ပရိုမီးသီးယပ်စ်
ပရိုမီးသီးယပ်စ် နီရာကျယ်ရေ မင်း နတ်ပြည်တိကို မြူမိုးရိပ်တိနန့် ဖုံးထားလီပါဝေ ဇီယု။ သစ္စတယ်ပန်းခေါင်းတိကို ဖဲ့နီရေ အချေပိုင် ဝက်သစ်ချပင်တိ၊ တောင်ထိပ်တိနန့်ရာ ခြီနီလီပါဝေ။ ယေလေ့ အကောင်းဟိနီသိရေ ငါ့ကမ္ဘာကို မင်းချန်ထား၊ မင်း မဆောက်ခရေ ငါ့အိမ်ကုပ်ချေကို မင်းချန်ထား၊ ငါ့ မီးလင်းဖိုချေကို ငါ့အတွက် မင်းချန်ထား၊ ယင်းမီးဖိုက ကြင်နာတတ်တေ မီအလင်းကို မင်းမနာလိုခစော်လေ။ မင်းရို့ နတ်တိလောက် သနားဖို့ကောင်းစော် တယောက်လေ့ မဟိမှန်း ငါသိရေ။ မင်းရို့က ယဇ်ပူဇော်စော်တိ ကတိခံ ဆုတောင်းစော်တိနန့် မင်းရို့သခင်ကို အာဟာရဖြည့်ပီးကတ်တေ။ အချေတိနန့် သတောင်းစားတိကရာ ယုံလွယ်ရေ အရူးတိမဟုတ်ခကေ မင်းရို့ ငတ်လို့ဟိလီကတ်ဖို့။ အချေခါ၊ဘဝအကြောင်းမသိသိခါ လမ်းသလားနီရေ ငါ့အကြည့်ကို နီဘားသို့လှည့်ခဖူးရေ၊ ငါ့ကျွီးငိုသံတိကို ကြားရေ နားတဘက် ငါ့နှလုံးသားပိုင် ဖိစီးမှုတိကို ထောက်ထားခံစားနိုင်ရေ နှလုံးသားတခု သူနန့် တူတူ ဟိလီဖို့ဆိုရေအထင်နန့်လေ။ တိုင်တန်တိမိုက်ရိုင်းမှုကနီ ငါ့ကို အသူ ကူညီခလေ။ သေချာရေ သီခြင်းနန့် ကျွန်လုပ်ခံရစော်ကနီ ငါ့ကို အသူ ကယ်ခလေ။ အဝေ လင်းနီထိန်နီရေ မြင့်မြတ်တေ ငါ့နှလုံးသား အေချင့်တိအားလုံးကို မင်းဖာသာမင်းရာ လုပ်ခရစော်မလား၊ ငယ်ငယ်ရွယ်ရွယ် ကောင်းကောင်းမွန်မွန်နန့် အလင်းဆုံး အထိန်ဆုံးခါက ယင်းအိပ်နီရေ တယောက်ကိုကျေးဇူးတင်ဖို့ အဝါခံရဖူးရေမလား။ ငါက မင်းကို ဂုဏ်ပြုရဖို့၊ဇာကျေးဇူးနန့်လဲ။ အလီးစီးနီရေ ဝမ်းနည်းမှုတိကို မင်း ပေါ့အောင် ပျင်ပီးဖူးခလာ။ ဒုက္ခအပူ မျက်ရည်တိကို မင်း ခြောက်အောင်ပျင်ပီးဖူးခလာ။ ငါ့ကို လူတယောက်ဖြစ်အောင် ပုံထုတ်ခစော်က အနန္တတန်ခိုးသျှင် အချိန်နန့် ထာဝရ ကံတရားရာ မလား၊ မင်းနန့် ငါ့မှာ သခင်တိက သူရို့ရာမလား ။ ပန်းပွင့်နီရေ ငါ့အိမ်မက်တိ အားလုံး မမှည့်လာခလို့ ကန္တာရတိကို ပျံလားလီဖို့ ဘဝကို ငါ မုန်းတတ်လာလီဖို့လို့ မင်းစိတ်ကူးယဥ်နီလီလာ။ အေမှာ ငါထိုင်နီရေ ငါ့ပုံကိုယူပနာ သီမျိုးတိကို လုပ်နီရေ၊ ငါနန့်တူရေ လူမျိုးတမျိုးကို လုပ်နီရေ ဒဏ်ခံဖို့ ကျွီးငိုဖို့ ခြီဖို့ ဝမ်းသာဖို့ ပြီးကေ မင်းကို မုန်းဖို့ ငါ့ပိုင်။ Prometheus by Wolfgang von Goethe
Comments
Post a Comment