်သို့ ဦးဆောင်ခေါ်ယူပါ။
သူရို့ အိမ်တိကို ပန်းခြံရို့နန့့် အလှဆင်ခွင့် သူရို့ကို ပီးပါ။
ဇာပိုင်ပိုလို့ ပေါ့ပေါ့ပါးပါးနန့် နီရဖို့ သီရဖို့ကို သူရို့ကို သိမြင်ခွင့်ပီးပါ။
အမိုက်ထု။ တိန်းဆိတ်မှု။အဝီးက တံထားတစင်း တေးခြင်းညဉ်းနီရေ။
ကိန်း၏ အပင်တိကိုဖြတ်လို့ လီက စီးဆင်းနီရေ။
ကမ္ဘာကြီး၏နတ္ထိဖြစ်မှုကို လူသားမျိုးနွယ်ကို
လဘဲလွှာကို ဂရုဏာတော်၊ ဂရုဏာတော်မဟိ။
BalladofLevalloisbyCzeslawMilosz လဘေလဝါ လို့ အသံပိုတူဖို့

Comments
Post a Comment