ဂရိကျောက်အိုး သာခြင်း

 မင်း၊ အဖျက်ဆီးမခံရသိရေ ငြိမ်ဆိတ်စော်မှာ သမီးသျှင်။

မင်း၊ တိန်းနီစော်နန့် ကြာရေအချိန်မှာ မွီးစပ်အချေ၊

ပန်းပွင့်ဝီဝီဆာဆာနန့် ဒဏ္ဍာရီကို

ငါရို့ ကာရန်တိထက် ပိုလို့ချိုသာအောင်

အေမျိုးပြောဖို့တတ်တေ ကျွန်းသမိုင်းဆရာ။

တမ်ပိမှာလာ၊အာကာဒီက လျှိုတိမှာလာ

နတ်တိလား၊လူသားတိလား၊နှစ်မျိုးလုံးလား

ယင်းချင့်တိဟိနီရေ မင်းသဏ္ဍာန်မှာ ဝဲနီစော်က

အရွက်တဝီဝီနန့် ဇာဒဏ္ဍာရီလေ

အေချင့်တိက ဇာလူ ဇာနတ်တိလဲ

ထွက်ပြီးနီစော် ဇာမိန်းမအချေလေ

ဇာ အရူးပိုင်းလိုက်ဖမ်းနီစော်လေ 

ဇာ လွတ်အောင် ရုန်းနီစော်လေ

ဇာ ပလွီ ဇာတံပိုးတိလဲ၊ဇာစိတ်ရူးရိုင်းလဲ။


ကြားရရေ တေးခြင်းတိက ချိုရေ၊

ယေလေ့ မကြားရရေ တေးခြင်းတိက ပိုလို့ပင် ချိုသိယင်။

ယေနန့် အဝေး နုညံ့ရေ ပလွီတိ၊ ဆက်လို့ရာ မှုတ်ကတ်၊

ကြားရရေ နားတိအတွက် မဟုတ်ပဲနန့် ယင်းထက်ပိုလို့ ချစ်ဖို့ကောင်းစော်အတွက်

အသံမပါရေ မြူးမြူးကြွကြွတေးခြင်းတိကို မှုတ်ကတ်။

အပင်တိအောက်က အဝေ လူပျိုနုလှချေ 

မင်း တေးခြင်းကို မင်းထားခလို့ရလီဖို့ မဟုတ်ဗျာလ်

ယင်းအပင်တိလေ့ တခါလေ့ အရွက်ကြွီလီဖို့က မဟုတ်ဗျာလ်။

အဝေ ဝံ့စားရေ ချစ်သူ၊ ပန်းဖူးကို ပေါက်ဖို့ပါးခါမှ

တခါလေ့ တခါလေ့ မင်း နမ်းလီရဖို့မဟုတ်ဗျာလ်၊

ယေလေ့ ဝမ်းနည်းလို့တော့မနီလီပါကေ့

မင်း ပျော်ရွှင်မှုကို မရခကေလေ့ ယင်းမချေက ပျောက်လီဖို့ကမဟုတ်ဗျာလ်၊

မင်းက ထာဝရ ချစ်နီလီရဖို့၊ ယင်းမချေလေ့ ရက်ပြတ် လှလို့နုလို့ရာဟိနီလီဖို့စော်ဗျာလ်။


အိုး ပျော်နီ ပျော်နီကတ်တေ အပင်အကိုင်းတိ၊

မင်းရို့ အရွက်တိက ကြွီလီဖို့ မဟုတ်ဗျာလ်၊

နွီဦးကိုလေ့ သာလီစွပါလို့ တခါလေ့ နှုတ်ဆက်လီရဖို့က မဟုတ်ဗျာလ်။

မပန်းမညောင်းရေ ပျော်နီရေ တေးခြင်းဆရာလေ့

ရက်ပြတ်သစ်နီရေ တေးခြင်းတိကို ရက်ပြတ်မှုတ်နီလီရဖို့ဗျာလ်။

ပိုလို့ ပျော်ရေ အချစ်၊ ပိုလို့ ပျော်ရေ ပျော်နီရေ အချစ်။

ရက်ပြတ် နွီးပနာ ခြီဖို့ကောင်းတုန်း

ရက်ပြတ် ရင်ဖိုပနာ ရက်ပြတ် နုပျိုလို့။

ချစ်ချစ်ပူနီရေ နဖူးတဖူး၊ခြောက်ကွဲနီရေ လျှာတလျှာ

ကောင်းကောင်းဝမ်းနည်းတတ်ပနာ 

ညီးကျကောင်းထမန့်  နှလုံးသားတခုကို ထားပစ်ခရေ

ရှင်နီရေ လူ့ရမ္မက်အားလုံး အထက်မှာ။


ပူဇော်ပွဲကို လာနီကတ်တေ အေလူတိက အသူရို့လဲ။

အဝေ လျို့ဝှက်ရေ ဘုန်းကြီး

သူ့ပိုးသားဘေးနှစ်ဘက်ကို ပန်းတိ အလှဆင်ပနာ

အာကာကို ကြည့်လို့ အော်နီရေ နွားအမြုံမကို

ဇာ ပလ္လင် အစိမ်းတို့ ခေါ်လားနီစော်လေ။

မြစ်ဘေးနားက၊ ပင်လယ်ကမ်းနားက

မဟုတ်တာ့ ငြိမ်းငြိမ်းချမ်းချမ်း ရဲတိုက်ဆောက်ထားရေ တောင်ထက်က ဇာမြို့ချေလေချင့်၊

အေဘုရားရေးတရားရေးမိုးထမှာ အေလူတိမဟိပဲနန့်

ဟင်းလီဟင်းလင်းဖြစ်နီလီဖို့စော်။

အဝေ မြို့ချေ

မင်းလမ်းတိက နောက်ခါ ရက်ပြတ် တိန်းလို့ ဆိတ်လို့ ဟိနီလီဖို့ဗျာလ်။

ဇာအတွက်နန့်  မင်းက လူမဟိသျှင်မဟိဖြစ်နီရလေ ဆိုစော်ကို

ပြောပြဖို့လူလေ့ တယောက်လေ့ ဟိလီဖို့မဟုတ်ဗျာလ်၊

ပြန်လာဖို့လူလေ့ ဟိလီဖို့က မဟုတ်ဗျာလ်။


အဝေ ဂန္ထဝင်သဏ္ဍာန်၊ မျှတရေ စိတ်ထား၊

အလွန်အကျွန်ပျော်နီရွှင်နီကတ်တေ 

ကျောက်သားယောကျ်ားတိ၊ကျောက်သားမိန်းမချေတိ တကျိုင်နန့်

တောအုပ်၊အပင်အခက်တိနန့် အနင်းခံထားရရေ ပေါင်းပင်တိနန့်။

နိစ္စတရားပိုင် ငါရို့ စိတ်ကူးတိကို မြူရေ တိန်းဆိတ်ရေ ပုံစံနန့် မင်း။

အေမျိုးဆက်က ဇ ဇရာမှာ ပြုန်းကတ်တေခါ

ငါရို့ ရန်သူတိထက်များရေ အရာ ရန်သူတိကြားမှာ မင်း ဆက်လို့ဟိနီလီဖို့

လူတိမှာ မိတ်ဆွေ မင်းက  ယင်းလူတိကို ပြောရေ

"အလှက သစ္စာ၊ သစ္စာစော် အလှ

ကမ္ဘာမှာ မင်းရို့သိသမျှ သိဖို့လိုသမျှက

ယင်းချင့်ဗျာလ်။"


Ode on A Grecian Urn John Keats

Comments

Popular posts from this blog

ရွင် ပတ်ဂျတ် ကဗျာတိ ၂

နရူဒါပဉှာ (က)